Zawgyi Version…

မၾကာေသးမီကမွ အသစ္ထြက္ရွိထားေသာ New Range Rover Evoque သည္ Euro NCAP ၏ လုံၿခဳံေရးအဆင့္စစ္ေဆးမႈတြင္ ၾကယ္ငါးပြင့္အဆင့္ရရွိခဲ့ေၾကာင္းသိရသည္။ ထိုကဲ့သို႔စစ္ေဆးရာတြင္ ကားကိုအႏၲရာယ္ျဖစ္ေလာက္ေသာ အရွိန္ႏႈန္းျဖင့္ေမာင္းႏွင္ၿပီး ေရွ႕၊ေနာက္၊ေဘးဘက္မ်ားမွ ယာဥ္ တိုက္မႈျဖစ္ေအာင္ ျပဳလုပ္ၿပီးစစ္ေဆးျခင္းျဖစ္သည္။ ကားအတြင္း၌လူမ်ားကိုယ္စား အ႐ုပ္မ်ား ကိုထည့္ သြင္းစမ္းသပ္ျခင္းျဖစ္ကာ ကားေဘာ္ဒီပိုင္း၊ေလအိတ္မ်ားမွယာဥ္ေပၚပါလာသူမ်ားကို မည္မွ် အကာအ ကြယ္ေပးႏိုင္မလဲဆိုသည့္အေပၚမူတည္ၿပီး အမွတ္ေပး အဆင့္သတ္မွတ္ျခင္းလည္းျဖစ္သည္။ ၿဗိတိန္ ထုတ္ Range Rover ၏ ဒုတိယမ်ိဳးဆက္ျဖစ္ေသာ Evoque အဆိုပါစစ္ေဆးမႈတြင္ အ႐ြယ္ ေရာက္ၿပီး သူမ်ားအတြက္ 94% ၊ ကေလးမ်ားအတြက္ 87% အထိကာကြယ္ေပးႏိုင္ျခင္းေၾကာင့္ ထိုကားသည္ Euro NCAP စစ္ေဆးခဲ့ဖူးေသာ Range Rover မ်ားထဲတြင္ လုံၿခဳံမႈအရွိဆုံးကားအျဖစ္လည္း ရပ္တည္ ႏိုင္ခဲ့သည္။ ထို႔အျပင္ New Range Rover Evoque မွာလမ္းအသုံးျပဳသူမ်ားအတြက္ 72% ၊ လုံၿခဳံေရး အေထာက္အကူျပဳနည္းပညာအဆင့္က 73% ေကာင္းမြန္ေၾကာင္းေထာက္ခံခ်က္ရရွိခဲ့သည္။ ၿမိဳ႕တြင္း လမ္းမမ်ားတြင္ ၿမိဳ႕တြင္းေမာင္းႏွင္မႈအရွိန္ျဖင့္ အလိုအေလ်ာက္အေရးေပၚဘရိတ္စနစ္ ကိုစမ္းသပ္ရာ တြင္လည္း အျမင့္ဆုံးအမွတ္ကိုရရွိထားသည္ဟုလည္းသိရသည္။ Euro NCAP ၏ယခုလတ္တေလာ စစ္ေဆးမႈမ်ားတြင္ new Citroën C5 Aircross မွာလည္း Evoque နည္းတူ ၾကယ္ငါးပြင့္အဆင့္ သတ္မွတ္ခ်က္ရရွိခဲ့သည္။

Unicode Version…

Safety စစ်ဆေးမှုတွင် New Range Rover Evoque အမြင့်ဆုံးကြယ်ငါးပွင့်အဆင့်ရရှိ
မကြာသေးမီကမှ အသစ်ထွက်ရှိထားသော New Range Rover Evoque သည် Euro NCAP ၏ လုံခြုံရေးအဆင့်စစ်ဆေးမှုတွင် ကြယ်ငါးပွင့်အဆင့်ရရှိခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့စစ်ဆေးရာတွင် ကားကိုအန္တရာယ်ဖြစ်လောက်သော အရှိန်နှုန်းဖြင့်မောင်းနှင်ပြီး ရှေ့၊နောက်၊ဘေးဘက်များမှ ယာဉ် တိုက်မှုဖြစ်အောင် ပြုလုပ်ပြီးစစ်ဆေးခြင်းဖြစ်သည်။ ကားအတွင်း၌လူများကိုယ်စား အရုပ်များ ကိုထည့် သွင်းစမ်းသပ်ခြင်းဖြစ်ကာ ကားဘော်ဒီပိုင်း၊လေအိတ်များမှယာဉ်ပေါ်ပါလာသူများကို မည်မျှ အကာအ ကွယ်ပေးနိုင်မလဲဆိုသည့်အပေါ်မူတည်ပြီး အမှတ်ပေး အဆင့်သတ်မှတ်ခြင်းလည်းဖြစ်သည်။ ဗြိတိန် ထုတ် Range Rover ၏ ဒုတိယမျိုးဆက်ဖြစ်သော Evoque အဆိုပါစစ်ဆေးမှုတွင် အရွယ် ရောက်ပြီး သူများအတွက် 94% ၊ ကလေးများအတွက် 87% အထိကာကွယ်ပေးနိုင်ခြင်းကြောင့် ထိုကားသည် Euro NCAP စစ်ဆေးခဲ့ဖူးသော Range Rover များထဲတွင် လုံခြုံမှုအရှိဆုံးကားအဖြစ်လည်း ရပ်တည် နိုင်ခဲ့သည်။ ထို့အပြင် New Range Rover Evoque မှာလမ်းအသုံးပြုသူများအတွက် 72% ၊ လုံခြုံရေး အထောက်အကူပြုနည်းပညာအဆင့်က 73% ကောင်းမွန်ကြောင်းထောက်ခံချက်ရရှိခဲ့သည်။ မြို့တွင်း လမ်းမများတွင် မြို့တွင်းမောင်းနှင်မှုအရှိန်ဖြင့် အလိုအလျောက်အရေးပေါ်ဘရိတ်စနစ် ကိုစမ်းသပ်ရာ တွင်လည်း အမြင့်ဆုံးအမှတ်ကိုရရှိထားသည်ဟုလည်းသိရသည်။ Euro NCAP ၏ယခုလတ်တလော စစ်ဆေးမှုများတွင် new Citroën C5 Aircross မှာလည်း Evoque နည်းတူ ကြယ်ငါးပွင့်အဆင့် သတ်မှတ်ချက်ရရှိခဲ့သည်။