Ducati Myanmar သည် နည်းပညာသစ်များပါဝင်သည့် လူကြိုက်များရေပန်း စားဆုံး စတုတ္ထ မျိုးဆက် New Mutistrada V4 ကို ပြည်တွင်း ဈေးကွက်အတွင်း မိတ်ဆက်ခဲ့သည်။
ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်လိုက်သည့် စတုတ္ထမြောက်မျိုးဆက် New Mutistrada V4 သည် Sport Type အမျိုးအစားဖြစ်ကာ အကြမ်းခံပေါ့ပါးပြီး မည့်သည့်လမ်းခရီးမဆို အကောင်းဆုံးမောင်းနှင်နိုင်အောင် ဖန်တီးထားခြင်းဖြစ်သည်။
The Multistrada V4 သည် ဒီဇိုင်းပိုင်းတွင် နည်းပညာနှင့်လိုက်လျောညီထွေရှိစွာ ဖန်တီးထားသလို သွက် သွက်လက်လက်နှင့် အကြမ်းခံသည့်အသွင် ဖန်တီးထားပြီး အင်ဂျင်ကို အရင်ထက်ပေါ့ပါးစေရန် 66.7kg အနေအထားနှင့်170hp မြင်းကောင်ရေအား ထုတ်လုပ်နိုင်သလို 10,500rpm နှင့် အမြင့်ဆုံး torque မှာ 8750 rpm တွင် 125Nm ထုတ်လွတ်နိုင်မည်ဖြစ်သည်။
နည်းပညာပိုင်းအရ The Multistrada V4 တွင် Enduro အဖြစ် အသုံးပြုရာတွင် အကောင်းဆုံး off-road capabilities ၊ electric suspections နှင့် smooth delivery ၊ gear ratios၊ လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်သော smartphone connectivity နှင့် အပူလျှော့ချရန် thermal comfort activity စသည့်တို့ ပါဝင်လာမည်ဖြစ်သည်။
The Multistrada V4 သည် အရှေ့အနောက်ရေဒါတပ်ဆင်ထားတဲ့ ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်ဖြစ်ပြီး Adaptive Cruise Control (ACC) နွင့် Blind Spot Detection (BDS)၊ Adaptive Cruise Control (ACC) နှင့် Blind Spot Detection (BDS) စသည့် အဆင့်မြင့်နည်းပညာများလည်း ပါဝင်သည်။
ပြည်တွင်းဈေးကွက်အတွင်း The Standard Multistrada V4 ကို အနီရောင်နှင့် ရရှိနိုင်မည်ဖြစ်ပြီး The Multistrada V4 S ကို Aviator Grey အရောင်နှင့် အနီရောင် (၂)မျိုး ရရှိနိိုင်မည်ဖြစ်ကာ Ducati Myanmar Showroom များတွင် စုံစမ်းမေးမြန်း ဝယ်ယူနိုင်မည်ဖြစ်သည်။

26 Nov 2020
0