Unicode version…

ဗြိတိန်ရှိ Society of Motor Manufacturers and Traders (SMMT) ၏စစ်တမ်းများအရ ကားသစ်များတွင်ပါဝင်သော ယာဉ်မောင်း အထောက်အကူပြုစနစ်များကြောင့် ကားသစ်များ၏လုံခြုံရေးမှာ ယခင်ကထက်ပိုမိုတိုးတက်မှုရှိလာကြောင်း သိရသည်။ လက်ရှိ ကား သစ်များတွင် အသုံးပြုထားသော နည်းပညာများကြောင့် ယာဉ်မောင်း၏အမှားနှင့် ယာဉ်မတော်တဆဖြစ်မှုများကို လျှော့ချ လာနိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ စစ်တမ်းအဆိုအရ ကားသစ် ၁.၈ ကိုလေ့လာခဲ့ရာတွင် collision warning systems ကြောင့် ယခင်နှစ်က ထက်ယာဉ်တိုက်မှု ၂၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့သည်။ထို့အပြင် Parking assistance technology, cameras and sensors များကို ကားသစ် ၅၉ရာခိုင်နှုန်းတွင် Standard သို့မဟုတ် Option အနေဖြင့်ပါဝင်ပြီး adaptive cruise control ကဲ့သို့သော နည်းပညာက လည်း ၃၆ ရာခိုင်နှုန်းသော ကားများ၏အရှိန်ကိုအလိုအလျောက်ထိန်းချုပ်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။ လက်ရှိ တိုးတက်လာ သော နည်းပညာများကြောင့် ယခင် ၅ နှစ်ကထက် ယာဉ်မတော်တဆမှုနှုန်း ၁၀ ရာခိုင်နှုန်းအထိလျော့ကျ သွားခဲ့ကြောင်းလည်း (SMMT) မှထုတ်ပြန်သွားခဲ့သည်။ SMMT chief executive ဖြစ်သူ Mike Hawes က “ လုံခြုံရေးက မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ် ငန်းတိုင်းရဲ့ အဓိကဦးစားပေးဖြစ်ပါတယ်။ နည်းပညာတိုးတက်မှုက အရင်ကထက်ပိုပြီး တိုးတက်ပြောင်းလဲလာပါတယ်။ ယာဉ်မောင်းကို အထောက်အကူပြုတဲ့ စနစ်တွေက လက်ရှိကားသစ်တွေမှာ အဓိကပါဝင်မှုအနေနဲ့ ရှိလာခဲ့ပါပြီ။ အလုံးစုံ မောင်းသူမဲ့ယာဉ်တွေ ထုတ်ဖို့ တော့ ကြိုးစားနေကြဆဲပါ။ဒါပေမဲ့ သန်းနဲ့ချီတဲ့ စားသုံးသူတွေဟာ ကျွန်တော်တို့ရဲ့ လမ်းတွေ ဘေးကင်းဖို့အတွက် အကူအညီပေးနိုင်တဲ့ အသစ်အသစ်သောနည်းပညာတွေရဲ့ အကျိုးကျေးဇူးကို ရရှိခံစားနေကြရပြီဖြစ်ပါတယ် “ဟု ဆိုသည်။

Zawgyi version…

ျဗိတိန္ရွိ  Society of Motor Manufacturers and Traders (SMMT) ၏စစ္တမ္းမ်ားအရ ကားသစ္မ်ားတြင္ပါဝင္ေသာ ယာဥ္ေမာင္း အေထာက္အကူျပဳစနစ္မ်ားေၾကာင့္ ကားသစ္မ်ား၏လုံျခဳံေရးမွာ ယခင္ကထက္ပုိမုိတုိးတက္မွဳရွိလာေၾကာင္း သိရသည္။ လက္ရွိ ကား သစ္မ်ားတြင္ အသုံးျပဳထားေသာ နည္းပညာမ်ားေၾကာင့္ ယာဥ္ေမာင္း၏အမွားႏွင့္ ယာဥ္မေတာ္တဆျဖစ္မွဳမ်ားကုိ ေလွ်ာ့ခ် လာႏိုင္ ခဲ့ျပီ ျဖစ္ေၾကာင္း သိရသည္။ စစ္တမ္းအဆုိအရ ကားသစ္ ၁.၈ ကုိေလ့လာခဲ့ရာတြင္ collision warning systems ေၾကာင့္ ယခင္ႏွစ္က ထက္ယာဥ္တုိက္မွဳ ၂၀ ရာခုိင္ႏွဳန္းကုိ ေလွ်ာ့ခ်ႏိုင္ခဲ့သည္။ထုိ႔အျပင္ Parking assistance technology, cameras and sensors မ်ားကုိ ကားသစ္ ၅၉ရာခုိင္ႏွဳန္းတြင္ Standard သို႕မဟုတ္ Option အေနျဖင့္ပါဝင္ျပီး adaptive cruise control ကဲ့သုိ႕ေသာ နည္းပညာက လည္း ၃၆ ရာခုိင္ႏွဳန္းေသာ ကားမ်ား၏အရွိန္ကုိအလုိအေလ်ာက္ထိန္းခ်ဳပ္ေပးႏိုင္ခဲ့ေၾကာင္းလည္း  သိရသည္။ လက္ရွိ တုိးတက္လာ ေသာ နည္းပညာမ်ားေၾကာင့္ ယခင္ ၅ ႏွစ္ကထက္ ယာဥ္မေတာ္တဆမွဳႏွဳန္း ၁၀ ရာခုိင္ႏွဳန္းအထိေလ်ာ့က် သြားခဲ့ေၾကာင္းလည္း (SMMT) မွထုတ္ျပန္သြားခဲ့သည္။ SMMT chief executive ျဖစ္သူ Mike Hawes က “ လုံျခဳံေရးက ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးလုပ္ ငန္းတုိင္းရဲ႕ အဓိကဦးစားေပးျဖစ္ပါတယ္။ နည္းပညာတုိးတက္မွဳက အရင္ကထက္ပုိျပီး တုိးတက္ေျပာင္းလဲလာပါတယ္။ ယာဥ္ေမာင္းကုိ အေထာက္အကူျပဳတဲ့ စနစ္ေတြက လက္ရွိကားသစ္ေတြမွာ အဓိကပါဝင္မွဳအေနနဲ႕ ရွိလာခဲ့ပါျပီ။ အလုံးစုံ ေမာင္းသူမဲ့ယာဥ္ေတြ ထုတ္ဖုိ႔ ေတာ့ ၾကိဳးစားေနၾကဆဲပါ။ဒါေပမဲ့ သန္းနဲ႕ခ်ီတဲ့ စားသုံးသူေတြဟာ ကြ်န္ေတာ္တုိ႔ရဲ႕ လမ္းေတြ ေဘးကင္းဖုိ႔အတြက္ အကူအညီေပးႏိုင္တဲ့ အသစ္အသစ္ေသာနည္းပညာေတြရဲ႕ အက်ိဳးေက်းဇူးကုိ ရရွိခံစားေနၾကရျပီျဖစ္ပါတယ္ “ဟု ဆုိသည္။