Zawgyi Version…


Unicode Version…
ပြီးခဲ့သည့်နှစ်က မိတ်ဆက်လိုက်သည့် New Range Rover Evoque တွင် အထူးကောင်းမွန်သည့် ပထမဆုံးနည်းပညာသစ်နှစ်ခုထည့်သွင်းထား
ပြီးခဲ့သည့်နှစ်နိုဝင်ဘာလကမှ မိတ်ဆက်လိုက်သည့် ဒုတိယမျိုးဆက် New Range Rover Evoque တွင် Range Rover ၏အသစ်ထပ်မံထုတ်လုပ်လိုက်သော နည်းပညာနှစ်ခု ကိုထည့်သွင်းထား သည်။၎င်းတို့မှာ ကားအောက်ဘက်နဲ့ အရှေ့ဘက်တို့ကို ရှင်းလင်းစွာမြင်တွေ့နိုင်အောင် ကားရှေ့ ဘောနက်၊ ဘေး နောက်ကြည့်မှန်နှင့် အောက်ဘက်တို့တွင်ကင်မရာများထည့်သွင်းပေးထားပြီး ကားအတွင်းခန်းရှိ Touchscreen ပေါ်တွင် 180 ဒီဂရီပုံစံ ပြသပေးထားခြင်းကြောင့် ယာဉ်မောင်း နှင်သူအတွက် လွန်စွာ အဆင်ပြေစေနိုင်မည်ဟု သိရသည်။ အဆိုပါနည်းပညာသည် ယာဉ်မောင်းသူ များအနေဖြင့် မြို့တွင်း မောင်းနှင်မှုပြုလုပ်ရာတွင် ကားပတ်ပတ်လည်ရှိ ပလက်ဖောင်းဘောင်များကို ကားနှင့်လွတ် မလွတ်ဆို သည်ကို အလွယ်တကူကြည့်ရှုရှောင်ရှားနိုင်မည်ဖြစ်သည်။ နောက်ထပ်နည်းပညာတစ်ခုမှာ နောက်ဘက် Cargo Space တွင် ဘက်ကြည့်မှန်ကိုကွယ်လောက် သည့် ပစ္စည်းများပါရှိနေလျှင်လည်း နောက်ကြည့်မှန်တွင်ပါသော Button ကိုနှိပ်လိုက်ရုံဖြင့် နောက် ဘက်ကို အလွယ်တကူကြည့်ရှုစေနိုင်ရန်အတွက် နောက်ကြည့် မှန်သုံးကင်မရာကို ကားနောက် ဘက်အမိုးတွင် တပ်ဆင်ပေးထားခြင်းဖြစ်သည်။ အဆိုပါ HD ဖြင့် ဖော်ပြပေးမည့် နောက်ကြည့် ကင်မရာမှာ ကြည်လင် ပြတ်သားမှုရှိပြီး 50 degree ဖြန့် ကျက်ကြည့်ရှုနိုင်သည်။ ထို့အပြင် ဖုန်၊အညစ်အကြေးများကိုလည်း ကင်မရာအနီးတပ်ဆင်ထားသော ရေပန်းဖြင့်ပြန်လည်ဆေး ကြောနိုင်မည်ဟုသိရသည်။