2023 April 22 တွင် Chery သည် 2023 Global Dealer Theme Conference အား Full Swing ကျင်းပခဲ့ပါသည်။ အဆိုပါ Conference တွင် Chery Brand ၏အမှုဆောင် အရာရှိများမှ ကမ္ဘာအနှံ့ရှိ Chery Brand ၏ယခုနှစ်များ၏ အောင်မြင်မှုမှတ်တိုင်များနှင့် စပ်လျှင်းသည် များအားတက်ရောက်လာသည့် အရောင်းကိုယ်စားလှယ် 700 ကျော်အားရှင်းပြခဲ့ပါသည်။ စျေးကွက်အသစ်ဆိုင်ရာ အခြေအနေများအရ – Chery သည်အရေးကြီးသည့် ပြောင်းလဲမှု ၄ ရပ်ဖြစ်သည့် – ( နည်းပညာ / ထုတ်လုပ်မှု / အသုံးပြုသူများ၏ လိုအပ်ချက် / Ecosystem ) တို့ အား မိတ်ဆက်ခဲ့ပြီး ၎င်းတို့အနက် – Ecosystem အား Chery ၏ New Track New Journey တွင် Boost အနေဖြင့် ထည့်သွင်းမည် ဖြစ်သည်။

Made in China 2025 Strategy ၏လမ်းညွှန်ချက်အရ လူမှုအဖွဲ့အစည်း တရပ်လုံးသည် လက်ရှိနှစ်များတွင် ကုန်ထုတ်လုပ်မှုဆိုင်ရာအားများစွာ ထောက်ခံခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးကုန်ထုတ်လုပ်သည့် နိုင်ငံအဆင့်သို့ ၁၂ နှစ်တိုင်အောင် ရပ်တည်နေလျက်ရှိကာ – လေကြောင်း နှင့်အာကာသ / မြန်နှုန်းမြင့်ရထားလမ်းများ / ဆောက်လုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ / စသည့်နယ်ပယ်များတွင် တရုတ်နိုင်ငံ၏ စွမ်းပကားသည် များစွာတိုးတက်လာပါသည်။ အထူးအားဖြင့် တရုတ်နိုင်ငံ၏ မော်တော်ယာဥ် ထုတ်လုပ်မှုသည် အလွန်ကြီးမားလာသည်ကိုတွေ့ရပါသည်။ Chery သည် Global Sales Volume အရ ကားအစင်းရေ ၁၁.၂ သန်းဝန်းကျင်အထိ ရောင်းချခဲ့သဖြင့် တရုတ်ကားထုတ်လုပ်ရေးတွင် မှတ်တိုင်တခု စိုက်ထူနိုင်ခဲ့ပါသည်။

Chery သည်၎င်း၏ ထုတ်ကုန်များအား နိုင်ငံပေါင်း ၈၀ ကျော်ကို တင်ပို့လျှက်ရှိပြီး တရုတ်နိုင်ငံ၏ မော်တော်ယာဥ် တင်ပို့မှုတွင် First Exporter နေရာအား နှစ်ပေါင်း ၂၀ တိုင်ရရှိထားပါသည်။ နည်းပညာရပ်ဆိုင်ရာ တိုးတက်ဖန်တီးတီထွင်မှုများကို အမြဲမပြတ်အလေးထားသည့် Chery သည် Worldwide တွင် Research and Development Center ၅ ခုကို တိုးတက်ဖွင့်လှစ်ထားပြီး သုသေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အတွက်ကျွမ်းကျင်ဝန်ထမ်း ၇၀၀၀ ကျော်ကို ခန့်ထားကာ အဆိုပါကျွမ်းကျင်ဝန်ထမ်းများတွင် GM / Ford / Jaguar Land Rover / စသည့် Brands များတွင် လုပ်ကိုင်ဖူးသည့် Global Rank အဆင့်ရှိသည့် အထူးကျွမ်းကျင်ပညာရှင်များလည်း ပါဝင်ပါသည်။

ထို့အပြင် Chery သည် ဝန်ဆောင်မှုဆိုင်ရာအရည်အသွေးကို အထူးဂရုပြုသည့် အနေဖြင့် Services Outlet ၁၅၀၀ ကျော်အား တရုတ်ပြင်ပနိုင်ငံများတွင် တည်ထောင်ထားသည့် အပြင်ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာများအတွက်လည်း User များ၏လိုအပ်ချက်များအတိုင်း အညီအညွတ် တုန့်ပြန်ဝန်ဆောင်မှုများပေးအပ်ခြင်းများကိုလည်း ဖန်တီးပေးထားပါသည်။

ထူးခြားစွာ ပေါ်ထွက်လာသည့် စျေးကွက်အခြေအနေအရ Chery သည်ကြီးမားသည့် ရည်မှန်းချက်နှင့်ပန်းတိုင်တို့ ကို ရည်ရွယ်ပြီးလမ်းကြောင်းအသစ်နှင့် ခရီးလမ်းအသစ်အားဖွင့်လှစ်လိုက်ပါသည်။ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာအသစ်၏ ဦးဆောင်မှုအောက်တွင် Chery အနေဖြင့် ကျယ်ပြန့်သည့် ပြောင်းလဲ မှုကို ရည်ရွယ်ကာနည်းပညာအသစ်များကို အားစိုက်တီထွင်ဖန်တီးမည်ဖြစ်ကာ ၎င်းတို့တွင် သမားရိုးကျလောင်စာဆီသုံးကားများမှ စ၍စွမ်းအင်အသစ် အသုံးပြုသည့်ကားများ အထိပါဝင်ပါသည်။

Chery ၏အနာဂတ်နည်းပညာဆိုင်ရာ မဟာဗျူဟာများတွင် အလေးထားသည့် – တတိယမျိုးဆက် PHEV Hybrid နည်းပညာ အား Conference တွင်သေချာစွာ မိတ်ဆက်ရှင်းလင်းတင်ပြခဲ့သည်။ ထို့အပြင် Chery သည် Intelligence အတွက် R and D ကိုလုပ်ဆောင်ရန် ကတိပြုခဲ့ပြီး ပို၍ အဆင့်မြင့်သည့် Intelligent Cabin များကို တည်ဆောက်ခြင်းနှင့် Brand ၏သမားရိုးကျ ပို့ဆောင်ရေး ယာဥ်များအား Intelligent Mobile Terminal အဖြစ်သို့ ကူးပြောင်းရန်တို့ကိုလည်း ကတိပြုခဲ့ပါသည်။

Chery သည်သုံးစွဲသူများ၏ လိုအပ်ချက်များ ပြောင်းလဲခြင်းကို လိုက်ဖက်အောင်စီစဥ်ပေးခြင်း / ပို၍ လေးနက်ပြီး ပုံမှန်ဝန်ဆောင်မှုထက် တပန်းသာသည့် ဝန်ဆောင်မှုများကို စီစဥ်ပေးခြင်း / အခြေခံကျပြီးပြည့်စုံလုံလောက်သည့် Ecosystem ကိုဖန်တီးခြင်း / နည်းပညာများနှင့် အသုံးပြုသူကို အဓိကထားသည့် ဝန်ဆောင်မှုများကို နီးကပ်စွာဖြင့် ကြိုးပမ်းအားထုတ်မည်ဖြစ်သည်။

အဆိုပါ Theme Conference တွင် – Chery သည် အစိုးရနှင့် ချိတ်ဆက်ပြီး Green Development ဆိုင်ရာ ပမာဏခြေလှမ်းကို မိတ်ဆက်ခဲ့ကာ ၎င်း၏ ရည်ရွယ်ချက်များကို သရုပ်ပြတင်ဆက်ခဲ့ပါသည်။ အလားတူ – စိမ်းလန်းသည့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမှုဆိုင်ရာအား လိုက်နာဆောင်ရွက်ခြင်းများ ကိုလည်းရှင်းလင်း တင်ဆက်ခဲ့ပါသည်။

ထို့အပြင် – Chery သည် Worldwide ရှိအရောင်းကိုယ်စားလှယ်ကြီးများအနက်မှ ထူးခြားသည့် စွမ်းဆောင်ရည်ရှိသူများအတွက် ဂုဏ်ပြုမှုနှင့် အတွေ့အကြုံမျှဝေခြင်းများကိုလည်း Conference တွင်စီစဥ်တင်ဆက်ပေးခဲ့ပါသည်။ Chery ၏ Global ဆိုင်ရာမဟာဗျူဟာထုတ်ပြန်ကြေငြာချက်တွင် Global Dealer ကြီးများ အကြားခိုင်မြဲသည့် ပေါင်းစည်းညီညွတ်မှုနှင့် အနာဂတ်ဖွံ့ဖြိုးမှု အတွက်လေးနက်စွာ ယုံကြည်ခြင်းတို့ကို ဖေါ်ပြထားပါသည်။

အနာဂတ်တွင် Chery သည်၎င်း၏ အားထုတ်မှုမှန်သမျှအား World Class Automotive Brand အဆင့်သို့ ရည်မှန်းပြီး ပြင်းပြသည့် ရည်မှန်းချက်များဖြင့် အားထုတ်မြှုပ်နှံမည်ဖြစ်ပြီး ရှေ့သို့ကောင်းစွာ လှမ်းချီနိုင်ရန် အလေးအနက်ကြိုးစားမည်ဟု ကြေငြာထားပါသည်။

#DriveMediaMyanmar