Chevrolet Corvette သည် 2023 Model အတွက် New Options များထပ်မံပေါင်းစပ်ပြီး မိတ်ဆက်လိုက်ပါသည်။ 2023 Corvette တွင် 2LT နှင့် 3 LT ထို့အပြင် New Z 06 Model ကို  အသစ်ထည့်သွင်းပေးပြီး ၎င်းအား 2021 တွင် မိတ်ဆက်ခဲ့ပါသည်။။ New Z 06 တွင် Flat – plane – crank V8 Engine  အမျိုးအစား အသစ်ပါအဝင် 20 – Spoke wheel design အသစ်များစွာလည်း ပါဝင်မည်ဖြစ်ပြီး Glass Black ၊ Satin Black ၊ Red Stripe ဟူ၍ Color အဆန်းများပါဝင်ပါမည်။ ထို့အပြင် New Exterior Detailing အနေဖြင့် Black Tailpipes များပါဝင်သည့် Performance Exhaust System ကိုလည်း Optional ရနိုင်ပါမည်။ 2023 Corvette ၏ အတွင်းခန်း အခင်းအကျင်းနှင့် Design တို့လည်း ယခင် Model နှင့် တူညီမည်ဖြစ်သော်လည်း Stealth Aluminum ဟူသည့်  Trim အသစ်တမျိုးအား Option အနေဖြင့် ရနိုင်မည်ဖြစ်သည်။ Adrenaline Red Dipped Interior Color Scheme ကိုလည်း 3 LT Trim တွင် Standard အနေဖြင့် ရရှိနိုင်မည်ဖြစ်သည်။

 

ထို့အပြင် 70 th Anniversary Edition Package ကိုလည်း အထူးထုတ် အနေဖြင့် 2023 Model Year တွင် ထည့်သွင်းထားပြီး အဆိုပါ Special Edition Model သည် 1953 တွင် စတင်မွေးဖွားခဲ့သည့် Original C1 Corvette ကို ဂုဏ်ပြုထုတ်လုပ်ခြင်းဖြစ်သည်။ ၎င်း Model တွင် Exclusive Black / White Paint များ ၊ Unique Badging ၊ Red Accents မှ Racing Stripes စသည့် ထူးခြားသည့် Features များ ထည့်သွင်းထားပါမည်။ အလားတူ 70 th Birthday Nameplate အား center Speaker Grille နှင့် အနောက်တံခါးနေရာတို့တွင် တပ်ဆင်ထားပါမည်။ အဆိုပါ Special Edition ၏ Package များအား ပုံမှန် 2023 Chevy Corvette တွင် မရရှိနိုင်ပါ။

#DriveMediaMyanmar