Alpine သည် အနာဂတ်အတွက် ခြေလှမ်းသစ်အနေဖြင့် A4 810 Concept အား မိတ်ဆက်ပြီး၎င်းအား Hydrogen – Powered အသုံးပြုသည့် Supercar အနေဖြင့် 2035 တွင် ထုတ်လုပ်မည်ဖြစ်သည်။ Alpine A4 810 ၏ Design အား အီတလီ ၊ Turin ရှိ European Institute of Design မှ ကျောင်းသားများမှ ဒီဇိုင်းဖန်တီး ခြင်းဖြစ်ကာ Alpine နှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ ပြင်သစ်အခြေစိုက် Sport Car Brand ဖြစ်သည့် Alpine နှင့် ၎င်း၏ မိခင် Brand ဖြစ်သည့် Renault တို့သည် Hydrogen Power ကို များစွာ စိတ်ဝင်စားကြကာ Renault သည် Hydrogen စွမ်းအင်သုံး Concept Car ကို မိတ်ဆက်ထားပါသည်။ Alpine A4 810 အား Super Berlinette ဟု IED မှ သတ်မှတ်ထားပြီး Aerodynamic အခင်းအကျင်းများကိုလည်း Formula One မှ မှီငြမ်းထားပါသည်။
ကား၏ ဒီဇိုင်းနှင့် အခင်းအကျင်းသည် အလွန်ခေတ်ရှေ့ပြေးသည့် ပုံစံရှိကာ ကြီးမားသည့် Front Splitter အပါအဝင် ဘီးများအထိ ဖုံးလွှမ်းထားသည့် Bodywork နှင့် ဝံ့ကြွားသည့် Ducts and Vents များစွာလည်း ပါဝင်ပါသည်။ Firm Allo မှ ဖန်တီးသည့် Quad Headlight နှင့် အတူ အီတလီအလံကိုလည်း Front Wing တွင် တပ်ဆင်ထားပါသည်။ ၎င်းတွင် Hydrogen > Fuel Call Powering EV Meters များပါဝင်မည်ဖြစ်သည်။ ကားသည် အလျားအနေဖြင့် ( 509 / mm ) အထိ ရှည်လျားသည့် A4 810 Supercar အား Performance – focused Concept အနေဖြင့်သာမက ဟိုက်ဒရိုဂျင်စွမ်းအင်သုံး Supercar အခင်းအကျင်းဖြင့် ဖန်တီးထားပါသည်။ Renault နှင့် Alpine သည် Lotus Brand နှင့် ပူးပေါင်းပြီး New EV Sport Car Platform အသစ်ကိုလည်း ဖန်တီးမည်ဖြစ်သည်။