Nissan ၏နာမည်ကျော် Nismo သည် Fuji Speed way တွင် 2022 June 4 တွင်ကျင်းပမည့် – Japanese Super Taikyu Series 24 – Hour ကားပြိုင်ပွဲတွင် ထည့်သွင်းယှဉ်ပြိုင်မည့် 2023 Nissan Z အားမိတ်ဆက်ပြသလိုက်ပါသည်။ ST – Q Class ပြိုင်ပွဲတွင်ကား ( ၂ ) စင်းပါဝင်မည်ဟု Nismo Performance Division မှပြောကြားထားပြီး တစ်စင်းကို Nismo Factory Team မှမောင်းနှင်မည်ဖြစ်ပြီး နောက်တစ်စင်းအား ပြင်ပအဖွဲ့ဖြစ်သည့် Max Racing Team မှမောင်းနှင်ပါမည်။ ကားများအတွက်ကျွမ်းကျင်ယာဉ်မောင်း ( ၃ ) ဦးပါဝင်မည်ဖြစ်ပြီး Nissan သည် Premium GT 500 Class of Japan Super GT Series အတွက် Z ပြိုင်ကားအား မိတ်ဆက်ခဲ့ပါသည်။  Nismo သည်ယခုမိတ်ဆက်သည့် Z Model ၏ Detail အချက်များကိုမပြောကြားထားသော်လည်း ၎င်းသည် GT 500 Model ကဲ့သို့ကျယ်ဝန်းသည့်ကိုယ်ထည်နှင့် Massive Rear Wing , Roll Brake စသည့် Performance ဦးစားပေးသည့် Features များစွာကိုထည့်သွင်းထားပါမည်။

 

GT 500 Z Model တွင်အင်ဂျင်အနေဖြင့် – Rules-mandated 2.0 L Turbocharged I4 Engine , 650 hp အင်ဂျင်ပါဝင်မည်ဖြစ်ကာ Production Z Model တွင်မူ 3.0 L Twin-turbo V6 Engine , 400 hp အင်ဂျင်ကို အသုံးပြုထားပါမည်။ ST-Q Class အတွက်ဖန်တီးသည့် Z Race Car သည် Super Taikyu Series Class Model များနှင့်ဆက်စပ်မှုမရှိသည့် One-off Version ဖြစ်ပါမည်။ Nissan Z သည် U.S.A တွင်လည်းကားပြိုင်ပွဲ သမိုင်းမှတ်တိုင်များစွာရှိထားသည့် Model ဖြစ်သည်။ Road-going Z Model အား 2023 Nissan Z အနေဖြင့် U.S.A သို့ယခုနှစ်တွင်ရောင်းချပါမည်။

#DriveMediaMyanmar