Unicode version..

တန်ချောင်မော်တာ(မြန်မာ)မှ ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်သော Nissan Sunny ကားသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီလက စတင်မိတ်ဆက်ခဲ့သည်။ပြည်တွင်းကားအသုံးပြုသူများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသော Nissan Sunny သည်ယခုအခါ နည်းပညာသစ်၊ဒီဇိုင်းသစ်များဖြင့်ထုတ်လုပ်လာခဲ့ခြင်းဖြစ်ကာ ၁၀ ဆက်မြောက်မျိုးဆက်လည်းဖြစ်သည်။အဆိုပါကားတွင် 1.5 L ဓါတ်ဆီအင်ဂျင်ကို အသုံးပြုထားပြီး Manual,Auto Gear နှစ်မျိုးလုံးရရှိနိုင်သည်။ Push Start စနစ်ပါ၀င်ပြီး အဝေးထိန်းသော့စနစ်၊ အလိုအလျောက်အပူထိန်းချူပ်စနစ်၊ကြည့်ရလွယ်ကူသည့် မီတာပြခွက်နှင့် အချက်လက်ပြ ဖန်သားပြင်၊ကားနောက်ခန်းပန်ကာ၊Engine Start Stop စနစ်တို့ပါ၀င်ပါသည်။

အဆင့်မြင့်ဆီဒင်အမျိုးအစားဖြစ်ပြီး ခန့်ညားထည်ဝါခြင်း၊နေရာကျယ်ဝန်းခြင်း၊သက်သောင့်သက်သာ ရှိခြင်း၊အရည်အသွေးမြင့်မားသောပစ္စည်းများကိုသာသုံးထားသော်လည်း တန်ဖိုးနည်းကားတစ်စင်းဖြစ်ခြင်း တို့ကြောင့် ပြည်တွင်းကားချစ်သူများ အကြိုက်တွေ့မည့်ကားတစ်စီးဟု တန်ချောင်မော်တာမှ ယုံကြည်နေသည်။ထို့ပြင် လုံခြုံရေးအထောက်အကူပြုအနေဖြင့် Anti-Lock Braking System (ABS),Electronic Brake-Force Distribution (EBD) နှင့် Brake Assit(BA) စနစ်တို့ပါ၀င်ပါသည်။ ရှေ့လေအိတ်နှစ်လုံးတပ်ဆင်ထားကာ ကားကိုယ်ထည်ဒီဇိုင်းကိုလည်း အတိုက်ခံရပါက စီးနင်းသူဒဏ်ရာရရှိမှု လျော့နည်းအောင်ပြုလုပ်တည်ဆောက်ထားသည်။

Nissan Sunny ကားသစ်ကို အရောင် ၄ မျိုးနှင့် ဂရိတ် ၃ မျိုးရွေးချယ်ဝယ်ယူနိုင်ပြီး Basic Grade ကို ကျပ်၂၀၆ သိန်း ++ မှစတင်ပြီး ၀ယ်ယူနိုင်ပါသည်။

Zawgyi version..

တန္ေခ်ာင္ေမာ္တာ(ျမန္မာ)မွ ျပည္တြင္းတြင္တပ္ဆင္ထုတ္လုပ္ေသာ Nissan Sunny ကားသစ္ကုိ ျပီးခဲ့သည္႔ ဇန္န၀ါရီလက စတင္မိတ္ဆက္ခဲ့သည္။ျပည္တြင္းကားအသုံးျပဳသူမ်ားႏွင့္ ရင္းႏွီးက်ြမ္း၀င္မွဳရွိေသာ Nissan Sunny သည္ယခုအခါ နည္းပညာသစ္၊ဒီဇုိင္းသစ္မ်ားျဖင့္ထုတ္လုပ္လာခဲ့ျခင္းျဖစ္ကာ ၁၀ ဆက္ေျမာက္မ်ိဳးဆက္လည္းျဖစ္သည္။အဆုိပါကားတြင္ 1.5 L ဓါတ္ဆီအင္ဂ်င္ကုိ အသုံးျပဳထားျပီး Manual,Auto Gear ႏွစ္မ်ိဳးလုံးရရွိႏုိင္သည္။ Push Start စနစ္ပါ၀င္ျပီး အေ၀းထိန္းေသာ့စနစ္၊ အလုိအေလ်ာက္အပူထိန္းခ်ဴပ္စနစ္၊ၾကည့္ရလြယ္ကူသည့္ မီတာျပခြက္ႏွင့္ အခ်က္လက္ျပ ဖန္သားျပင္၊ကားေနာက္ခန္းပန္ကာ၊Engine Start Stop စနစ္တုိ႕ပါ၀င္ပါသည္။

အဆင့္ျမင့္ဆီဒင္အမ်ိဳးအစားျဖစ္ျပီး ခန္႔ညားထည္၀ါျခင္း၊ေနရာက်ယ္၀န္းျခင္း၊သက္ေသာင့္သက္သာ ရွိျခင္း၊အရည္အေသြးျမင့္မားေသာပစၥည္းမ်ားကုိသာသုံးထားေသာ္လည္း တန္ဖုိးနည္းကားတစ္စင္းျဖစ္ျခင္း တုိ႔ေၾကာင့္ ျပည္တြင္းကားခ်စ္သူမ်ား အၾကိဳက္ေတြ႕မည္႔ကားတစ္စီးဟု တန္ေခ်ာင္ေမာ္တာမွ ယုံၾကည္ေနသည္။ထုိ႔ျပင္ လုံျခဳံေရးအေထာက္အကူျပဳအေနျဖင့္ Anti-Lock Braking System (ABS),Electronic Brake-Force Distribution (EBD) ႏွင့္ Brake Assit(BA) စနစ္တုိ႔ပါ၀င္ပါသည္။ ေရွ႕ေလအိတ္ႏွစ္လုံးတပ္ဆင္ထားကာ ကားကုိယ္ထည္ဒီဇုိင္းကုိလည္း အတုိက္ခံရပါက စီးနင္းသူဒဏ္ရာရရွိမွဳ ေလ်ာ့နည္းေအာင္ျပဳလုပ္တည္ေဆာက္ထားသည္။

Nissan Sunny ကားသစ္ကုိ အေရာင္ ၄ မ်ိဳးႏွင့္ ဂရိတ္ ၃ မ်ိဳးေရြးခ်ယ္၀ယ္ယူႏုိင္ျပီး Basic Grade ကုိ က်ပ္၂၀၆ သိန္း ++ မွစတင္ျပီး ၀ယ္ယူႏုိင္ပါသည္။