Audi RS e-tron GT သည် Audi ၏ အသစ်ထွက်ရှိမည့် High-Performance EV Sedan ဖြစ်သည်။ ၎င်းတွင် AWD System နှင့်အတူ (637 hp output ) ထွက်ရှိသည့် လျှပ်စစ်မော်တာ (၂)ခု ပါဝင်မည်ဖြစ်ပြီး ( 0 to 60 mph ) အား ( 3.6 Seconds ) ဖြင့် အမြန်ဆုံး ရောက်ရှိနိုင်သည့် စွမ်းဆောင်ရည်လည်း ပါဝင်သည်။ ၎င်းသည် Audi ၏ ပထမဆုံးထုတ်သည့် EV RS Model ဖြစ်သည်။ လျှပ်စစ်မော်တာ (၂)လုံးကို ကားအရှေ့ဖက်နှင့် အနောက်ဖက်တွင် (၁) လုံးစီ တပ်ဆင် ထားပါသည်။ GT Model များတွင် ပါဝင်လေ့ရှိသည့် Adaptive Dumper ပေါင်းစပ်ထား သည့် Air Suspension စနစ်လည်း ထည့်သွင်းထားပါသည်။ လျှပ်စစ်စွမ်းအင် အတွက် ( 93.4 kWh Battery Pack ) ပါဝင်မည်ဖြစ်ကာ Battery ကို ကားအတွက်မျှခြေ ဖြစ်စေရန် Center of Gravity ပုံစံဖြင့် ခင်းကျင်းထားမည်။ Audi သည် Taycon နှင့် e-Tron GT တို့ကို တူညီသည့် Platform ဖြင့် ဖန်တီးထားသည့် အပြင် Audi နှင့် Porsche တို့ပူးပေါင်းပြီး Developed ပြုလုပ်ထားခြင်းလည်းဖြစ်သည်။ သို့သော် Motor ၊ Chassis ၊ Steering ၊ Suspension တို့ကို သီးခြားဖန်တီးကြပါသည်။ RS e-tron GT တွင် Taycan ကဲ့သို့ ( 800-volt DC Fast – charger ) ပါဝင်ပြီး ( Up to 270 kW ) အထိ အသုံးပြုနိုင်သည်။ Rear-Motor နှင့် 2-Speed Gearbox တို့ကိုလည်း Model (၂) မျိုးလုံးတွင် တွေ့ရမည်ဖြစ်သည်။ RS e-tron GT တွင် Sporty Features များအနေဖြင့် – Carbon Fiber Creamic Disc Brake ၊ Sport Accents တို့ ပါဝင်မည်ဖြစ်သည်။ Audi သည် RS e-tron GT အား U.S.A သို့ 2021 နွေရာသီတွင် စတင်ရောင်းချမည်ဖြစ်သည်။ Concept Model ကို 2018 LA Auto Show တွင် မိတ်ဆက်ပြသခဲ့သည်။