Ford Myanmar မွ New Ford Ecosport အား ေစ်းကြက္အတြင္း စတင္မိတ္ဆက္

Ford Myanmar သည္ ၿပီးခဲ့သည့္ စေနန႔က subcompact SUV အမ်ိဳးအစားျဖစ္သည့္ New Ford Ecosport ကို ျပည္တြင္းေစ်းကြက္အတြင္း စတင္မိတ္ဆက္သြားခဲ့သည္။
Ford မွ အသစ္ထပ္မံ မိတ္ဆက္ခဲ့သည့္ New Ford Ecosport သည္ (၅)ေယာက္ က်ယ္က်ယ္ဝန္းဝန္း စီးနင္းႏုိင္ခဲ့သည့္ ကားတစ္စီးျဖစ္ၿပီး အဆင့္ျမင့္ Smart နည္းပညာမ်ား တပ္ဆင္အသံုးျပဳထားသည္။
New Ecosport ၏ စြမ္းေဆာင္ရည္ပိုင္းတြင္ 1.0L Ecoboost အင္ဂ်င္ကို အသံုးျပဳထားကာ ျမင္းေကာင္ေရ 125hp ထိ ထြက္ရိွႏိုင္မည္ျဖစ္ၿပီး 6 – Speed Automative Transmission (Paddle Shift) ကို အသံုးျပဳထားသည္။
Safety ပိုင္းအေနျဖင့္ Airbag (၆)လံုးထိ ပါဝင္မည္ျဖစ္ကာ Emergency Brake Assist System၊ LATCH System၊ Tire Pressure Monitoring System၊ SecuriLock® Passive Anti-Theft System စသည့္ စနစ္မ်ားပါဝင္လာၿပီး အေရွ႕နဲ႔ အေနာက္ Parking Censor မ်ားပါဝင္လာတာေၾကာင့္ အလြယ္တကူ Parking ထုိးႏုိင္မည္ျဖစ္သည္။
နည္းပညာပိုင္းတြင္ Smart Entry၊ 8.0 inch color LED touchscreen SYNC 3® Apple CarPlay™ ans Android Auto™ Compatibility၊ 4G LTE Wi-Fi Hotspot စသည့္ နည္းပညာမ်ား ေထာက္ပံ့ေပးထားသည္။
New Ford Ecosport ကို အေရာင္(၇)မ်ိဳးထိ ရရိွႏိုင္မည္ျဖစ္ၿပီး ေစ်းႏႈန္း အေမရိကန္ေဒၚလာ (၂၉,၉၉၅) ျဖင့္ ဝယ္ယူရိွႏုိင္မည္ျဖစ္ကာ အရစ္က်စနစ္အေနျဖင့္ ဧရာဝတီဘဏ္ျဖင့္ ခ်ိတ္ဆက္ကာ (၅) ႏွစ္ အရစ္က်ျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္သည္။

Unicode Version….

Ford Myanmar မှ New Ford Ecosport အား ဈေးကွက်အတွင်း စတင်မိတ်ဆက်


Ford Myanmar သည် ပြီးခဲ့သည့် စနေန့က subcompact SUV အမျိုးအစားဖြစ်သည့် New Ford Ecosport ကို ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်သွားခဲ့သည်။
Ford မှ အသစ်ထပ်မံ မိတ်ဆက်ခဲ့သည့် New Ford Ecosport သည် (၅)ယောက် ကျယ်ကျယ်ဝန်းဝန်း စီးနင်းနိုင်ခဲ့သည့် ကားတစ်စီးဖြစ်ပြီး အဆင့်မြင့် Smart နည်းပညာများ တပ်ဆင်အသုံးပြုထားသည်။
New Ecosport ၏ စွမ်းဆောင်ရည်ပိုင်းတွင် 1.0L Ecoboost အင်ဂျင်ကို အသုံးပြုထားကာ မြင်းကောင်ရေ 125hp ထိ ထွက်ရှိနိုင်မည်ဖြစ်ပြီး 6 – Speed Automative Transmission (Paddle Shift) ကို အသုံးပြုထားသည်။
Safety ပိုင်းအနေဖြင့် Airbag (၆)လုံးထိ ပါဝင်မည်ဖြစ်ကာ Emergency Brake Assist System၊ LATCH System၊ Tire Pressure Monitoring System၊ SecuriLock® Passive Anti-Theft System စသည့် စနစ်များပါဝင်လာပြီး အရှေ့နဲ့ အနောက် Parking Censor များပါဝင်လာတာကြောင့် အလွယ်တကူ Parking ထိုးနိုင်မည်ဖြစ်သည်။
နည်းပညာပိုင်းတွင် Smart Entry၊ 8.0 inch color LED touchscreen SYNC 3® Apple CarPlay™ ans Android Auto™ Compatibility၊ 4G LTE Wi-Fi Hotspot စသည့် နည်းပညာများ ထောက်ပံ့ပေးထားသည်။
New Ford Ecosport ကို အရောင်(၇)မျိုးထိ ရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်း အမေရိကန်ဒေါ်လာ (၂၉,၉၉၅) ဖြင့် ဝယ်ယူရှိနိုင်မည်ဖြစ်ကာ အရစ်ကျစနစ်အနေဖြင့် ဧရာဝတီဘဏ်ဖြင့် ချိတ်ဆက်ကာ (၅) နှစ် အရစ်ကျဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here