Unicode version…
မျက်နှာသစ် တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီ NextEV သည် ဓာတ်ငွေ့ထုတ်လွှင့်လုံးဝ မရှိသည့် ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကားကို ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။
NIO မှာ ပိုင်ဆိုင်သည့် NextEV သည် Formula E ပြိုင်ပွဲဝင် ကားများ ထုတ်လုပ်နေသည့် ကုမ္ပဏီလည်း ဖြစ်သည်။ ယခုအခါ NextEV သည် ပေါင်(၁.၂)သန်းတန်ဖိုးရှိ ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကားကို ထုတ်လုပ်ခဲ့ပြီး အဆိုပါကား၏အမည်ကို EP9 ဟု ပေးထားသည်။ EP9 ကား၏ ဘော်ဒီကို ကာဗွန်ဖိုင်ဘာများဖြင့် ပြုလုပ်ထားပြီး ကားတစ်စီးလုံး၏ အလေးချိန်မှာ (၁၇၃၅)ကီလိုဂရမ်သာရှိပြီး နာမည်ကျော် LaFerrari ကားထက် ကီလိုဂရမ်(၂၀၀)လောက် လေးသည်။ ကားအတွင်းပိုင်းတွင်မူ ကာဗွန်ဖိုင်ဘာဖြင့် ပြုလုပ်ထားသည့် လူစီးထိုင်ခုံ(၂)ခုနှင့် Formula ကားများပုံစံကဲ့သို့ steering စနစ်နှင့် ကား၏စွမ်းဆောင်ရည်ကို ဖော်ပြမည့် Display touch screen ပါ၀င်သည်။
EP9 ကားသည် တစ်နာရီလျှင် ၁၉၄ မိုင် အထိ မောင်းနှင်နိုင်ရာ ယခင်က ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကား အဖြစ် ရပ်တည်နေသည့် Tesla ကားများထက်ပင် ပိုသာနေသည်။ Tesla ထုတ် လျှပ်စစ်ကားများသည် တစ်နာရီလျှင် မိုင် ၁၈၀ ခန့်သာ မောင်းနှင်နိုင်သည်။ EP9 ကို တည်ဆောက်ရာတွင် ဗြိတိန်နာမည်ကြီး ကားကုမ္ပဏီတစ်ခုက အကူအညီပေးခဲ့ကြောင်းလည်း သိရှိရသည်။
Zawgyi version…
မ်က္ႏွာသစ္ တ႐ုတ္လွ်ပ္စစ္ကားထုတ္လုပ္ေရး ကုမၸဏီ NextEV သည္ ဓာတ္ေငြ႕ထုတ္လႊင့္လုံး၀ မရွိသည့္ ကမၻာ့အျမန္ဆုံးလွ်ပ္စစ္ကားကုိ ထုတ္လုပ္လုိက္ၿပီ ျဖစ္သည္။
NIO မွာ ပုိင္ဆုိင္သည့္ NextEV သည္ Formula E ၿပိဳင္ပဲြ၀င္ ကားမ်ား ထုတ္လုပ္ေနသည့္ ကုမၸဏီလည္း ျဖစ္သည္။ ယခုအခါ NextEV သည္ ေပါင္(၁.၂)သန္းတန္ဖုိးရွိ ကမၻာ့အျမန္ဆုံးလွ်ပ္စစ္ကားကုိ ထုတ္လုပ္ခဲ့ၿပီး အဆုိပါကား၏အမည္ကုိ EP9 ဟု ေပးထားသည္။ EP9 ကား၏ ေဘာ္ဒီကုိ ကာဗြန္ဖုိင္ဘာမ်ားျဖင့္ ျပဳလုပ္ထားၿပီး ကားတစ္စီးလုံး၏ အေလးခ်ိန္မွာ (၁၇၃၅)ကီလုိဂရမ္သာရွိၿပီး နာမည္ေက်ာ္ LaFerrari ကားထက္ ကီလုိဂရမ္(၂၀၀)ေလာက္ ေလးသည္။ ကားအတြင္းပုိင္းတြင္မူ ကာဗြန္ဖုိင္ဘာျဖင့္ ျပဳလုပ္ထားသည့္ လူစီးထုိင္ခုံ(၂)ခုႏွင့္ Formula ကားမ်ားပုံစံကဲ့သုိ႔ steering စနစ္ႏွင့္ ကား၏စြမ္းေဆာင္ရည္ကုိ ေဖာ္ျပမည့္ Display touch screen ပါ၀င္သည္။
EP9 ကားသည္ တစ္နာရီလွ်င္ ၁၉၄ မုိင္ အထိ ေမာင္းႏွင္ႏုိင္ရာ ယခင္က ကမၻာ့အျမန္ဆုံးလွ်ပ္စစ္ကား အျဖစ္ ရပ္တည္ေနသည့္ Tesla ကားမ်ားထက္ပင္ ပုိသာေနသည္။ Tesla ထုတ္ လွ်ပ္စစ္ကားမ်ားသည္ တစ္နာရီလွ်င္ မုိင္ ၁၈၀ ခန္႔သာ ေမာင္းႏွင္ႏုိင္သည္။ EP9 ကုိ တည္ေဆာက္ရာတြင္ ၿဗိတိန္နာမည္ႀကီး ကားကုမၸဏီတစ္ခုက အကူအညီေပးခဲ့ေၾကာင္းလည္း သိရွိရသည္။