Mitsubishi သည် High – Riding Minivan ဖြစ်သည့် Xpander Cross အား 2023 Model အတွက် Facelift အနေဖြင့် မိတ်ဆက်လိုက်ပါသည်။ Xpander / Xpander Cross တို့သည်နာမည်ကျော် Mitsubishi Delica ၏ Successor Model ဖြစ်ပြီးလှပဆန်းသစ်သည့် ပုံစံဖြင့်ဖန်တီးတမူထူးခြားစွာ ဖန်တီးထားပါသည်။ ယခု New Model အား 2022 Indonesia International Auto Show တွင်မိတ်ဆက်ခဲ့ပါသည်။ 2023 Xpander Cross အား New Headlight Design နှင့် Redesign Front Fascia တို့ဖြင့်လှပစွာ ခင်းကျင်းထားပြီး ယခင် Model တွင်ပါဝင်သည့် T – Shaped Layout ကိုဆက်လက်အသုံးပြုထားပါသည်။ Turn Signals များအား Cluster အပေါ်ဖက်သို့ပြောင်းလဲတပ်ဆင်ထားပြီး Fresh Green Bronze Metallic Paint ကဲ့သို့ New Color များကိုလည်း ထည့်သွင်းပေးထားပါသည်။

Minivan နှင့် Crossover တို့၏အခင်းအကျင်းများကို ပေါင်းစပ်ထားသည့် New Xpander Cross တွင် – 17 – inch  Alloy ၊ 2 – Tone Gray Accents ၊ ကားပတ်လည်တွင် Skid Plate များထည့်သွင်းခြင်း ၊ စသည်တို့ဖြင့်လှပစွာ တန်ဆာဆင်ထားကာ အနောက်ဖုံးတွင်လည်း Now Updated Taillight ကိုထည့်သွင်းထားပါသည်။ ကား၏ Ground Clearance သည် ( 8.6 inch ) ဖြစ်ကာ Active Yaw Control – AYC ကဲ့သို့ Features များလည်း ထည့်သွင်းပေးထားပြီး 3 – Row Seat Layout ဖြစ်ကာ Electric Parking Brake ၊ Digital Cluster ၊ 8 – inch Touchscreen တို့ပါဝင်မည်။ 2023 Xpander Crossover တွင် – CVT Auto gear အပြင် 5 – Speed Manual Gear ကိုလည်းနိုင်ပါမည်။

#DriveMediaMyanmar