2022 Model အနေဖြင့် ထွက်ရှိမည့် Cadillac CT4-V Black wing နှင့် CT5-V Black wing Model များတွင် GM အနေဖြင့် ( 3 D – Printed ) နည်းပညာအား ပထမဆုံး မိတ်ဆက် ထည့်သွင်းမည်ဖြစ်သည်။ အလားတူ Shift Knob အပေါ်တွင် တံဆိပ်ပြားကို လှပစွာ ထည့်သွင်း ထားသည့် Manual Transmission ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ Cadillac အနေဖြင့် Manual Gearbox စနစ်နှင့် ထူးခြားသည့် 3D Printing နည်းပညာတို့ကို ဖန်တီးရခြင်းမှာ ဆန်းသစ်သည့် ဖန်တီးမှုအသစ်များကို Customer များအား ခံစားနိုင်ရန်အတွက်ဟု ဆိုထားပါသည်။ အဆိုပါ Features များအပြင် ( HVAC Ducts ) နှင့် ( Electrical Harness Bracket ) တို့ကိုလည်း ရရှိနိုင် မည်။ ( V Series ကိုနှစ်သက်သည့် Customer များ၏ တောင်းဆိုချက်များအရ Manual Gearbox ကိုတမူထူးခြားစွာ ဖန်တီးခြင်းဖြစ်သည်) ဟု ( Cadillac Performance Variant Manager ) ဖြစ်သူ Mirza Grebovic မှ ဆိုထားပါသည်။ ထို့အတူ U.S.A ရှိ Driving လိုင်စင်ရထားသည့် လူငယ်များအနက် (၆၆%) ခန့်သည် Manual Gear ကိုနှစ်သက်ကြသည်ဟု စစ်တမ်းများအရ သိရှိရသည်။ အထူးအားဖြင့် Performance ကို အထူးပြုသည့် Model များတွင် Auto နှင့် Manual ဂီယာပုံ( ၂ ) မျိုးလုံး ရရှိနိုင်ပါက ပိုမိုကောင်းမွန်သည်ဟုလည်း ကားချစ်သူအများစုမှ သတ်မှတ်ထား ပါသည်။ ထို့ကြောင့် Cadillac သည် Performance-Oriented Model ဖြစ်သည့် V-Series Model များအတွက် Manual Gearbox ကိုဖြည့်စွက်ထည့်သွင်းပေးခြင်းဖြစ်သည်။ Cadillac အနေဖြင့် Manual Gearbox တွင် နည်းပညာအသစ်များကို ပေါင်းစပ်ခြင်းဖြင့် အထူးခြားဆုံး စွမ်းဆောင်ရည်ကို ဖန်တီးပေးထားပါသည်။ CT 5-V တွင် ( 6.2 L V8 Engine ) ကို၎င်း ၊ CTS 4-V တွင် ( Twin-turbo 4.2 L V8 Engine ) ကို၎င်း တပ်ဆင်ထားပါမည်။