(New BMW M460 Lix Drive)သည် (BMW) (7-Series)တွင် အကောင်းဆုံး (Version) ဖြစ်ပါသည်။ ၎င်းသည်ကာလကြာရှည်စွာ (Order)တင်ရသည့် ကားဖြစ်ပြီး (7-Series)များတွင် စွမ်းအားအမြင့်ဆုံးဖြစ်သည့် ( 6 6 L Twin-turbocharged V12 Engine)အားတပ်ဆင်ထားပြီးအဆိုပါ အင်ဂျင်သည် (Rolls-Royce V-12)နှင့် တူညီပါသည်။
(BMW)၏ ( V-12)အင်ဂျင်များအား (1986)ခုနှစ်တွင် စတင်တီထွင်နိုင်ခဲ့ပြီး (1988)ခုနှစ်တွင် အင်ဂျင်နှင့် အရေးကြီးသည့် (Torque)များအားချောမွေ့စွာအသုံးပြုနိုင်ရန် ဖန်တီးနိုင်ခဲ့ပါသည်။ ယခု (2016 M 760 Li x Drive)တွင် (AWD System)နှင့် (Rear wheel steering)စနစ်သုံးကား ဖြစ်ပြီးယာဉ်မောင်းနှင်မှုတစ်ခုလုံး၏ (Dynamic parmeters analyze)အား (Onboard System)ဖြင့် ထိန်းချုပ်ထား၍ လွယ်ကူစွာအသုံးပြုနိုင်ပါသည်။
(M)သည် (BMW)၏ (Ultra luxurious Version)ဖြစ်ပြီးအဓိကအားဖြင့် (Sport-oriented car)များအဖြင့် ထင်ရှားပါသည်။ (M Version)တွင် ယာဉ်၏ (Engine Tuning / Exhaust/ Suspension/ Steering)စသည့် အစိတ်အပိုင်းများအားပုံမှန်ကားများထက် အရည်အသွေးမြှင့်တင် ထုတ်လုပ်ထားပြီးကားကိုယ်ထည်ကိုလည်း (Aerodynamic Body)ပုံစံဖြင့် ဖန်တီးထား၍ စွမ်းဆောင်ရည်အထူးကောင်းမွန်မှု ရှိသည်ကိုတွေ့ရပါသည်။ (M 760 Lix Drive)၏ အင်ဂျင်သည် (610 hp)ဖြစ်၍ ( 0 to 60 mph)အား (3.6 Seconds)ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပြီး ၎င်း၏ (Top Speed)သည် (155 mph-U.S Market)ခန့်ရှိပါသည်။ ၎င်းသည် (1550 rpm)နှင့် (590 lb-ft of torque)ဖြစ်ပါသည်။
၎င်း၏ အတွင်းခန်းအား ကျယ်ဝန်းသပ်ရပ်စွာ ဖန်တီးထားပြီးအထူးအားဖြင့် (Exquisite Diamond-patterned stitching upholstery)ဖြင့် ဖန်တီးထားပါသည်။ (M760 Lix Drive)အား (U.S Market)တွင် (U.S $ 153800)ခန့်ဖြင့် စတင်ရောင်းချမည် ဖြစ်ပါသည်။