ဗြိတိသျှတို့၏ Iconic Automaker ဖြစ်သည့် Land Rover သည် တီထွင်ဖန်တီးမှုများစွာအား အစဉ်အမြဲ ကြိုးစားကြံဆသည့် Brand ဖြစ်ပြီး ၄င်းသည် ယာဉ်/အသုံးပြုသူ/ပတ်ဝန်းကျင် စသည်တို့ အတွက် များစွာအထောက်အကူပြုသည့် နည်းပညာများတီထွင်မှုတွင် များစွာထင်ရှားပါသည်။ ၄င်း၏ စိတ်ဝင်စားဖွယ်ရာ တီထွင်မှုများစွာအနက် Luxury Package တွင်ပါဝင်သည့် In Control စနစ်သည် အဆင့်မြင့် Vehicle’s Information Hub ပင်ဖြစ်ပါသည်။ ၄င်းအား ဆန်းသစ်သည့် ဒီဇိုင်းဖြင့် ဖန်တီးထား ပြီး Tablet များကဲ့သို့ အလွန်လျှင်မြန်စွာ အသုံးပြုနိုင်မည့် Super – fast Processor အားထည့်သွင်းထား ပါ သည်။In Control တွင် ကား၏ Trim Level များအပေါ်မူတည်ကာ မျိုးကွဲပေါင်းများစွာကို ရရှိနိုင်မည် ဖြစ်ပါသည်။
အဆိုပါစနစ်သည် 10.2 – inch Touch screen တွင် အဓိကအသုံးပြုနိုင်မည်ဖြစ်ပြီး ရာသီဥတုချိန်ညှိ ပေးခြင်း၊ Park Assist ကဲ့သို့စနစ်များအား အသုံးပြုနိုင်ခြင်း အစရှိသည့်များစွာသော Customization များကို စိတ်ကြိုက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အဆိုပါစနစ်နှင့် လက်ကိုင်ဖုန်းအား တစ်ကြိမ်မျှ တွဲဖက် ထားရုံဖြင့် ၄င်း၏(Touch screen / Voice recognition) တို့ကိုအသုံးပြု၍ User ၏ အရေးပါသည့် ဖျော်ဖြေရေး၊ မှတ်သားမှုစသည့် လုပ်ဆောင်ချက်များအား ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။အလားတူ In Control’s Navigation ကို အသုံးပြု၍ လမ်းကြောင်းပြစနစ်များအား 2D / 3D Views များဖြင့် မြင်တွေ့နိုင် မည်ဖြစ်ပါသည်။ In Control စနစ်အား Land Rover ၏ Remote and Protect App ဖြင့်ချိတ်ဆက် အသုံးပြု နိုင်မည်ဖြစ်ပြီး ၄င်းတွင် တံခါးလော့များစစ်ဆေးခြင်း၊ Travel Light စနစ်ကို ပြုလုပ်ခြင်းစသည့်လုပ်ဆောင်မှု များစွာကို ဆောင်ရွက်နိုင်မည့်အပြင် ၄င်း App တွင် 3G Hotspot ထောက်ပံ့ထားသည့် Device (၈)ခုလည်း ပါဝင်မည်ဖြစ်ပါသည်။

12 Jul 2017
0