Unicode version…
(Jaguar)၏ နာမည်ကျော် (F-Type Sport Car)တွင် စွမ်းအင်မြင့်မားပြီး ဆီစားနှုန်းသက်သာသည့် (New 4 – Cylinder Engine)အမျိုးအစားအား မကြာမီက ဖြည့်စွက်ထည့်သွင်းလိုက်ပါသည်။ အဆိုပါ (Engine) သည် (Optional) ဖြစ်ပြီး ၄င်းတွင် (296 hp)ပါရှိသည့်အတွက် စွမ်းအားမြင့် အင်ဂျင်ဟု သတ်မှတ်ရနိုင် မည်ဖြစ်ပါသည်။ထို့အပြင် အဆိုပါ (4 – Cylinder Engine) သုံး (F – Type)သည် ၄င်း၏ အခြားသော (Version) များထက် စျေးသက်သာမည်ဟု ယူဆမိပါက မှန်မည်မဟုတ်ပါ။ ( 4 – Cylinder F – Type) ၏ (MSRP) စျေးနှုန်းသည် (US$ 59400)ဖြစ်၍ ၄င်း၏ (V6 Engine)၊ (340hp)ထက် (US$ 1500)ခန့်သာလျော့နည်းမည်ဖြစ်ပါသည်။ အဆိုပါစျေးနှုန်းသည် (Jaguar F – Type) ၏ အနေအထား၌ သင့်တော်မည်ဖြစ်သော်လည်း အခြားသော (I4 Engine) စနစ်သုံးပြိုင်ကားများဖြစ်ကြသည့် (Chev Spark) နှင့် (Chev Sonic)တို့၏ (MSRP) စျေးနှုန်းများထက် (25%)ခန့် ပိုစျေးမြင့်သည်ကို တွေ့မြင်ရပါ သည်။
(Jaguar F – Type) သည် ပုံမှန်အားဖြင့် စျေးနှုန်းမြင့်မားသည့် ပြိုင်ကားအမျိုးအစားဖြစ်ပြီး ၄င်း၏ မြင့်မားသောစွမ်းဆောင်ရည် /လှပဆန်းသစ်သည့်ဒီဇိုင်း/နည်းပညာသုံးပါ၀င်မှုများစုံလင်စွာထည့်သွင်းထား ခြင်း စသည့်အချက်များအပြင် ၄င်း၏ကိုယ်ထည်အား(အလူမီနီယံသတ္တု)ဖြင့် အဓိကဖန်တီးထားသည့် အတွက် အထူးပေါ့ပါးကာ ကြာရှည်ခံနိုင်ခြင်းတို့ကြောင့် တန်းမြင့်ပြိုင်ကားအနေဖြင့် စျေးနှုန်းကြီးမြင့်ရခြင်း ဖြစ်ပါသည်။၄င်း၏အင်ဂျင်စနစ်များ ဖြစ်ကြသည့် (V 6 Engine) (V 8 Engine)နှင့် ယခုထပ်မံထည့်သွင်း ထားသည့် ( 4 – Cylinder Engine) စနစ်များတွင် စွမ်းအားမြင့် မြင်းကောင်ရေများ ပါ၀င်ခြင်း / အဆင့်မြင့် နည်းပညာများအသုံးပြုထားခြင်းနှင့် (Aluminum Engine Block) များဖြင့် ဖန်တီးထားခြင်းတို့သည် ကြာရှည်ခံအသုံးပြုနိုင်မည့်အပြင် (High Performance)ကိုလည်း ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။စျေးနှုန်း ကြီးမြင့်မှုအရဆိုပါက (F-Type)တွင် (Optional) အနေဖြင့် မှာယူရရှိနိုင်သည့် (V 6 S Engine) အမျိုးအစားသုံးကားအား (US$ 79000)ခန့် ကျသင့်သည်ကို လေ့လာတွေ့ရှိရပါသည်။
Zawgyi version…
(Jaguar F – Type) သည် ပုံမှန်အားဖြင့် ဈေးနှုန်းမြင့်မားသည့် ပြိုင်ကားအမျိုးအစားဖြစ်ပြီး ၄င်း၏ မြင့်မားသောစွမ်းဆောင်ရည် /လှပဆန်းသစ်သည့်ဒီဇိုင်း/နည်းပညာသုံးပါဝင်မှုများစုံလင်စွာထည့်သွင်းထား ခြင်း စသည့်အချက်များအပြင် ၄င်း၏ကိုယ်ထည်အား(အလူမီနီယံသတ္တု)ဖြင့် အဓိကဖန်တီးထားသည့် အတွက် အထူးပေါ့ပါးကာ ကြာရှည်ခံနိုင်ခြင်းတို့ကြောင့် တန်းမြင့်ပြိုင်ကားအနေဖြင့် ဈေးနှုန်းကြီးမြင့်ရခြင်း ဖြစ်ပါသည်။၎င်း၏အင်ဂျင်စနစ်များ ဖြစ်ကြသည့် (V 6 Engine) (V 8 Engine)နှင့် ယခုထပ်မံထည့်သွင်း ထားသည့် ( 4 – Cylinder Engine) စနစ်များတွင် စွမ်းအားမြင့် မြင်းကောင်ရေများ ပါဝင်ခြင်း / အဆင့်မြင့် နည်းပညာများအသုံးပြုထားခြင်းနှင့် (Aluminum Engine Block) များဖြင့် ဖန်တီးထားခြင်းတို့သည် ကြာရှည်ခံအသုံးပြုနိုင်မည့်အပြင် (High Performance)ကိုလည်း ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။ဈေးနှုန်း ကြီးမြင့်မှုအရဆိုပါက (F-Type)တွင် (Optional) အနေဖြင့် မှာယူရရှိနိုင်သည့် (V 6 S Engine) အမျိုးအစားသုံးကားအား (US$ 79000)ခန့် ကျသင့်သည်ကို လေ့လာတွေ့ရှိရပါသည်။