Chevrolet သည် Brand ၏ Popular ဖြစ်လှသည့် Bolt EV နှင့် EUV တို့၏ 2023 Model အား (USD 27400 For EV ) နှင့် ( USD 28700 For EUV ) ဈေးနှုန်းများဖြင့် ( U.S.A ) တွင်ရောင်းချမည် ဖြစ်သည်။ 2023 Model Year အတွက်ဈေးနှုန်းသည် 2022 Model နှင့်ကွဲပြားမှုရှိမည်ဖြစ်သော်လည်း 2023 Bolt EV, EUV တို့အား အမေရိကန်ဈေးကွက်အတွက် ကောင်းစွာလက်သင့်ခံနိုင်သည့် EV Model အပြင် Family EV အနေဖြင့် အဓိကအသုံးပြုနိုင်ခြင်း ၊ ဒီဇိုင်းလှပခြင်း ၊ Quality ကောင်းမွန်ခြင်း ၊ EV Performance ဆိုင်ရာတွင် လက်ခံနိုင်ခြင်း စသည့် ထူးခြားချက်များဖြင့် ပြည့်စုံကာ စတင်ထွက်ရှိ သည်မှစ၍ ယခု 2023 အထိတိုင်အောင် Long – standing Role အနေဖြင့် ရပ်တည်လျက်ရှိသည့် Model လည်းဖြစ်သည်။

2023 Chevy Bolt EV နှင့် EUV တို့၏ ဒီဇိုင်းသည် အလွန်လှပသည့် ဒီဇိုင်းများဖြစ်ပြီး LED Lighting Theme များပေါင်းစပ်ထားခြင်း ၊ New Grille Design ၊ Hatchback Underpinnings စသည့် အခင်အကျင်းများဖြင့် ဖန်တီးထားပါသည်။ ၎င်းတို့တွင် – ( 247 Miles of Driving Range ) အထိ အသုံးပြုနိုင်သည့် ( 65.0 – kWh Battery Pack ) နှင့် ( 200 – hp Electric Motor ) တို့ပါဝင်သည်။

2023 Bolt EV+EUV တို့သည် – Hyundai Kona EV , Tesla Model Y , Ford Mustang Mach – E တို့နှင့် ယှဉ်ပြိုင်ဖက်များအဖြစ်မြင်တွေ့ရပါသည်။ GM သည်၎င်း၏နာမည်ကျော် Super-Curies Hands – Free Drive နည်းပညာအား 2023 Bolt ၏ Top – Level Premier Trim တွင် ထည့်သွင်းပေးထားသည့်အပြင် New Redline Edition Package ကိုလည်း 2023 Model အတွက် မိတ်ဆက်ထည့်သွင်းထားပါသည်။

#DriveMediaMyanmar