Volkswagen သည် Mercedes X-Class ကဲ့သို့ Premium Pick-up Truck ဖြစ်သည့် Amarok Truck ၏ဒုတိယမျိုးဆက် New Model အား July 7 တွင်စတင်မိတ်ဆက်ပါမည်။ New Amarok သည် VW နှင့် Ford တို့၏လုပ်ငန်းသုံးယာဉ်များ ပူးပေါင်းဖန်တီးခြင်း၏ အစိတ်အပိုင်းတခုလည်းဖြစ်ပြီး မကြာခင်ကထွက်ရှိထားသည့် Ford New Ranger Pickup အတွက်လည်းပြိုင်ဖက်ကောင်း ဖြစ်လာနိုင်ပါမည်။ နမူနာပြသထားသည့် Amarok ၏အတွင်းခန်းဓာတ်ပုံအရ New Amarok ၏ Dashboard Layout သည်အလွန်လှပပြီးသားနားသည့်ပုံစံရှိကာ Technology နှင့် Feature များလည်းစုံလင်စွာပါရှိထားပါသည်။ Leather Steering နှင့်အတူ ( 6.3 – inch ) မှ ( 12.0 – inch ) အထိပြောင်းလဲနိုင်သည့် Center Touchscreen Design သည်အလွန်ဆန်းသစ်သည့်ပုံစံရှိကာ Infotainment System နှင့်အတူအခြား Apps များစွာလည်းပါဝင်ပါမည်။

 

New VW Amarok Truck တွင်ထူးခြားမှုမှာ – ယာဉ်မောင်းထောက်ပံ့မှု နည်းပညာများစွာ ပေါင်းစပ်ပေးထားခြင်းဖြစ်သည်။ အလားတူ – VW ၏နောက်ဆုံးပေါ် Virtual Cockpit Display ၊ TFT Screen ၊ တို့အပါအဝင် Satellite Navigation ၊ စသည့် Features များစွာလည်းပါဝင်ပါမည်။ New VW Amarok တွင် Diesel V6 Engine နှင့် 2.0 L I4 TDI Engine တို့ပါဝင်ပါမည်။ New Model သည်ယခင် Model ထက် Size ပိုကြီးမည့်အပြင် Body Size သည် – 5350 mm ရှည်လျားပါမည်။ Total Payload သည် ( 3.5 – Tonne Towing Capacity ) ရှိပါသည်။ VW သည် Amarok Pickup အားတောင်အမေရိကနှင့်အာဂျင်တီးနားတို့ရှိ VW စက်ရုံများတွင်တပ်ဆင်ထုတ်လုပ်ပါသည်။ New Amarok သည် Ford နှင့် VW တို့ ပူးပေါင်းဖန်တီးမှု၏ ပထမဆုံး ရလဒ်ဖြစ်ပြီး Ford သည် 2023 မှစတင်ကာ VW Group ၏ MEB Platform တို့အခြေခံကာ EV ကားများထုတ်လုပ်မည်ဖြစ်သည်။

#DriveMediaMyanmar