Unicode version…

ခုံ ၃တန်းပါ ရ ယောက်စီး မိသားစုများအတွက် အကောင်းဆုံး SUV The New Land Rover Discovery ကို Jaguar Land Rover Myanmar မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၈ ရက်နေ့ကမိတ်ဆက်ပြသ သွားခဲ့ သည်။ အဆိုပါ ကား မှာ လုံလောက်သော ထိုင်ခုံနေရာ၊ ပစ္စည်းထားစရာနေရာ၊ ဆန်းသစ်သော နည်းပညာအ သစ်များ၊ အကောင်းဆုံးသော လုံခြုံရေးစနစ်များကို ထည့်သွင်း ထုတ်လုပ်ထားသည်။ The New Land Rover Discovery၏အဓိက အချက်မှာ ၂၇ နှစ်တိုင်ခဲ့ပြီဖြစ်သော Discovery ၏ အဆင့်ဆင့်ပြောင်းလဲမှုများအပေါ်အ ခြေခံကာ လှပခန့်ညားသောဆန်းသစ်မှု များနှင့် နည်းပညာ၏အစွမ်းကို ပြသထားခြင်းလည်းဖြစ်သည်။

အဆိုပါ The New Land Rover Discovery ၏ထူးခြားချက်များမှာ အရွယ်ရောက်ပြီးသား လူ ရဦး သက်သောင့် သက်သာလိုက်ပါစီးနင်းနိုင်သည့်အပြင် မိုဘိုင်းဖုန်းမှတစ်ဆင့် ထိုင်ခုံများကို ခေါက်နိုင်၊သိမ်းနိုင် သော ကမ္ဘာ့ပထမဆုံး နည်းပညာကိုလည်း အသုံးပြုထားသည်။ ထိုင်ခုံများမှာလည်း အပူအအေးစနစ်ပါဝင်ပြီး ခရီးဝေးသွားလာမှုတွင် ယာဉ်မောင်းကိုနှိပ်နယ်ပေးနိုင်သည့် စနစ်လည်းပါဝင်ပါသည်။ထို့အပြင် Semi-autonomous safety technology က မိသားစုများအတွက် လုံခြံုရေးကို အပြည့်အဝထောက်ပံ့ပေးထားပြီး အတွင်းခန်းမှာလည်း ပရီမီယံအဆင့်ရှိ ပစ္စည်းများကို အသုံးပြုထားပါသည်။
The New Land Rover Discovery ကို King Of Hills ဟုခေါ်ဆိုရလောက်အောင် တောင်တန်းဒေ သတွေမှာလည်း အကောင်းဆုံးမောင်းနှင်နိုင်သလို မညီညာသောမြေပြင် အနေအထား၊ Off road များမှာပါ မောင်းနှင်နိုင်သည့် ဒီဇိုင်းမျိုးဖန်တီးထားသည်။ အဆိုပါကားကို အလွန်ပေါ့ပါးသော အလျူမီနီယံကိုယ် ထည်ဖြင့် တည်ဆောက်ထားသည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လွှတ်မှု ကိုလည်း လျော့နည်းအောင် ပြုလုပ်ထားသည်။
3.0L four-cylinder diesel engine ကိုအသုံးပြုထားပြီး ခေတ်မီလှပဆန်းသစ်သော ဒီဇိုင်းတို့ကြောင့် Customer များအကြိုက်တွေ့နိုင်လိမ့်မည်ဟု Land Lover မှယုံကြည်လျက်ရှိသည်။ဖျော်ဖြေမှုအနေနှင့် subwoofer အပါအဝင် စပီကာ ၁၄ လုံး၊ USB ပေါက် ၉ ခု တို့ပါဝင်ပါသည်။ The New Land Rover Discovery ၏ four-corner air suspension systemစနစ်ကလည်း အလွန်ထူးခြားလှပြီး ရှေ့နောက်လိုသလို အနိမ့်အမြင့်ပြုလုပ်နိုင်သည်။ ထို့အပြင် Parking Assit, Blind Spot Monitor functions, Adaptive Cruise Control , Traffic Sign Recognition, Lane Keep Assist စသောအဆင့်မြင့် Safety များပါဝင်သည်။

The New Land Rover Discovery မိတ်ဆက်ပွဲပြီးနောက်တစ်ဆက်တည်းတွင် Land Rover မှပြုလုပ်သော Land Rover Experience Tour ပြိုင်ပွဲအတွက် ယှဉ်ပြိုင်မှုများပြုလုပ်ခဲ့ပါသည်။ ထိုပြိုင်စည်းကမ်းအရ မြန်မာမှ ဗိုလ်စွဲသူမှာ လာအိုတွင်ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အနိုင်ရမှသာ လာမည့်နိုဝင်ဘာလ ၄ ရက်မှ ၉ ရက်အထိ ပီရူးနိုင်ငံတွင်ကျင်းပမည့် Land Rover Experience Tour နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုတွင်ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။

Zawgyi version…

ခုံ ၃တန္းပါ ၇ ေယာက္စီး မိသားစုမ်ားအတြက္ အေကာင္းဆုံး SUV The New Land Rover Discovery ကုိ Jaguar Land Rover Myanmar မွာ ျပီးခဲ့တဲ့စက္တင္ဘာ ၈ ရက္ေန႔ကမိတ္ဆက္ျပသ သြားခဲ့ သည္။ အဆုိပါ ကား မွာ လုံေလာက္ေသာ ထုိင္ခုံေနရာ၊ ပစၥည္းထားစရာေနရာ၊ ဆန္းသစ္ေသာ နည္းပညာအ သစ္မ်ား၊ အေကာင္းဆုံးေသာ လုံျခံဳေရးစနစ္မ်ားကုိ ထည့္သြင္း ထုတ္လုပ္ထားသည္။ The New Land Rover Discovery၏အဓိက အခ်က္မွာ ၂၇ ႏွစ္တုိင္ခဲ့ျပီျဖစ္ေသာ Discovery ၏ အဆင့္ဆင့္ေျပာင္းလဲမွဳမ်ားအေပၚအ ေျခခံကာ လွပခန္႕ညားေသာဆန္းသစ္မွဳ မ်ားႏွင့္ နည္းပညာ၏အစြမ္းကုိ ျပသထားျခင္းလည္းျဖစ္သည္။

အဆုိပါ The New Land Rover Discovery ၏ထူးျခားခ်က္မ်ားမွာ အရြယ္ေရာက္ျပီးသား လူ ၇ဦး သက္ေသာင့္ သက္သာလုိက္ပါစီးနင္းႏုိင္သည့္အျပင္ မုိဘုိင္းဖုန္းမွတစ္ဆင့္ ထုိင္ခုံမ်ားကုိ ေခါက္ႏုိင္၊သိမ္းႏုိင္ ေသာ ကမာၻ႕ပထမဆုံး နည္းပညာကုိလည္း အသုံးျပဳထားသည္။ ထုိင္ခုံမ်ားမွာလည္း အပူအေအးစနစ္ပါဝင္ျပီး ခရီးေဝးသြားလာမွဳတြင္ ယာဥ္ေမာင္းကုိႏွိပ္နယ္ေပးႏုိင္သည့္ စနစ္လည္းပါဝင္ပါသည္။ထုိ႕အျပင္ Semi-autonomous safety technology က မိသားစုမ်ားအတြက္ လုံျခံဳေရးကုိ အျပည့္အဝေထာက္ပံ့ေပးထားျပီး အတြင္းခန္းမွာလည္း ပရီမီယံအဆင့္ရွိ ပစၥည္းမ်ားကုိ အသုံးျပဳထားပါသည္။
The New Land Rover Discovery ကုိ King Of Hills ဟုေခၚဆုိရေလာက္ေအာင္ ေတာင္တန္းေဒ သေတြမွာလည္း အေကာင္းဆုံးေမာင္းႏွင္ႏုိင္သလုိ မညီညာေသာေျမျပင္ အေနအထား၊ Off road မ်ားမွာပါ ေမာင္းႏွင္ႏုိင္သည့္ ဒီဇုိင္းမ်ိဳးဖန္တီးထားသည္။ အဆုိပါကားကုိ အလြန္ေပါ့ပါးေသာ အလ်ဴမီနီယံကုိယ္ ထည္ျဖင့္ တည္ေဆာက္ထားသည့္အျပင္ ကာဗြန္ဒုိင္ေအာက္ဆုိက္ဒ္ထုတ္လႊတ္မွဳ ကုိလည္း ေလ်ာ့နည္းေအာင္ ျပဳလုပ္ထားသည္။
3.0L four-cylinder diesel engine ကုိအသုံးျပဳထားျပီး ေခတ္မီလွပဆန္းသစ္ေသာ ဒီဇုိင္းတုိ႕ေၾကာင့္ Customer မ်ားအၾကိဳက္ေတြ႕ႏုိင္လိမ့္မည္ဟု Land Lover မွယုံၾကည္လ်က္ရွိသည္။ေဖ်ာ္ေျဖမွဳအေနႏွင့္ subwoofer အပါအဝင္ စပီကာ ၁၄ လုံး၊ USB ေပါက္ ၉ ခု တုိ႕ပါဝင္ပါသည္။ The New Land Rover Discovery ၏ four-corner air suspension systemစနစ္ကလည္း အလြန္ထူးျခားလွျပီး ေရွ႔ေနာက္လုိသလုိ အနိမ့္အျမင့္ျပဳလုပ္ႏုိင္သည္။ ထုိ႕အျပင္ Parking Assit, Blind Spot Monitor functions, Adaptive Cruise Control , Traffic Sign Recognition, Lane Keep Assist စေသာအဆင့္ျမင့္ Safety မ်ားပါဝင္သည္။

The New Land Rover Discovery မိတ္ဆက္ပြဲျပီးေနာက္တစ္ဆက္တည္းတြင္ Land Rover မွျပဳလုပ္ေသာ Land Rover Experience Tour ျပိဳင္ပဲြအတြက္ ယွဥ္ျပိဳင္မွဳမ်ားျပဳလုပ္ခဲ့ပါသည္။ ထုိျပိဳင္စည္းကမ္းအရ ျမန္မာမွ ဗုိလ္စြဲသူမွာ လာအုိတြင္ထပ္မံယွဥ္ျပိဳင္ရမည္ျဖစ္ျပီး အဆုိပါျပိဳင္ပဲြတြင္ အႏုိင္ရမွသာ လာမည့္ႏုိဝင္ဘာလ ၄ ရက္မွ ၉ ရက္အထိ ပီရူးႏုိင္ငံတြင္က်င္းပမည့္ Land Rover Experience Tour ေနာက္ဆုံးအဆင့္ယွဥ္ျပိဳင္မွဳတြင္ပါဝင္ခြင့္ ရရွိမည္ျဖစ္သည္။