Unicode version..
ကားတွေအများကြီး မြန်မာကိုရောက်လာတော့ ရွေးချယ်စရာတွေအများကြီးဖြစ်လာခဲ့ပါတယ်။ ကားဘရန်းတွေ အများကြီးနဲ့ မော်တော်ယာဉ်များသည် ရွေးချယ်ဖို့ခက်တဲ့ ပုံမှန်အခြေခံပေါ်မှာပဲ မိတ်ဆက်ဖော်ပြခဲ့ပါတယ်။ ဒီတော့ DRIVE မဂ္ဂဇင်းရဲ့ မိတ်ဆက်စာမျက်နှာမှာ သင့်ကိုကူညီနိုင်ဖို့ နောက်ဆုံးရွေးချယ်တဲ့နည်းလမ်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
CHEVROLET
မော်ဒန် အမေရိကန်စတိုင်
ဇွန်လ ၁၈ ရက်နေ့၊ Pacific Alpine Myanmar ကနေ Chevrolet models အသစ်နှစ်စီးကို ရန်ကုန်မှာရှိတဲ့ 3S center တွင် မိတ်ဆက်ခဲ့ပါတယ်။ တစ်စီးက 3S center ဖြစ်ပြီး မျိုးဆက် (၃)ခုမြောက် 3S center
ဆီဒန် အမျိုးအစားဖြစ်ပါတယ်။ နောက်တစ်စီးကတော့ Chevrolet Suburban ဖြစ်ပါတယ်။ ၄င်းကတော့ တကယ့်ကားအကြီးစားဖြစ်ပြီး လုံးဝ SUV Type ဖြစ်ပါတယ်။
sail-back sail-fr chevrolet-sail-3-11copy
CHEVROLET SAIL
Package သေးသော်လည်း ကောင်းမွန်ခြင်း
သင်သည် သင့်ကားရဲ့ ပထမဆုံးကားကို အမြဲသတိရနေမှာပါ။ လူတိုင်းရဲ့ ပထမဦးဆုံးမောင်းနှင်ခဲ့တဲ့ကားဖြစ်ဖို့ Chevrolet Sail ကရည်ရွယ်ချက်ကြီးကြီးထားခဲ့တာပါ။ ထို Chevrolet Sail က ကားပထမဦးဆုံးဝယ်တဲ့သူတွေ အတွက် ရည်ရွယ်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းက ကားသေးတစ်စီးရဲ့ မောင်းနှင်ရတဲ့ အတွေ့အကြုံ၊ သွက်လက် ကျွမ်းကျင်တဲ့ ကားမောင်းနှင်ကိုင်တွယ်မှု၊ နေရာကို အဆင်ပြေစွာ အသုံးချမှုတို့ကို ပျော်ရွှင်သင့်ပါတယ်။
ထို တရုတ်မှာတည်ဆောက်ထားတဲ့ Chevrolet Sail ရဲ့ 1.5L DVVT အင်ဂျင်က မြင်းကောင်ရေ 110bhp
ကိုထုတ်ပါတယ်။ အင်ဂျင်လိမ်အားကတော့ 141 Nm ရှိပြီး ကီလိုမီတာ ၁၀ဝ ကို ၅ ဒသမ ၄ လီတာ ဆီစားရှိပါတယ်။ ကိုယ်ထည်သေးငယ်သော်လည်း ကိုယ်ထည်ဖွဲ့စည်းမှု frame တွေကို သန်မာပြီး စိတ်ချရစေဖို့ တည်ဆောက်ထားပါတယ်။ ချောမွတ်တဲ့ screen နဲ့ သင့်တင့်တဲ့ အသံပိုင်းစနစ်တွေကဲ့သို့ အမြင့်စားကားတော်တော်များများမှာ မျှော်လင့်နိုင်တဲ့ အကောင်းစားတွေကို ရရှိနိုင်ပါတယ်။16chsu35_suburban_byo_interior_6k_f02-copy 2016-chevrolet-chevy-suburban-2500-diesel chev-suburban-interior
CHEVROLET SUBURBAN
Option တိုင်းရရှိနိုင်ခြင်း
Chevrolet Suburban ကတော့ ဒဏ္ဍာရီတစ်ခုရဲ့တစ်စုံတစ်ရာဖြစ်ပါတယ်။ အမည်နဲ့ ထိုကြီးမားတဲ့ယာဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ၄င်းကို ထုတ်လုပ်ခဲ့တဲ့ ၁၉၃၅ ခုနှစ်ကနေ ယနေ့အထိ အတောအတွင်းကို ခြေရာလက်ရာမပျက်ဘဲ တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ မျိုးဆက် ၁၁ခုမြောက်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းသည် သူ့အရင် မော်ဒယ်တွေနဲ့ တူကောင်းတူနိုင်ပါတယ်။ ဒါပေမဲ့ နည်းပညာကတော့ (၂) နှစ်အကြာမှ အခြားအဆင့်တစ်ခုပေါ်မှာဖြစ်ပါတယ်။ ပြီးတော့ ၄င်းက သင်လိုတဲ့နေရာတိုင်းမှာ Power port တွေ၊ နောက်ထိုင်ခုံက ဖျော်ဖြေရေး screen တွေနဲ့ အခြားသောအရာများနဲ့
သာယာအဆင်ပြေမှုကိုပေးစွမ်းပါတယ်။
၅ ဒသမ ၃ လီတာရှိတဲ့ EcoTec3 V8 engine ပါရှိပြီး လေးဘီးမောင်းစနစ်ဖြစ်ပါတယ်။ ပါဝါထိန်းချုပ်မှု လက်ကိုင်ခလုတ်နဲ့ အဆုံးမရှိတဲ့ လုံခြံုရေး အစိတ်အပိုင်းတွေပါဝင်ပါတယ်။ နောက်ပြီး လမ်းပေါ်မှာ တည့်တည့်မောင်းနှင်နိုင်စေတဲ့ lane-keep အကူစနစ်နဲ့စသည့် အစိတ်အပိုင်းများစွာတို့ ပါဝင်ပါတယ်။ ဒေါ်လာ ၁၆၉ဝဝဝ ကုန်ကျမှာ ဖြစ်ပြီး ၄င်းကားသည် သင့်ရဲ့ဖြစ်နိုင်တဲ့ အိပ်မက်တွေမှန်သမျှကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ ထိုကားရဲ့ စနစ်များသည် သင့်ရဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပါတယ်။
၄င်းရဲ့ နောက်ဆုံးထင်ရှားတဲ့အမှတ်အသားအနေနဲ့ စတိုင်ကို ခေတ်မီစွာ တပ်ဆင်ထားပါတယ်။ ကားရဲ့ခေါင်းမိုးများသည် အဓိကအချက်တစ်ခုအနေနဲ့ လက်တွေ့ကျအသုံးဝင်စွာ ကြီးမားသောကားကို ခြေရာလက်ရာမပျက်ရှိစေပါတယ်။ ဒါဟာ အမေရိကန်ကားတစ်စီးကဲ့သို့ဖြစ်ပါတယ်။
FORD
အကြမ်းစားကား
ဇွန်လ ၂၁ ရက်တွင် Ford နဲ့ ၄င်းရဲ့ပြည်တွင်းပါတနာ Capital Automotive Limited တို့သည် ကြံ့ခိုင်သန်မာတဲ့ မော်တော်ယာဉ်နှစ်စီးကို ရောင်းချခဲ့ပါတယ်။ Ranger ပစ်ကပ်ထရပ်ကားနဲ့ Everest SUV တို့ဖြစ်ကြပါတယ်။ နှစ်စီးလုံးသည် သင်မောင်းနှင်လိုတဲ့ ခရီးတိုင်းကို သွားလာနိုင်တဲ့ ကြီးမားလေးလံတဲ့ ကိုယ်ထည်နဲ့ဖြစ်ပြီး အခန်းကတော့ 4X4s ရှိပါတယ်။ လမ်းကြမ်းတောင်ကုန်းတွေပဲ တက်မလား။ စမ်းချောင်းတွေပဲ ဖြတ်မလားပေါ့။ နှစ်စီးစလုံးသည် လေးဘီးမောင်းစနစ်ဖြစ်ပြီး ဆလွန်းကားတစ်စီးရဲ့ ပြီးပြည့်စုံမှုကို ပေးစွမ်းပါတယ်။
FORD RANGER
ပြီးပြည့်စုံမှုနဲ့ စတိုင်ကျမှုထဲတွင် ထရပ်ကားများကို မောင်းနှင်ခြင်း
ခေတ်မီတဲ့ Ranger သည် XLT မော်ဒယ်နှစ်ခုထဲမှာ လာပါတယ်။ မိသားစုတစ်စုလုံး စီးနင်းနိုင်ပြီး ခွေး၊ စက်ဘီး၊ ကားအနောက်ဘက်မှာ အာလူး ကီလို (၁၀ဝ) လောက်တင်နိုင်တဲ့ စတဲ့ ပစ္စည်းများများသယ်နိုင်တဲ့ နှစ်ခန်းတွဲ ထရပ်အသစ်ကိုလည်း ရနိုင်ပါတယ်။
Ranger တွေမှာ အခု လုံခြံုရေး Feature တွေပါပါတယ်။ ဘေးဘက်တွေမှာ လေအိတ်တွေပါပြီး လျှပ်စစ်တည်ငြိမ်မှုတွေနဲ့ အခြားဒရိုင်ဘာလိုအပ်တဲ့အရာတွေ ပါဝင်ပါတယ်။ ပါဝါကတော့ ဆီစား ၁၂ရာခိုင်နှုန်းလောက် သက်သာပါတယ်။
Ranger XLT ကို အမည်း၊ ရွှေရောင်၊ အလူမီနီယံ သတ္တု၊ မီးခိုး စတဲ့
အရောင် (၅)မျိုးထဲမှာ ရရှိနိုင်ပါတယ်။ မြင်းကောင်ရေ ၁၆၀ ထုတ်နိုင်တဲ့
၂ ဒသမ ၂ လီတာ (ဒါမှမဟုတ်) မြင်းကောင်ရေ ၂၀ဝ ထုတ်နိုင်တဲ့
၃ ဒသမ ၂ လီတာ Duratorq five-cylinder TDCi အင်ဂျင်၊ အော်တို ဂီယာ (၆) ချက်စတဲ့ ရွေးချယ်မှုထဲမှာဖြစ်ပါတယ်။ Ranger သည် မြန်မာရဲ့ စွမ်းအားအပြည့်ဆုံး ပစ်ကပ်ဖြစ်ပါတယ်။
Ford Ranger ပုံမှန် cab ကို ဒေါ်လာ ၂၁ဝဝဝ ကနေစထားပြီး Duratorq five-cylinder TDCi
ကို ဒေါ်လာ ၂၇၅၀ဝ ကနေစထားကာ Ranger Double Cab XLT ကို ဒေါ်လာ ၄၂ဝဝဝ ကနေ စထားပါတယ်။
ford-range-front fordranger2016_01
FORD EVEREST
SUV နဲ့ ဘယ်နေရာပဲဖြစ်ဖြစ်သွားလိုက်ပါ။
Everest ကဲ့သို့ အမည်တစ်ခုနဲ့အတူ ထိုကားသည် တောင်တက်ရာမှာ ကောင်းမွန်လှတယ်ဆိုတာ သင်သိပါလိမ့်မယ်။ အခြား သဲ၊ ကျောက်တုံး၊ နှင်း စတဲ့ နေရာမှာလည်း သွားနိုင်ပါတယ်။
တစ်ချိန်တည်းမှာဘဲ ထိုကားအမျိုးအစားသည် ပြည့်စုံစေပြီး ကလေးအများကြီးရှိတဲ့သူတွေနဲ့ သူငယ်ချင်းအများကြီးရှိတဲ့သူတွေအတွက် အနောက်မှာအဆင်ပြေတဲ့ ထိုင်ခုံ (၃) တန်းပါရှိပြီး မြို့တွင်း SUV တွေထဲမှာတော့ အကောင်းဆုံးပါပဲ။ အနောက်ထိုင်ခုံအတွက် လေအေးပေးစက်၊ ကင်မရာ၊ အသံဖြင့် ထိန်းချုပ်နိုင်ခြင်းနဲ့ အခြား ခေတ်မီကိရိယာများ များစွာပါဝင်ပါတယ်။
၄င်းရဲ့အမျိုးအစားထဲမှာတော့ အကြမ်းခံနိုင်ဆုံးကားအမျိုးအစားတစ်ခုပါပဲ။ Everest သည် ကျောင်းကားဟောင်းပုံစံ Frame ပုံစံရှိပြီး သွားလာလိုတဲ့ မြေအနေအထားကို ကောင်းကောင်းဖြတ်ကျော်နိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ အနီ၊ အမည်း၊ သတ္တု၊ ရွှေရောင်အပါအဝင် အရောင် (၈)ရောင်ရရှိနိုင်ပါတယ်။ ဈေးနှုန်းကတော့ မန်နျူးယယ် ဂီယာ (၆)ချက်၊ ၂ ဒသမ ၂ လီတာ ရှိတဲ့ Everest အတွက် ဒေါ်လာ
၆၂၂၅၀ ဖြစ်ပြီး အော်တို ဂီယာ (၆)ချက်၊ ၃ ဒသမ ၂ လီတာ ရှိ Everest တိုက်တေနီယမ်အတွက် ဒေါ်လာ ၈၉ဝဝဝ ဖြစ်ပါတယ်။
2016-ford-everest-03 2016-ford-everest-titanium-suv-tms-11 ford-everest-2015-10
Zawgyi version…
ကားေတြအမ်ားၾကီး ျမန္မာကိုေရာက္လာေတာ့ ေရြးခ်ယ္စရာေတြအမ်ားၾကီးျဖစ္လာခဲ့ပါတယ္။ ကားဘရန္းေတြ အမ်ားၾကီးနဲ႔ ေမာ္ေတာ္ယာဥ္မ်ားသည္ ေရြးခ်ယ္ဖို႔ခက္တဲ့ ပံုမွန္အေျခခံေပၚမွာပဲ မိတ္ဆက္ေဖာ္ျပခဲ့ပါတယ္။ ဒီေတာ့ DRIVE မဂၢဇင္းရဲ႕ မိတ္ဆက္စာမ်က္ႏွာမွာ သင့္ကိုကူညီႏိုင္ဖို႔ ေနာက္ဆံုးေရြးခ်ယ္တဲ့နည္းလမ္းေတြကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။
CHEVROLET
ေမာ္ဒန္ အေမရိကန္စတိုင္
ဇြန္လ ၁၈ ရက္ေန႔၊ Pacific Alpine Myanmar ကေန Chevrolet models အသစ္ႏွစ္စီးကို ရန္ကုန္မွာရွိတဲ့ 3S center တြင္ မိတ္ဆက္ခဲ့ပါတယ္။ တစ္စီးက 3S center ျဖစ္ၿပီး မ်ိဳးဆက္ (၃)ခုေျမာက္ 3S center
ဆီဒန္ အမ်ိဳးအစားျဖစ္ပါတယ္။ ေနာက္တစ္စီးကေတာ့ Chevrolet Suburban ျဖစ္ပါတယ္။ ၄င္းကေတာ့ တကယ့္ကားအၾကီးစားျဖစ္ၿပီး လံုးဝ SUV Type ျဖစ္ပါတယ္။
CHEVROLET SAIL
Package ေသးေသာ္လည္း ေကာင္းမြန္ျခင္း
သင္သည္ သင့္ကားရဲ႕ ပထမဆံုးကားကို အၿမဲသတိရေနမွာပါ။ လူတိုင္းရဲ႕ ပထမဦးဆံုးေမာင္းႏွင္ခဲ့တဲ့ကားျဖစ္ဖို႔ Chevrolet Sail ကရည္ရြယ္ခ်က္ႀကီးႀကီးထားခဲ့တာပါ။ ထို Chevrolet Sail က ကားပထမဦးဆံုးဝယ္တဲ့သူေတြ အတြက္ ရည္ရြယ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ လူတိုင္းက ကားေသးတစ္စီးရဲ႕ ေမာင္းႏွင္ရတဲ့ အေတြ႔အႀကံဳ၊ သြက္လက္ ကြ်မ္းက်င္တဲ့ ကားေမာင္းႏွင္ကိုင္တြယ္မႈ၊ ေနရာကို အဆင္ေျပစြာ အသံုးခ်မႈတို႔ကို ေပ်ာ္ရႊင္သင့္ပါတယ္။
ထို တ႐ုတ္မွာတည္ေဆာက္ထားတဲ့ Chevrolet Sail ရဲ႕ 1.5L DVVT အင္ဂ်င္က ျမင္းေကာင္ေရ 110bhp
ကိုထုတ္ပါတယ္။ အင္ဂ်င္လိမ္အားကေတာ့ 141 Nm ရွိၿပီး ကီလိုမီတာ ၁၀ဝ ကို ၅ ဒသမ ၄ လီတာ ဆီစားရွိပါတယ္။ ကိုယ္ထည္ေသးငယ္ေသာ္လည္း ကိုယ္ထည္ဖြဲ႕စည္းမႈ frame ေတြကို သန္မာၿပီး စိတ္ခ်ရေစဖို႔ တည္ေဆာက္ထားပါတယ္။ ေခ်ာမြတ္တဲ့ screen နဲ႔ သင့္တင့္တဲ့ အသံပိုင္းစနစ္ေတြကဲ့သို႔ အျမင့္စားကားေတာ္ေတာ္မ်ားမ်ားမွာ ေမွ်ာ္လင့္ႏိုင္တဲ့ အေကာင္းစားေတြကို ရရွိႏိုင္ပါတယ္။
CHEVROLET SUBURBAN
Option တိုင္းရရွိႏိုင္ျခင္း
Chevrolet Suburban ကေတာ့ ဒ႑ာရီတစ္ခုရဲ႕တစ္စံုတစ္ရာျဖစ္ပါတယ္။ အမည္နဲ႔ ထိုႀကီးမားတဲ့ယာဥ္ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ၄င္းကို ထုတ္လုပ္ခဲ့တဲ့ ၁၉၃၅ ခုႏွစ္ကေန ယေန႔အထိ အေတာအတြင္းကို ေျခရာလက္ရာမပ်က္ဘဲ တည္ရွိေနခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ မ်ိဳးဆက္ ၁၁ခုေျမာက္မွာ ျဖစ္ပါတယ္။ ဒီဇိုင္းသည္ သူ႔အရင္ ေမာ္ဒယ္ေတြနဲ႔ တူေကာင္းတူႏိုင္ပါတယ္။ ဒါေပမဲ့ နည္းပညာကေတာ့ (၂) ႏွစ္အၾကာမွ အျခားအဆင့္တစ္ခုေပၚမွာျဖစ္ပါတယ္။ ၿပီးေတာ့ ၄င္းက သင္လိုတဲ့ေနရာတိုင္းမွာ Power port ေတြ၊ ေနာက္ထိုင္ခံုက ေဖ်ာ္ေျဖေရး screen ေတြနဲ႔ အျခားေသာအရာမ်ားနဲ႔
သာယာအဆင္ေျပမႈကိုေပးစြမ္းပါတယ္။
၅ ဒသမ ၃ လီတာရွိတဲ့ EcoTec3 V8 engine ပါရွိၿပီး ေလးဘီးေမာင္းစနစ္ျဖစ္ပါတယ္။ ပါဝါထိန္းခ်ဳပ္မႈ လက္ကိုင္ခလုတ္နဲ႔ အဆံုးမရွိတဲ့ လံုၿခံဳေရး အစိတ္အပိုင္းေတြပါဝင္ပါတယ္။ ေနာက္ၿပီး လမ္းေပၚမွာ တည့္တည့္ေမာင္းႏွင္ႏိုင္ေစတဲ့ lane-keep အကူစနစ္နဲ႔စသည့္ အစိတ္အပိုင္းမ်ားစြာတို႔ ပါဝင္ပါတယ္။ ေဒၚလာ ၁၆၉ဝ၀ဝ ကုန္က်မွာ ျဖစ္ၿပီး ၄င္းကားသည္ သင့္ရဲ႕ျဖစ္ႏိုင္တဲ့ အိပ္မက္ေတြမွန္သမွ်ကို ျဖည့္ဆည္းေပးမွာျဖစ္ပါတယ္။ ထိုကားရဲ႕ စနစ္မ်ားသည္ သင့္ရဲ႕ စမတ္ဖုန္းနဲ႔ ခ်ိတ္ဆက္ႏိုင္ပါတယ္။
၄င္းရဲ႕ ေနာက္ဆံုးထင္ရွားတဲ့အမွတ္အသားအေနနဲ႔ စတိုင္ကို ေခတ္မီစြာ တပ္ဆင္ထားပါတယ္။ ကားရဲ႕ေခါင္းမိုးမ်ားသည္ အဓိကအခ်က္တစ္ခုအေနနဲ႔ လက္ေတြ႔က်အသံုးဝင္စြာ ၾကီးမားေသာကားကို ေျခရာလက္ရာမပ်က္ရွိေစပါတယ္။ ဒါဟာ အေမရိကန္ကားတစ္စီးကဲ့သို႔ျဖစ္ပါတယ္။
FORD
အၾကမ္းစားကား
ဇြန္လ ၂၁ ရက္တြင္ Ford နဲ႔ ၄င္းရဲ႕ျပည္တြင္းပါတနာ Capital Automotive Limited တို႔သည္ ႀကံ့ခိုင္သန္မာတဲ့ ေမာ္ေတာ္ယာဥ္ႏွစ္စီးကို ေရာင္းခ်ခဲ့ပါတယ္။ Ranger ပစ္ကပ္ထရပ္ကားနဲ႔ Everest SUV တို႔ျဖစ္ၾကပါတယ္။ ႏွစ္စီးလံုးသည္ သင္ေမာင္းႏွင္လိုတဲ့ ခရီးတိုင္းကို သြားလာႏိုင္တဲ့ ႀကီးမားေလးလံတဲ့ ကိုယ္ထည္နဲ႔ျဖစ္ၿပီး အခန္းကေတာ့ 4X4s ရွိပါတယ္။ လမ္းၾကမ္းေတာင္ကုန္းေတြပဲ တက္မလား။ စမ္းေခ်ာင္းေတြပဲ ျဖတ္မလားေပါ့။ ႏွစ္စီးစလံုးသည္ ေလးဘီးေမာင္းစနစ္ျဖစ္ၿပီး ဆလြန္းကားတစ္စီးရဲ႕ ၿပီးျပည့္စံုမႈကို ေပးစြမ္းပါတယ္။
FORD RANGER
ၿပီးျပည့္စံုမႈနဲ႔ စတိုင္က်မႈထဲတြင္ ထရပ္ကားမ်ားကို ေမာင္းႏွင္ျခင္း
ေခတ္မီတဲ့ Ranger သည္ XLT ေမာ္ဒယ္ႏွစ္ခုထဲမွာ လာပါတယ္။ မိသားစုတစ္စုလံုး စီးနင္းႏိုင္ၿပီး ေခြး၊ စက္ဘီး၊ ကားအေနာက္ဘက္မွာ အာလူး ကီလို (၁၀ဝ) ေလာက္တင္ႏိုင္တဲ့ စတဲ့ ပစၥည္းမ်ားမ်ားသယ္ႏိုင္တဲ့ ႏွစ္ခန္းတြဲ ထရပ္အသစ္ကိုလည္း ရႏိုင္ပါတယ္။
Ranger ေတြမွာ အခု လံုၿခံဳေရး Feature ေတြပါပါတယ္။ ေဘးဘက္ေတြမွာ ေလအိတ္ေတြပါၿပီး လွ်ပ္စစ္တည္ၿငိမ္မႈေတြနဲ႔ အျခားဒ႐ိုင္ဘာလိုအပ္တဲ့အရာေတြ ပါဝင္ပါတယ္။ ပါဝါကေတာ့ ဆီစား ၁၂ရာခိုင္ႏႈန္းေလာက္ သက္သာပါတယ္။
Ranger XLT ကို အမည္း၊ ေရႊေရာင္၊ အလူမီနီယံ သတၲဳ၊ မီးခိုး စတဲ့
အေရာင္ (၅)မ်ိဳးထဲမွာ ရရွိႏိုင္ပါတယ္။ ျမင္းေကာင္ေရ ၁၆၀ ထုတ္ႏိုင္တဲ့
၂ ဒသမ ၂ လီတာ (ဒါမွမဟုတ္) ျမင္းေကာင္ေရ ၂၀ဝ ထုတ္ႏိုင္တဲ့
၃ ဒသမ ၂ လီတာ Duratorq five-cylinder TDCi အင္ဂ်င္၊ ေအာ္တို ဂီယာ (၆) ခ်က္စတဲ့ ေရြးခ်ယ္မႈထဲမွာျဖစ္ပါတယ္။ Ranger သည္ ျမန္မာရဲ႕ စြမ္းအားအျပည့္ဆံုး ပစ္ကပ္ျဖစ္ပါတယ္။
Ford Ranger ပံုမွန္ cab ကို ေဒၚလာ ၂၁ဝ၀ဝ ကေနစထားၿပီး Duratorq five-cylinder TDCi
ကို ေဒၚလာ ၂၇၅၀ဝ ကေနစထားကာ Ranger Double Cab XLT ကို ေဒၚလာ ၄၂ဝ၀ဝ ကေန စထားပါတယ္။
FORD EVEREST
SUV နဲ႔ ဘယ္ေနရာပဲျဖစ္ျဖစ္သြားလိုက္ပါ။
Everest ကဲ့သို႔ အမည္တစ္ခုနဲ႔အတူ ထိုကားသည္ ေတာင္တက္ရာမွာ ေကာင္းမြန္လွတယ္ဆိုတာ သင္သိပါလိမ့္မယ္။ အျခား သဲ၊ ေက်ာက္တံုး၊ ႏွင္း စတဲ့ ေနရာမွာလည္း သြားႏိုင္ပါတယ္။
တစ္ခ်ိန္တည္းမွာဘဲ ထိုကားအမ်ိဳးအစားသည္ ျပည့္စံုေစၿပီး ကေလးအမ်ားႀကီးရွိတဲ့သူေတြနဲ႔ သူငယ္ခ်င္းအမ်ားႀကီးရွိတဲ့သူေတြအတြက္ အေနာက္မွာအဆင္ေျပတဲ့ ထိုင္ခံု (၃) တန္းပါရွိၿပီး ၿမိဳ႕တြင္း SUV ေတြထဲမွာေတာ့ အေကာင္းဆံုးပါပဲ။ အေနာက္ထိုင္ခံုအတြက္ ေလေအးေပးစက္၊ ကင္မရာ၊ အသံျဖင့္ ထိန္းခ်ဳပ္ႏိုင္ျခင္းနဲ႔ အျခား ေခတ္မီကိရိယာမ်ား မ်ားစြာပါဝင္ပါတယ္။
၄င္းရဲ႕အမ်ိဳးအစားထဲမွာေတာ့ အၾကမ္းခံႏိုင္ဆံုးကားအမ်ိဳးအစားတစ္ခုပါပဲ။ Everest သည္ ေက်ာင္းကားေဟာင္းပံုစံ Frame ပံုစံရွိၿပီး သြားလာလိုတဲ့ ေျမအေနအထားကို ေကာင္းေကာင္းျဖတ္ေက်ာ္ႏိုင္တဲ့ စြမ္းအားေတြရွိပါတယ္။ အနီ၊ အမည္း၊ သတၲဳ၊ ေရႊေရာင္အပါအဝင္ အေရာင္ (၈)ေရာင္ရရွိႏိုင္ပါတယ္။ ေဈးႏႈန္းကေတာ့ မန္ႏ်ဴးယယ္ ဂီယာ (၆)ခ်က္၊ ၂ ဒသမ ၂ လီတာ ရွိတဲ့ Everest အတြက္ ေဒၚလာ
၆၂၂၅၀ ျဖစ္ၿပီး ေအာ္တို ဂီယာ (၆)ခ်က္၊ ၃ ဒသမ ၂ လီတာ ရွိ Everest တိုက္ေတနီယမ္အတြက္ ေဒၚလာ ၈၉ဝ၀ဝ ျဖစ္ပါတယ္။