နယ်သာလန်အခြေစိုက် ( Classic Young timers Consultancy in Netherlands ) သည် အထူးစီမံ ဖန်တီးထားသည့် Nissan GT-R Modify Model ကို ဖန်တီးလိုက်ပါသည်။ အဆိုပါ GT-R Model တွင် အဆင့်မြှင့်တင်ထားသည့် အင်ဂျင်စနစ်ပါဝင်ပြီး မြင်းကောင်ရေသည် ( 600 hp output ) ဖြစ်သည့် အတွက် အလွန်လျှင်မြန်ပြီး Performance ကောင်းကောင်းလည်း ရရှိသည်။ ကား၏ အပြင်ဖက် Modify ဖန်တီးမှုသည် ရင်သပ်ရှုမောဖွယ်ဖြစ်ပြီး ကား၏ Body အမြင့်ကို ( 4.7 – inch ) အထိ မြှင့်တင်ထားပြီး Suspension Setup ကောင်းကောင်း ၊ ထူထဲသည့် တာယာ အမျိုးအစားနှင့် GT-R ၏ Factory Wheel တို့ဖြင့် တန်ဆာဆင်ထားပါသည်။ ဘီးဝန်ရိုးများ ကိုလည်း Modify ပြုလုပ်ထားပြီး ကားအရှေ့ဖက်၊ ဘေးဖက်နံပါး နေရာတို့တွင်လည်း Extra Rubber များထည့်သွင်းထားသည့်အတွက် ဝံ့ကြွားသည့် ရုပ်ထွက် ဒီဇိုင်းဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ ပုံမှန် GT-R နှင့် မတူညီသည့်အချက် အနေဖြင့် Roof Bar နှင့် Spare Tire တို့ကိုလည်း ဝယ်ယူသူစိတ်ကြိုက်မှာယူနိုင်ရန် စီစဉ်ထားသည်။ ကား၏ အရှေ့ဖက် Bumper တွင် အလွန်ကြီးမားသည့် Off-Road မီးသီးကြီးနှင့် အမိုးပေါ်တွင် Light Bar တို့ကိုလည်း တပ်ဆင် ထားသည်။ အဆိုပါ GT-R Model သည် (ယူရိုကိုးသောင်းငါးထောင်) ခန့် ကျသင့်မည်ဖြစ်ပြီး အသစ်ထွက်ရှိထားသည့် GT-R Model ထက် အနည်းငယ် ဈေးသက်သာမည်။ Classic Young timers သည် Bentley Continental GT နှင့် Lamborghini Gallardo တို့ကိုလည်း Off – Road Version အဖြင့် အထူးစီမံဖန်တီးခဲ့ပါသည်။

18 Jul 2020
0