Unicode version…

(Nissan)အနေဖြင့် နောက်ဆုံးပေါ် နည်းပညာတစ်မျိုးဖြစ်သည့် (အလိုအလျောက် စနစ်သုံး အရေးပေါ်ဘရိတ်-AEB)အား (2018)ထုတ်ကား (7)မျိုးတွင် စတင်ထည့်သွင်းမည်ဟု ကြေငြာလိုက်ပါသည်။ အဆိုပါစနစ်အား (Forward Emergency Braking)ဟုလည်း သိရှိကြပါသည်။ (AEB)စနစ်တွင် ရေဒါအား အဓိကအသုံးပြု၍ ယာဉ်၏ အရှေ့ဖက်သို့ ၀င်ရောက်လာမည့် အရာဝတ္ထုများအား တိုင်းတာပြီး (အန္တရာယ်ဇုံ) အတွင်း ရောက်လာပါက (အသံ)၊ (အလင်း) တို့ဖြင့် ယာဉ်မောင်းအား သတိပေးမည်ဖြစ်ပါသည်။ အကယ်၍ အဆိုပါ သတိပေးချက်အား ယာဉ်မောင်းမှာ ဂရုပြုမိခြင်း မရှိပါက အလိုအလျောက် (ဘရိတ်)ဖမ်းပေးမည် ဖြစ်ပါသည်။

ကမ္ဘာကျော် (NSTA)အဖွဲ့မှ အထက်ပါ (Automatic Braking)စနစ်များအား (2013)ခုနှစ်မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ပါသည်။ (2015)ခုနှစ်တွင် ထွက်ရှိခဲ့သည့် (NSTA)အစီရင်ခံစာ၌ (အရေးပေါ်သုံး အလိုအလျောက်ဘရိတ်ဖမ်းစနစ်များသည် ယာဉ်တိုက်မှုများမဖြစ်ပွားစေရန် သာမန်ထက် 35% ခန့် အာမခံပေး နိုင်ပါသည်)ဟု ဖော်ပြထားခဲ့ပါသည်။

(Nissan) ၏ (AEB)စနစ်အား (Safety and Driver Assist Features)များ ဖြစ်ကြသည့် (ပတ်လည်မြင်ကွင်းကျယ် ကင်မရာစနစ်) (Distance Control), (Blind-Spot Intervention), (Lane Keep Assit) နှင့် (Driver Alertness Monitor)တို့နှင့် တွဲဖက်တပ်ဆင်ထား မည််ဖြစ်ပါသည်။

သို့သော်လည်း အဆိုပါ (AEB)စနစ်အား (Nissan)၏ (Nismo Version)နှင့် (Manual Gear)သုံး ကားများတွင် ထည့်သွင်းထားမည် မဟုတ်ပါ။ အဆိုပါ (AEB) စနစ်အား (2018)ထုတ် (Nissan Models)များ ဖြစ်ကြသည့် (Rogue/Rogue Sport), (Altima) (Murano), (Armada), (Pathfinder), (Maxima) (Senta) စသည်တို့တွင် စတင်ထည့်သွင်းမည် ဖြစ်ပါသည်။

Zawgyi version..

(Nissan)အေနျဖင့္ ေနာက္ဆံုးေပၚ နည္းပညာတစ္မ်ိဳးျဖစ္သည့္ (အလိုအေလ်ာက္ စနစ္သံုး အေရးေပၚဘရိတ္-AEB)အား (2018)ထုတ္ကား (7)မ်ိဳးတြင္ စတင္ထည့္သြင္းမည္ဟု ေၾကျငာလိုက္ပါသည္။ အဆိုပါစနစ္အား (Forward Emergency Braking)ဟုလည္း သိရွိၾကပါသည္။ (AEB)စနစ္တြင္ ေရဒါအား အဓိကအသံုးျပဳ၍ ယာဥ္၏ အေရွ႔ဖက္သို႔ ၀င္ေရာက္လာမည့္ အရာ၀တၳဳမ်ားအား တိုင္းတာၿပီး (အႏၱရာယ္ဇံု) အတြင္း ေရာက္လာပါက (အသံ)၊ (အလင္း) တို႔ျဖင့္ ယာဥ္ေမာင္းအား သတိေပးမည္ျဖစ္ပါသည္။ အကယ္၍ အဆိုပါ သတိေပးခ်က္အား ယာဥ္ေမာင္းမွာ ဂရုျပဳမိျခင္း မရွိပါက အလိုအေလ်ာက္ (ဘရိတ္)ဖမ္းေပးမည္ ျဖစ္ပါသည္။

ကမၻာေက်ာ္ (NSTA)အဖြဲ႕မွ အထက္ပါ (Automatic Braking)စနစ္မ်ားအား (2013)ခုႏွစ္မွ စတင္၍ က်ယ္က်ယ္ျပန္႔ျပန္႔ ေလ့လာခဲ့ပါသည္။ (2015)ခုႏွစ္တြင္ ထြက္ရွိခဲ့သည့္ (NSTA)အစီရင္ခံစာ၌ (အေရးေပၚသံုး အလုိအေလ်ာက္ဘရိတ္ဖမ္းစနစ္မ်ားသည္ ယာဥ္တိုက္မႈမ်ားမျဖစ္ပြားေစရန္ သာမန္ထက္ 35% ခန္႔ အာမခံေပး ႏိုင္ပါသည္)ဟု ေဖာ္ျပထားခဲ့ပါသည္။

(Nissan) ၏ (AEB)စနစ္အား (Safety and Driver Assist Features)မ်ား ျဖစ္ၾကသည့္ (ပတ္လည္ျမင္ကြင္းက်ယ္ ကင္မရာစနစ္) (Distance Control), (Blind-Spot Intervention), (Lane Keep Assit) ႏွင့္ (Driver Alertness Monitor)တို႔ႏွင့္ တြဲဖက္တပ္ဆင္ထား မည္္ျဖစ္ပါသည္။

သို႔ေသာ္လည္း အဆိုပါ (AEB)စနစ္အား (Nissan)၏ (Nismo Version)ႏွင့္ (Manual Gear)သံုး ကားမ်ားတြင္ ထည့္သြင္းထားမည္ မဟုတ္ပါ။ အဆိုပါ (AEB) စနစ္အား (2018)ထုတ္ (Nissan Models)မ်ား ျဖစ္ၾကသည့္ (Rogue/Rogue Sport), (Altima) (Murano), (Armada), (Pathfinder), (Maxima) (Senta) စသည္တို႔တြင္ စတင္ထည့္သြင္းမည္ ျဖစ္ပါသည္။