Toyota U.S.A တွင်ထင်ရှားသည့် Highlander SUV သည် အင်ဂျင်အသစ် ၊ Update Features ၊ တို့ဖြင့် 2023 Highlander အားပွဲထုတ်လိုက်ပါသည်။ 2023 Highlander တွင် New 2.4 L Turbo I4 Engine ၊ ( 265 hp ) အင်ဂျင်ပါဝင်မည်ဖြစ်ပြီး 8-Speed Autogear နှင့် တွဲဖက်ထားပါသည်။ အဆိုပါ အင်ဂျင်အား Lexus NX 350 တွင် အသုံးပြုထားပြီး NX 350 အင်ဂျင်၏ Power Output သည် ( 275 hp ) ဖြစ်ပါသည်။ 2023 Highlander တွင် ( ရှေ့ဘီးယက် ) သို့မဟုတ် AWD ပုံစံ ( ၂ ) မျိုး ပါဝင်မည်ဖြစ်ပြီး Towing Capacity သည် 5000lbs ဖြစ်ပါမည်။ 2023 Highlander Hybrid Version ၏ Powertrain သည်ယခင် 2022 Model နှင့် တူညီမည်ဖြစ်ပြီး ( ရှေ့ဘီးယက် ) ဖြစ်ပါမည်။

2023 Model တွင် အင်ဂျင် အသစ်ပါဝင်သည့်အပြင် Update Features အနေဖြင့် ကားအတွင်းခန်းတွင် New 12.3 inch Digital Cluster အား Limited နှင့် Platinum Trims များတွင် Optional အနေဖြင့်ရရှိနိုင် ပါသည်။ အလားတူ XLE နှင့် XSE Trims များတွင် Power Lift gate ကို standard ထည့်သွင်းပေး ထားပါသည်။ Wireless Smart Phone Charger အား  Dashboard နေရာသို့ပြောင်းထားခြင်းနှင့် Cypress ဟုသတ်မှတ်ထားသည့် New Green Color တို့လည်းမိတ်ဆက် ထည့်သွင်းထားပါသည်။ 2023 Highlander အား ( USD 37000 ) မှ ( USD 50000 ) အတွင်းရောင်းချမည်ဖြစ်ပြီး Highlander Hybrid Version ကိုမူ ( USD 41000 ) မှ ( USD 53700 ) ခန့် ဖြင့်သတ်မှတ်ရောင်းချပါမည်။ Toyota Highlander ၏ ပြိုင်ဖက်များမှာ Mazda CX-9 ၊Nissan Pathfinder ၊ Honda Pilot ၊ Hyundai Santa Fe တို့ဖြစ်ပါသည်။

#DriveMediaMyanmar