Ford ၏ Reporter နှင့် Ram ၏ 1500 TRX 2020 Model တို့ ကဲ့သို့ Pickup Model အသစ်တမျိုးအား Nissan ၏ Australia Division နှင့် Engineering Firm ဖြစ်သည့် PREMACAR တို့ပူးပေါင်းကာ ဖန်တီးလိုက် ပါသည်။ ၎င်းသည် Nissan Navarra ကိုအခြေခံပြီး အဆင့်မြှင့်တင်မှုများစွာဖြင့် ဖန်တီးထားသည့် Model ဖြစ်ကာ Nissan Warrior ဟု အမည်ပေးထားပါသည်။ Nissan Warrior ၏ ဒီဇိုင်းတီးမှုနှင့် တည်ဆောက်မှုတို့အား Australia တွင်သာ ပြုလုပ်ဖန်တီးကာ ၎င်းတွင် ထူးခြားပေါ်လွင်သည့် အရှေ့ဖက် Bumper ၊ သာမန် Navara ထက်ပိုမြင့်သည့် Ground Clearance တို့အပြင် ကားအပြင်ဖက် အစိတ်အပိုင်းများကို ကာကွယ်ပေးထားသည့် Skid Plate များလည်းပါဝင်မည်။ Suspension Setup ကို အထူးကြံ့ခိုင်မှုရှိစေရန် ဖန်တီးထားမည့်အပြင် နေရာမရွေး အသုံးပြုနိုင်သည့် တာယာများ၊ Extra Light များကိုလည်း ပေါင်းစပ်ထည့်သွင်းထားမည်။၎င်းတွင် အင်ဂျင်အနေဖြင့် – 2.3 Liter ၊Twin Turbo Diesel Engine (190 hp) အင်ဂျင်ကို တပ်ဆင်ထားမည်ဖြစ်ကာ ( Twin Turbo ) စာတန်းကိုလည်း တံခါးများ တွင်တွေ့မြင်ရပါမည်။ Ford Range Raptor တွင်လည်း ( 2.0 L Turbo diesel ) ၊ (213 hp ) ကို ရရှိနိုင်ပါသည်။ အရွယ်ကြီးမားသည့် Pickup Truck များအား ယခုအခါ လူကြိုက်များလားသည့် အတွက် Car Brand များသည် တိုးချဲ့ဖန်တီး လာနိုင်ချေရှိပါသည်။ Nissan Warrior တွင် – ( 8.0 – inch Touchscreen ) ၊ ( Forward-collision Warning ) စသည့် Feature များပါဝင်ပါမည်။ Nissan Navara Pro-4x Warrior အား Australia တွင် ယခုနှစ်ကုန်တွင် စတင်ရောင်းချပါမည်။