July နှင့် August ၂ လအတွင်း CarsDB တွင် အရောင်းအတင်ဆုံးကားအမျိုးအစား(၁၀)မျိုး
ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ် နှစ်လအတွင်း CarsDB တွင် အရောင်းအတင်ဆုံး ကားအမျိုးအစား (၁၀) မျိုးတွင် Honda ၏ နာမည်ကျော် မော်ဒယ်အခွဲတစ်ခုဖြစ်သည့် Fit က ထိပ်ဆုံး နံပါတ် (၁) နေရာမှဦးဆောင်လျက်ရှိသည်။ Fit ၏ နောက်တွင် ဇူလိုင်လအတွင်း၌ Toyota Wish ၊ Honda Insight ၊ Toyota ၏ လက်ခွဲ Daihatsu မှ ထုတ်လုပ်သော Hijet ၊ ကိုရီးယားကား ကုမ္ပဏီ Hyundai မှ ထုတ်လုပ်သော Starex ၊ လုပ်ငန်းသုံးယာဉ်ဖြစ်သည့် Hyundai Porter II ၊ Toyota Ractis ၊ Toyota Mark II ၊ အငှားယာဉ်အဖြစ် အသုံးအများဆုံးဖြစ်သောToyota Probox ၊ မိသားစုသုံးအတွက် သင့်လျော်သော Toyota Alpard တို့က အစဉ်လိုက် ရပ်တည်လျက်ရှိနေသည်။
သြဂုတ်လ ၁ ရက် မှ ၁၀ ရက်နေ့အထိ CarsDB တွင် အရောင်းအတင်ဆုံး ကားအမျိုးအစား (၁၀) မျိုးတွင်လည်း Honda Fit ကသာ ထိပ်ဆုံးမှ ရပ်တည်နေသည်။ ၎င်း၏ နောက်တွင် Honda ထုတ် Insight ၊ Daihatsu Hijet ၊ Toyota Ractis ၊ Hyundai Starex ၊ Toyota Fielder ၊ Toyota Alphard ၊ Hyundai Porter II ၊ Toyota Mark II တို့က အစဉ်လိုက် ရပ်တည်နေသည်။
နှစ်လအတွင်း ကားအရောင်းတင်မှု အများဆုံးစာရင်း၌ လုပ်ငန်းသုံးယာဉ်အဖြစ် Hijet ၊ Porter II ၊ Starex ၊ Probox နှင့် Fielder တို့သာ ပါဝင်ပြီး ကျန်ယာဉ်များမှ လူစီး/မိသားစုသုံး ယာဉ်များသာ ဖြစ်ကြသည်။
ဇူလိုင်လ ၁ ရက်မှ သြဂုတ်လ ၁၀ ရက်နေ့အထိ ကျွန်တော်များ CarsDB Website တွင် အရောင်းတင်မှု အများဆုံး ထိပ်တန်း ကားအမျိုးအစား ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
For July,
No model manufacturer
1 Fit Honda
2 Wish Toyota
3 Insight Honda
4 Hijet Daihatsu
5 Starex Hyundai
6 Porter II Hyundai
7 Ractis Toyota
8 Mark II Toyota
9 Probox Toyota
10 Alphard Toyota
For August
No model manufacturer
1 Fit Honda
2 Insight Honda
3 Wish Toyota
4 Hijet Daihatsu
5 Ractis Toyota
6 Starex Hyundai
7 Corolla Fielder Toyota
8 Alphard Toyota
9 Porter II Hyundai
10 Mark II Toyota
ယခုအစီအစဉ်ကို မြန်မာနိုင်ငံ၏ နံပါတ် ၁ ကားအရောင်းအ၀ယ်အွန်လိုင်းဝက်ဆိုက်ဒ် CarsDB မှပံ့ပိုးကူညီပါသည်။