Zawgyi Version…


Unicode Version…
Fully Autonomous Drive ရရှိနိုင်သည့် ထူးခြားဆန်းသစ်မှုများစွာဖြင့် Nissan IMs Concept
Nissan သည် ထူးခြားစွာဖန်တီးထားသည့် IMs EV Concept အား အမေရိကန် ၊ Detroit ကားပြပွဲတွင် မိတ်ဆက်ပြသခဲ့ပြီး ( Elevated Sports Sedan ) အနေဖြင့်သတ်မှတ်ပြသခဲ့ပါသည်။ ၎င်းတွင်ထူးခြားသည့် အပြင်ဖက်ဖန်တီးခြင်းများ ဆန်းသစ်သည့် နည်းပညာများပါဝင်မည်ဖြစ်ပြီး သွယ်လျသည့် အမိုးကိုင်း ၊ Nissan ၏ သင်္ကေတဖြစ်သည့် – ( V – Motion ) Grille နှင့် ပြေပြစ်သည့် ကားကိုယ်ထည်နှင့် တံခါးလက်ကိုင်ဒီဇိုင်းဆန်းဆန်းတို့သည် IMs Concept အား များစွာ ထူးခြားစေခဲ့ ပါသည်။ အတွင်းခန်းအား ကျုယ်ဝန်းစွာခင်းကျင်းထားပြီး Battery Pack ကို ကြမ်းခင်းတွင်ထည့်သွင်း ထားကာ စိတ်ဝင်စားဖွယ်ရာအချိုးအကွေ့လက်ရာများ ၊ ချည်ထည်နှင့် အခြား Trims များဖြင့် အတွင်းခန်းအား အလှဆင်ထားသည်။ Screen ( 4 ) ခုပါရှိသည့် User Interface / မျိုးစုံပြောင်းလဲ နိုင်သည့် အနောက်ထိုင်ခုံ(၃) လုံး ကဲ့သို့ ထူးခြားသည့်ဖန်တီးမှုများလည်းပါဝင် မည် ဖြစ်ပြီး Electric Vehicle Platform အသစ်အားဖြင့် – 115 – KW Battery Park နှင့် လျှပ်စစ်မော်တာများ ပေါင်းစပ် ထားပြီး IMs AWD System ကို ထည့်သွင်းထားပါသည်။ Output သည် ( 483 hp ) ဖြစ်ပြီး လျှပ်စစ် သီးသန့်ဖြင့် – ( 380 mph ) ဝန်းကျင်အသုံးပြုနိုင်ပါမည်။ ယာဉ်၏ ကိုယ်ထည်အား Center of Gravity အနေဖြင့် ဖန်တီးထားပြီး Adaptive Air Suspension စနစ်လည်းပါရှိပါမည်။ ၎င်းသည် Fully Autonomous Drive ရရှိနိုင်သည့် Concept Model ဖြစ်ပြီး Nissan ၏ နောက်ဆုံးပေါ်နည်းပညာ တမျိုးဖြစ်သည့် – Nissan New Invisible – to – Visible Connected – car Technology ၊ စနစ် အပါအဝင် ယာဉ်မောင်း၏ အခြေအနေကို ကြည့်ရှုပေးသည့် – Interior Sensing Platform အပါအဝင် အခြားသော လုံခြုံရေးနှင့်ထူးခြားသည့် နည်းပညာများစွာ ပါဝင်မည်ဖြစ်သည်။ ၎င်း၏ ဒီဇိုင်းဖန်တီး မှုအား Nissan – Senior Vice President of Design ဖြစ်သူ Mr Al Fonso Albaisa မှ အသေးစိတ် ဖန်တီးထားပြီး အကြောင်းညီညွတ်ပါက Production Model အနေဖြင့် Nissan မှထုတ်လုပ် နိုင်ဖွယ် ရှိပါသည်။




