Unicode Version…
ရိုက်ကူးရေး ပြုလုပ်ချိန်က ည ၁၂ နာရီဝန်းကျင်၊နေရာက အသစ်ဖွင့်ထားတာမကြာသေးတဲ့ တံတားတစ်ခုအပေါ်၊ ၂၄ နာရီပတ်လုံး ကားတွေမရှင်းလင်းတဲ့ ရန်ကုန်မြို့ ရဲ့လက်ရှိအခြေအနေကြောင့် အချိန်တွေပိုယူရတယ်။ ပိုပြီး အာရုံစိုက်လုပ်နေရပါတယ်။ ဒါပေမဲ့ စပေါ့ကားတစ်စီးရဲ့အိတ်ဇော်ထဲကထွက်ကျလာတဲ့ မာန်ဖီနေတဲ့အသံ၊လှစ်လှစ်ထနေတဲ့ ဟန်ပန်ကိုတွေ့လိုက်ရတော့ Drive အဖွဲ့သားတွေလည်း တော်တော်လေးတက်ကြွလာတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရိုက်ကူးရေးအစီအစဉ်တစ်ခုစတင်ရ တော့မယ် ဆိုပြီးတော့ပေါ့။ လက်ရှိ Drive ရဲ့မျက်နှာဖုံးကဏ္ဍမှာ ပါဝင်ဖို့ရွေးချယ်ထားတာကတော့ Nissan GTR R34 ဆိုတဲ့ စပေါ့ ကားလေးပဲဖြစ်ပါတယ်။ စပေါ့ကားတစ်စီးရဲ့အကောင်းဆုံးဝိသေသလက္ခဏာကိုပြောပါဆိုရင် စွမ်းအားကြီးမားခြင်းလို့ပဲ အမည်တပ် ရပါ လိမ့်မယ်။ ဒီအထဲမှာ လျင်မြန်မှု၊ ခွန်အားကြီးမားမှု၊ တက်ကြွမှုဆိုတာတွေ ပေါင်းစပ်ပါဝင်လာဦးမှာဖြစ်ပါတယ်။ ဆိုတော့ကာ Nissan GTR R34 နဲ့ပတ်သက်တာလေးတွေကို လေ့လာကြည့်ကြဖို့ အချိန်ရောက်လာပြန်ပြီပေါ့နော်။

Nissan Skyline GTR ဆိုတာ…
Nissan Skyline GT-R စပေါ့ကားတွေဟာ ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ Nissan ရဲ့ Skyline စီးရီးထဲမှာ အခြေခံထားတဲ့ စပေါ့ကားအမျိုးအစား ဖြစ်ပါတယ်။ Skyline GT-R ကို ၁၉၆၉ နဲ့ ၁၉၇၂ ခုနှစ်အကြား model code KPGC10 အဖြစ်ပထမ ဆုံးထုတ်လုပ်ခဲ့တာဖြစ်ပြီး ထုတ်စက ဂျပန်ပြည်တွင်းမှာ touring car racing အဖြစ်ရည်ရွယ်ခဲ့တာပါ။ ၁၉၇၃ ခုနှစ်မှာတော့ ဒုတိယ မျိုးဆက်ကို ဖန်တီးထုတ်လုပ်ခဲ့ပြီး model code KPGC110 နဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ Skyline GT-R ကို ၁၆ နှစ်ကြာထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၈၉ ခုနှစ်အရောက်မှာတော့ Skyline GT-R ကိုပြန်လည်မွေးဖွားခဲ့ပြီး BNR32 (“R32”) အနေနဲ့ ထုတ်လုပ်လာခဲ့ပါတယ်။ R32 ဟာ Japanese Touring Car Championship ပြိုင်ပွဲမှာ ၄ နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့သလို Australian Touring Car Championship မှာလည်း ၃ နှစ်ဆက်တိုက်ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ပြန်ပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ နည်းပညာနဲ့ စွမ်းဆောင်ရည်ကြောင့် R32 GT-R ကို Australian ပုံနှိပ်မီဒီယာတစ်ခုဖြစ်တဲ့ Wheels ကနေပြီး “Godzilla” လို့နာမည်ပြောင်ပေးတင်စားခဲ့လို့ ယနေ့ထက်တိုင် GTR တွေက ဒီနာမည်ပြောင်နဲ့ အညီစွမ်းရည်မြင့်မားတဲ့ကား တွေကိုထပ်မံထုတ်လုပ်မှုတွေ ဆက်လက်ပြုလုပ်နိုင်ခဲ့ပါတယ်။ Skyline GT-R တွေဟာ Nissan ရဲ့ပြောင်မြောက်လှတဲ့ နည်းပညာတွေဖြစ်တဲ့ “ATTEST-E-TS PRO” (4WD System) နဲ့ AWD system တွေအပြင် အရမ်းကောင်းမွန်လှတဲ့ Nissan ရဲ့ Super-HICAS four-wheel steering စနစ်ကိုလည်း ရရှိခဲ့ပါတယ်။ ဒီစနစ်က စတီယာရင်မောင်းနှင်မှုကို အရမ်းကောင်းမွန်အောင် ကူညီလုပ်ဆောင်ပေးတဲ့ စနစ်လည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ drag racing, circuit track, time attack တွေအတွက် ဒီကားတွေကို ဝယ်ယူလေ့ရှိကြပါတယ်။ Skyline GT-R တွေကို ၂၀၀၂ သြဂုတ်လမှာ ထုတ်လုပ်မှုရပ်တန့်ခဲ့ပြီး သူတို့နေရာမှာ R35 နဲ့အစားထိုးခဲ့တာ ဒီနေ့အထိပါပဲ။ ဒါပေမဲ့ ဒီဇိုင်းပိုင်းရေးဆွဲမှု၊ ထုတ်လုပ်မှုတွေကိုတော့ တူညီတဲ့စက်ရုံမှာပဲပြုလုပ်ခဲ့ကြပါတယ်။ ထူးခြားတာတစ်ခုက Skyline GT-R တွေကို ဂျပန်နိုင်ငံပြင်ပမှာလုံးဝထုတ်လုပ်ခြင်းမရှိဘဲ ဂျပန်ကနေတစ်ဆင့်သာ အခြားနိုင်ငံတွေကို တင်ပို့ရောင်းချတာမျိုးပဲရှိခဲ့ပါတယ်။ Skyline GT-R တွေဟာ အာရှသာမက အနောက်နိုင်ငံတွေရဲ့ iconic sports car ဖြစ်ခဲ့ပြီး The Fast and the Furious , Need for Speed , Gran Turismo တို့လိုနာမည်ကျော် Movie တွေမှာပါဝင်ရလောက်အောင်ကို အောင်မြင်ကျော်ကြားခဲ့ပါတယ်။
ပထမမျိုးဆက် (1969–1972)
ပထမဆုံး GT-R ကို chassis code KPGC10 အဖြစ်နဲ့ ၁၉၆၉ ဖေဖော်ဝါရီ ၄ ရက်မှာစတင်ထုတ်လုပ်ခဲ့ပြီး 4-door sedan နဲ့ 2-door coupe ဘော်ဒီပုံစံ ၂ မျိုးထုတ်ခဲ့ပါတယ်။ ဒီကားကို 2.0 L DOHC S20 Inline-six engine တစ်မျိုးသာထုတ်ခဲ့ပြီး ပါဝါထွက်ရှိမှုက 119 kW (160 bhp; 162 PS) at 7,000 rpm နဲ့ ရုန်းအားက 176 N⋅m (130 lb⋅ft) at 5,600 rpm ရှိပါတယ်။ စွမ်းအင်ကို နောက်ဘီးတွေကနေတစ်ဆင့် ရရှိတာဖြစ်ပြီး 5-speed manual transmission ကိုလည်းတပ်ဆင်ထားခဲ့ကာ အစီးရေ 1,945 ပဲထုတ်လုပ်ခဲ့ပါတယ်။

ဒုတိယမျိုးဆက် (1973)
ပထမမျိုးဆက်မှာ အောင်မြင်ခဲ့ပြီးနောက် ဒုတိယမျိုးဆက် KPGC110 ကို ၁၉၇၃ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားကိုတော့ 2-door coupe တစ်မျိုးသာထုတ်ခဲ့ပြီး 2.0 L S20 I6 ကိုသုံးခဲ့ပါတယ်။ ဒီမျိုးဆက်မှာလည်း 5-speed manual gearbox တစ်မျိုးတည်းကိုပဲ သုံးခဲ့ပြီး ရှေ့၊နောက် disk brakes တွေပါဝင်လာပါတယ်။ Suspension ပိုင်းကိုလည်း ပထမမျိုးဆက်တုန်းကလို semi-trailing ring arm ကိုသာသုံးခဲ့ပြီး aerodynamic ဖြစ်စေမယ့် အစိတ်အပိုင်းတွေကိုထပ်မံဖြည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၇၀ အစောပိုင်းကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ဓါတ်ဆီပြဿနာဖြစ်ရပ်ကြောင့် ၁၉၇ စီးသာထုတ်လုပ်ခဲ့ရပြီး ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ရပါတယ်။

တတိယမျိုးဆက် (1989–1994)
နှစ်အတန်ကြာရပ်နားထားခဲ့ရတဲ့ Skyline GT-R တွေကို ပြန်လည်အဆင့်မြှင့်တင်မှုတွေပြုလုပ်ပြီး 1989 ခုနှစ်မှာတော့ အသစ်ထုတ်ထားတဲ့ 2.6 L RB26DETT twin-turbo I6 အင်ဂျင်ကိုသုံးကာ ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ R32 အဖြစ်ထုတ်လုပ်လာတဲ့ ဒီမျိုးဆက်ကားက ပါဝါ 206 kW (280 PS; 276 bhp) at 6,800 rpm နဲ့ ရုန်အားက 260 lb⋅ft (353 N⋅m) of torque at 4,400 rpmရှိသလို တစ်စီးလုံးအလေးချိန်က 1,430 kg (3,150 lb) ပဲရှိပါတယ်။ 2-door coupe နဲ့သာလာပြီး 5-speed manual ဂီယာသုံးကာ AWD စနစ်ဖြစ်ပါတယ်။ ထုတ်လုပ်မှုသက်တမ်း ၅ နှစ်အတွင်းမှာ အစီးရေ 43,937 ထုတ်လုပ်ခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ Trim တွေကတော့ GT-R (Series 1) , GT-R Nismo, GT-R Australia , GT-R (Series 2) ,GT-R (Series 3) ,V•Spec ,V•Spec II , N1 တို့ဖြစ်ပါတယ်။

စတုတ္ထမျိုးဆက် (1995–1998)
R32 အဖြစ်အရမ်းကို နာမည်ရသွားတဲ့ Skyline GT-R ကို ၁၉၉၅ မှာတော့ R33 အဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ပေမယ့် အင်ဂျင်ပိုင်းကတော့ အတူတူပဲထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ R33 ကအလေးချိန်ပိုများသွားပြီး 1,540 kg (3,400 lb) ရှိသွားတယ်။ Base မော်ဒယ်အဖြစ် GT-R နဲ့ V•Spec တို့ကိုစတင်ထုတ်လုပ်ခဲ့ပြီး V•Spec က GT-R ထက်10 kg (22 lb) ပိုလေးပါတယ်။ အဲဒီအပြင် suspension ကိုပိုပြီးစပေါ့ဆန်အောင်ထုတ်ထားတဲ့ V•Spec က ground clearance ကပိုနည်းပါတယ်။ ပြီးတော့ ABS စနစ်လည်းပါဝင်ပါတယ်။ ပြီးတော့ GT-R V•Spec N1 model ဆိုပြီး ကားအလေးချိန်ပေါ့ဖို့ ABS, air conditioning, sound system, rear wiper, and boot carpet တွေကိုမသုံးဘဲ ဖန်တီးထားတဲ့ မော်ဒယ်လည်းထွက်ရှိလာပြန်ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ Trim တွေက တော့ GT-R (Series 1) , V•Spec (Series 1) ,GT-R (Series 2) , V•Spec (Series 2) ,LM ,GT-R (Series 3) ,V•Spec (Series 3) , Autech GT-R , N1 , UK V•Spec တို့ဖြစ်ပြီး စုစုပေါင်းအစီးရေ 16,674 ထုတ်လုပ်ခဲ့ပါတယ်။

ပဉ္စမမျိုးဆက် (1999–2002)
ဒီမျိုးဆက်ကတော့ Skyline GT-R ရဲ့နောက်ဆုံးမျိုးဆက်ဖြစ်ခဲ့ပြီး နောက်မျိုးဆက်ဖြစ်တဲ့ R35 မှာ Nissan GT-R ဆိုပြီး တူညီတဲ့ Platform နဲ့ဆက်လက်ထုတ်လုပ်နေတာ ယနေ့တိုင်ပါပဲ။ ဒါကြောင့် စာရေးသူရဲ့ဖော်ပြမှုကို R34 နဲ့အတူ အဆုံးသတ် တော့မှာဖြစ် ပါတယ်။ Nissan Skyline GTR R34 ဟာဆိုရင်တော့ဖြင့် ၁၁နှစ်ကာလမှာ ပြိုင်ကားလောအတွင်း ပြိုင်ဆိုင်မှုအမြောက်အများကို အောင်မြင်မှုရရှိခဲ့ပြီး ပိုမိုကျယ်ပြန့်တဲ့ စမ်းသပ်မှုများစွာကို စိန်ခေါ်နိုင်ခဲ့ပါတယ်။ R 34 ဟာ ပြိုင်ကားဈေးကွက်မှာ အကောင်းဆုံးကားတစ်စီးအဖြစ်မွေးဖွားခဲ့ပါတယ်။ R 34 ရဲ့ အရင်မျိုးဆက်ဖြစ်တဲ့ R 33 တုန်းကလည်း အောင်မြင်မှု အမြောက်အများကိုရရှိခဲ့ပါတယ်။အခုထွက်ရှိခဲ့တဲ့ R 34 မျိုးဆက်မှာလည်း ရှုထောင့်မျိုးစုံမှာ လိုအပ်ချက်မရှိပြည့်စုံတဲ့ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ၁၉၉၉ မှာ R34 ကို Skyline GT-R, GT-R V•Spec and GT-R V•Spec N1 ဆိုတဲ့ မော်ဒယ်ခွဲတွေနဲ့ထုတ်ခဲ့ပြီး ရှေ့မျိုးဆက်တွေထက်အနည်းငယ်တိုသွားပါတယ်။ 2.6 L RB26DETT twin-turbo I6 နဲ့ 2.8 L RB28DETT twin-turbo I6 (Z-Tune) အင်ဂျင်တွေကို သုံးထားပြီး 6-speed manual ဂီယာသုံးထားပါတယ်။ အသစ်ပါဝင်မှုအနေနဲ့ 5.8″ LCD multifunction display တစ်ခု ဒတ်ရှ်ဘုတ်အလယ်မှာပါဝင်လာပြီး အင်ဂျင်နဲ့ယာဉ်ရဲ့အချက်အလက်တွေ၊ ဆီ၊ရေအပူချိန်နဲ့ အခြားအရာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ GT-R V•Spec model မှာတော့ intake နဲ့ exhaust gas temperatures ၂ မျိုးကိုပါ ထည့်သွင်းဖော်ပြပေးမှာဖြစ်ပါတယ်။ နောက်ပြီးတော့ R34 မှာပါတဲ့ Nissan ရဲ့ “ATTEST-E-TS PRO” လေးဘီးယက်စနစ်ဟာ ကားပြိုင်ကွင်းတွေနဲ့ သာမန်လမ်းတွေမှာပါ မောင်းနှင်နိုင်အောင်ဒီဇိုင်းဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။ All wheel drive စနစ်ပါရှိတဲ့ ကားအများစုဟာ လမ်းကြမ်းတွေနဲ့ ပြေပြစ်မှုမရှိတဲ့လမ်းတွေမှာသာမောင်းနှင်နိုင်ဖို့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ R 34 မှာကတော့ အရှိန်မြင့်မောင်းနှင်မှုအပိုင်းတွေမှာပါ performance အပြည့်နဲ့ သက်သောင့်သက်သာမောင်းနှင်နိုင်ရန် ဒီဇိုင်းဆွဲထားပါတယ်။
ဒါ့အပြင် Nissan Skyline R 34 GTR မှာ ကားရဲ့အစိတ်အပိုင်းတော်တော် များများကို အလေးချိန်တွေလျှော့ချထားတာတွေ့ရပါ တယ်။ပေါ့ပါးတဲ့ alloy wheels တွေပြောင်းလဲတပ်ဆင်ထားပြီး ကားရဲ့အနောက်ဘက်မှာတပ်ဆင်ထားတဲ့ Diffuser တွေကိုလည်း အလွန်ပေါ့ပါးပြီး အကြမ်းခံတဲ့ Carbon Fiber တွေနဲ့ပြုလုပ်ထားတဲ့အတွက်အလေးချိန်7.7kg ကျော်လျှော့ချနိုင်တာတွေ့ ရပါတယ်။Audio Speaker တွေကအစ weight နည်းတဲ့ထုတ် ကုန်တွေနဲ့တည်ဆောက်ထား တာကိုလည်းတွေ့ရပါတယ်။ကားရဲ့အရှေ့ စကတ်တွေနဲ့ Bonnet တွေကိုလည်း aluminum သတ္ထုနဲ့ ပေါ့ပါးအောင်ဒီဇိုင်းဖော်တပ်ဆင်ထားတာတွေ့ရပြီး အရင်model နဲ့ ယှဉ်ရင်ရင် 1 kg လျှော့ချနို်င်ခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့မော်ဒယ်တွေကတော့ GT-R (Series 1) ,V•Spec ,V•Spec N1 ,V•Spec UK , V•Spec Hong Kong ,V•Spec New Zealand ,V•Spec Singapore ,GT-R (Series 2),V•Spec II ,V•Spec II Nür ,V•Spec II N1 ,V•Spec II New Zealand ,M•Spec ,M•Spec Nür ,NISMO Z-Tune စုစုပေါင်း အစီးရေ 11,577 ထုတ်လုပ်ခဲ့ပါတယ်။ အခု Cover မှာပါခဲ့တဲ့ကားလေးကတော့ ၂၀၀၀ မော်ဒယ်ဖြစ်ပြီး ဘန်ကောက်မှာ Modified ပြန်လုပ်ထားတာမို့ အင်ဂျင်ပါဝါက မြင်းကောင်ရေ ၉၀၀ ထွက်ရှိမှာဖြစ်ပါတယ်။ ဒီကားမှာ T88 Turbo ပါပြီး တာယာကို R888 work alloy တွေတပ်ဆင်ထားတယ်။ Exhaust ထားသလို Endless Brake ပါပြောင်းလဲထားပါတယ်။ AWD စနစ်ဖြစ်ပြီး 6 Speed Manual ဂီယာစနစ်ဖြစ်ပါတယ်။ အဓိကကတော့ drag racing မောင်းနိုင်ဖို့အတွက်ပဲ Modified လုပ်ထားတာလို့ သိရပါတယ်။

Specification
Model 2000
Engine 2.6 L RB26DETT twin-turbo Inline 6
2.8 L RB28DETT twin-turbo Inline 6(Z-Tune)
Transmission 6-Speed manual
Wheelbase 2,665 mm (104.9 in)
Length 4,600 mm (181.1 in)
Width 1,785 mm (70.3 in)
Height 1,360 mm (53.5 in)
Curb weight 1,536 kg (3,386.3 lb)

Zawgyi Version…

ဂေါ်ဇီလာတစ်ကောင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ Nissan GTR R34

ပထမမျိုးဆက် (1969–1972)

ဒုတိယမျိုးဆက် (1973)




Specification
Model 2000
Length 4,600 mm (181.1 in)
Width 1,785 mm (70.3 in)
Height 1,360 mm (53.5 in)