Toyota  သည်အရှေ့အာရှနိုင်ငံများတွင် အဓိကရောင်းချသည့် နာမည်ကျော် Innova ၏ New – Generation Innova ဖြစ်သည့် Innova Hycross ကိုအသစ်ထုတ်လုပ်မည်ဖြစ်သည်။ New Innova Hycross သည် ပထမဆုံးအနေဖြင့် Update Version ဖန်တီးသည့် Model ဖြစ်ကာ Monocoque Platform အမျိုးအစားတွင် အခြေခံဖန်တီးခြင်းဖြစ်သည်။ ထို့အပြင် ယခင် Innova ထက်အနည်းငယ် ပိုကြီးမား လာမည်ဖြစ်သည်။ New Innova Hycross တွင် New Monocoque Platform နှင့်ရှေ့ဘီးယက်စနစ်ကို တွဲဖက်ထားမည်ဖြစ်ကာ အဆိုပါအတွဲဖက်မှုသည် Innova အတွက်ပထမဆုံး ဖြစ်ပါသည်။ ထို့အပြင် ထူးခြားချက်အနေဖြင့် 2.0 L Strong – Hybrid Petrol Engine အား Innova Hycross တွင်မိတ်ဆက်ထည့်သွင်းထားမည်ဖြစ်သည်။

အဆိုပါ အင်ဂျင်သည် ( Deliver Over 190 PS ) ရရှိမည်ဖြစ်ပြီး ( e – CVT Single – Speed Gearbox ) ဖြင့်တွဲဖက်ထားပါမည်။ ထို့အပြင် Strong – Hybrid Onboard ဖြစ်သည့် Hyryder ကိုလည်း ထည့်သွင်းထားမည်ဖြစ်ကာ အဆိုပါလျှပ်စစ်မော်တာသည် မြို့တွင်းအသုံးပြုမှုအတွက် Lower RPM အနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ဆီစားနှုန်းကို အထူးသက်သာစေမည်ဖြစ်သည်။ Toyota သည် New Innova Hcross MPV အတွက် Diesel Version ရရှိမည်ဖြစ်ကာ 2023 တွင် စတင်ရောင်းချပါမည်။ Toyota သည် Innova Crystal Model တွင် Sunroof ကိုပထမဆုံးထည့်သွင်းပေးမည့်အပြင် New Innova Hycross အတွက် Panoramic Sunroof ကိုလည်း ပထမဆုံးအနေဖြင့် ထည့်သွင်းပေးထားပါမည်။ အလားတူ – 360 – degree Camera ၊ Wireless Phone Charging ၊ စသည့် Features များစွာလည်း ပါဝင်မည်ဖြစ်သည်။

#DriveMediaMyanmar