Nissan သည် 2019 Tokyo ကားပြပွဲတွင် မိတ်ဆက်ပြသခဲ့သည့် Electric Ariya Concept အား Production Model အနေဖြင့် 2021 တွင် ထုတ်လုပ်မည်ဟု ကြေငြာလိုက်ပါသည်။ ၎င်းအား လက်ရှိထုတ်လုပ်ထားသည့် Leaf ထက်ပို၍ ကြီးသည့် Size ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး 2017 IMX Concept မှ ဖွံ့ဖြိုးပြောင်းလဲဖန်တီးသည့် Model လည်းဖြစ်ပါသည်။ ၎င်းတွင် အဆင့်မြင့်နည်းပညာ e – 4 ORCE twin – motor တို့ တပ်ဆင်ထားမည်ဖြစ်ပါသည်။ စွမ်းဆောင်ရည်နှင့် HP တို့အား ထုတ်ဖေါ်ပြောထားခြင်းမရှိသော်လည်း Nissan ၏ နာမည်ကျော် 370 Z Model ကဲ့သို့ အလွန် လျှင်မြန်သည့် Speed ဖြင့် ဖန်တီးထားမည်ဖြစ်ပါသည်။ ခန့်မှန်းခြေအရ 0 to 60 mph အား 5.0 Second ဖြင့် အမြန်ဆုံးရောက်ရှိနိုင်သည့် Power Output တို့ထည့်သွင်းထားပါမည်။ ဈေးနှုန်းအနေဖြင့် ( USD 40,000 ) ဝန်းကျင်ပတ်သတ်မှတ်ရောင်းချမည်ဟု ကျွမ်းကျင်သူများမှ ခန့်မှန်းထားပါသည်။ Ariya EV ၏ ဈေးကွက် ပြိုင်ဖက် Brands များမှာ Tesla Model Y ၊ Fisker Ocean ၊ Audi Q 4 E – Tron တို့ဖြစ်ကြပါသည်။
Zawgyi Version…..
Nissan Ariya – inspired EV ၌ အထူးလျှင်မြန်သည့် Performance ပါရှိမည်