Unicode Version…
Porsche နှင့် Hyundai တို့သည် Swiss ရင်းနှီးမြုပ်နှံမှု Way Rey နှင့် ဖက်စပ်လုပ်ငန်း အနေ ဖြင့် အထူးအဆင့်မြင့် Vehicle HUD စနစ်ကို ဖန်တီးမည်ဟု ကြေညာလိုက် ပါသည်။ ၎င်းတို့သည် ( USD 80 million) ခန့် အသုံးပြု၍ Way Ray ၏ သုတေသနအား ဖွံ့ဖြိုးရန် မြုပ်နှံမည်ဖြစ်ပြီး အဆိုပါ HUD စနစ်တွင် Navigation မှ ရယူသည့် Racing Data ဆိုင်ရာ သတင်းအချက်အလက်များအား ကြည့်ရှုနိုင်မည်ဖြစ်သည်။ လက်ရှိအသုံးပြုနေသည့် – HUD စနစ်များ သည် Projector စနစ်ြဖြစ်ပြီး အရွယ်အစားသေးငယ်ကာ ရိုးရှင်းသည့် အချက်အလက်များသာ ပါဝင် ကြသည်။ Way Ray ၏ HUD စနစ်သည် အရှေ့မှန်ကြီးတွင် မြုပ်ဝင်နေမည့် ပုံစံဖြစ်ပြီး အချက်အလက်များအား ကောင်းစွာမြင်တွေ့ နိုင်မည်ဖြစ်ပြီး အခြေခံသဘောတရားသည် ပုံမှန် HUD များနှင့် တူညီပါမည်။ Way Ray ၏ HUD စနစ်သည် ( စိတ်ကြိုက်ဖန်တီးမှု ) ပြုလုပ်နိုင်ပြီး Sport Car မှ Luxury Car အထိ ယာဉ်မျိုးစုံတွင် အသုံးပြုနိုင်ပါမည်။ Porsche အနေဖြင့် ကားပြိုင်မောင်းစဉ် သိလိုသည့် သတင်းအချက်အလက်များ၊ Racing Line ၊ Real – Time ဆိုင်ရာ အချက်အလက်များကို HUD တွင် ထောက်ပံ့ပေးမည့် စနစ်ကို အဓိက လိုအပ်မည်ဖြစ်ပြီး Hyundai အနေဖြင့်မ ူ – Ecosystem အသစ်အား ဖန်တီးခြင်းနှင့် Navigation System ကို အဆင့်မြှင့်တင်ရန်အတွက် လိုအပ်မည်ဖြစ်သည်။ Way Ray ၏ HUD စနစ်သည် ပထမဆုံး AR Feature မဟုတ်ကာ ၎င်းမတိုင်မီ Hyundai နှင့် Mercedes – Benz တို့သည် AR Owner Manual စနစ်အား 2018 Model ကားများတွင် စတင်အသုံးပြုခဲ့ပြီး Jaguar သည် ( Virtual Windscreen Concept ) အား 2014 တွင် စတင်မိတ်ဆက်ခဲ့ပါသည်။ Way Ray ၏ လုပ်ငန်းစဉ်များအား ဂျာမနီရှိ စက်ရုံတွင်ပြုလုပ်မည်ဖြစ်ပါသည်။
Zawgyi Version…
Racing Data များအား ရရှိနိုင်မည့် Head – Up Display စနစ်အား Porsche မှ ဖန်တီးရန်စီစဉ်နေ