Mazda ကားများကိုတရားဝင်ရောင်းချခွင့်ရရှိထားသော Mazda Myanmar မှ The Next Generation Mazda CX-5 အား ပြီးခဲ့သည့်ဇန်နဝါရီ ၂၆ရက်နေ့က Yangon Restaurant တွင်ပြုလုပ်သွားခဲ့သည်။ ထိုကားမှာ နောက်ဆုံးပေါ်နည်းပညာများကို အခြေခံထားပြီး ယခင် CX-5 နှင့် ရှေ့ရုပ်ထွက်ပိုင်းသာမကဘဲ အတွင်း ပိုင်းပါဝင်မှုများပါ ကွာခြားသွားခဲ့သည်။ The Next Generation Mazda CX-5 မှာ SKYACTIV-G Engine 2.0 (Gasoline) , 5 seaters အဖြစ်ထုတ်လုပ်ထားပြီး Adaptive LED Headlights System, Auto High Beam Control System, Driver Attention Alert , Lane Keep Assist , Lane Departure Warning System , Advanced Smart City Brake , Multi-function Commander Control , Cruise Control , Sun roof, Active Driving Display တို့အပြင် Entertainment အနေဖြင့် Premium Bose Sound System ပါဝင်ပြီး Speaker 12 လုံးအသုံးပြုထားသည်။ ထို့အပြင် ကားအရောင်အနေဖြင့် ၁၀ ရောင်အထိရွေးချယ်ခွင့်ရှိပြီး အဆိုပါကားများကို ဂျပန်နိုင်ငံရှိစက်ရုံမှတိုက်ရိုက်တင်သွင်းရောင်းချခြင်းဖြစ်ကာ စျေးနှုန်းမှာ USD 69000 ဖြစ်ကြောင်း သိရသည်။
Unicode version….
Zawgyi version…