Unicode version…
(AUDI)သည် ၎င်း၏ နောက်ဆုံးပေါ် တီထွင်မှုတစ်ခုဖြစ်သည့် (48 Volt Electrical System)အား မကြာမှီ ဖြန့်ချီမည့် (A8 Sedan)တွင် စတင်ထည့်သွင်းမည် ဖြစ်ပါသည်။ အဆိုပါစနစ်သည် သာမန်ထက်များစွာ ဆန်းမှုရှိသည့် (Electric Supercharger)စနစ်တစ်မျိုးဖြစ်ပြီး (ဘတ်ကြိုးပုံစံ)ဖြင့် အသုံးပြုရသည့် (Alternator)နှင့် (Starter)တို့အား ပေါင်းစပ်ထားသည့် စနစ်လည်း ပူးတွဲပါ၀င်မည် ဖြစ်ပါသည်။
အဆိုပါစနစ်သည် ယာဉ်၏ စွမ်းဆောင်ရည်အား တိုးမြှင့်ပေးမည်မဟုတ်သော်လည်း(Engine Start/Stop)စနစ်အား ယခင်ကထက်များစွာ မြန်ဆန်ပြီး ထိရောက်မှုရှိစေပါသည်။သမားရိုးကျ (Engine Start/Stop)စနစ်များသည် (Engine Starter) ခလုတ်နှင့် ခြေနင်းဘရိတ်တို့အား တပြိုင်နက် ဖိနှိပ်၍ အသုံးပြုရမည့် ပုံစံဖြစ်ပါသည်။ ထိုပုံစံသည် စက္ကန့်အနည်းငယ် ကြာမြင့်လေ့ရှိပြီး သတိပြုရန် အချက်မှာ ယာဉ်အား အရေးပေါ် အခြေအနေနှင့် အနေအထားများ၌ (Starter)ပြုလုပ်ပါက ကား၏ လှုပ်ရှုားမှုကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိသည်ကို တွေ့ရပါသည်။
(Audi)၏ အဆိုပါစနစ်သစ်အား (အာရုံခံကိရိယာ)ဖြင့် အဓိကထိန်းချုပ်ထားမည်ဖြစ်ကာ စက်နှိုးလိုက် ပါက ချက်ချင်း အလုပ်လုပ်ဆောင်နိုင်သည့်အပြင် (Engine Stop)ပြုလုပ်ပါက ပုံမှန်စနစ်ထက် အချိန်အနည်း ငယ် အကြာ၌ အင်ဂျင်စက်ရပ်မည်ဖြစ်ပါ၍ အင်ဂျင်အတွက်များစွာ ထိရောက်မှု ရှိပါမည် ဖြစ်ပါသည်။ ထို့အပြင် ယာဉ်၏ အရှိန်နှုန််း (35 mph)မှ (99 mph)အတွင်း စက်သတ်ခဲ့ပါက (စက္ကန်ပ 40)အတွင်း စက်ရပ်ရန် ဖန်တီးထား ပါသည်။ အထက်ပါ အချက်များ အပြင် ၎င်း၏ (48 V Electrical System)သည် ယာဉ်၏ (Engine Motor)အစားယာဉ်၏ အင်ဂျင်နှင့်ဂီယာစနစ်တို့၏ လိုအပ်မည့် လျှပ်စစ်စွမ်းအင်ကိုလည်း ထုတ်လွှတ်ပေးနိုင်မည် ဖြစ်ပါသည်။
အဆိုပါ (Start/Stop System)အား (Audi)၏ မျိုးဆက်သစ် ကားဖြစ်သည့် (Audi A8 S)တွင် စတင် တပ်ဆင်မည် ဖြစ်ပါသည်။
Zawgyi version..