Unicode Version…
Nissan ၏ကိုယ်ပိုင်အသိဉာဏ်မြင့်ရွေ့လျားမောင်းနှင်မှုစနစ် (Nissan Intelligent Mobility) ဖြင့်ဖန်တီးတည် ဆောက် ထားသည့် Nissan Navara Plus Double Cab အား Tan Chong Motor မှစတင်မိတ်ဆက်သွားခဲ့သည်။ ၎င်းတွင် 2.5L Diesel Engine ကိုသုံးထားကာ မြင်းကောင်ရေ ၁၈၇ ကောင်အားထွက်ရှိမည်ဖြစ်ပြီး ရုန်းအားမှာ 450Nm ရှိသည်။ Transmission စနစ်မှာလည်း Manual Mode ပါသော 7 Speed Auto စနစ်သုံးထားသည်။ LED Headlamps များကိုသုံး ထားကာ Day Lamps,Fog Lamp များလည်းပါဝင်ပါသည်။ အတွင်းခန်းတွင် ပုံစံ ၈မျိုးပြောင်းလဲနိုင်သော မော်တာစနစ်ဆွဲ အားမဲ့ထိုင် ခုံပါဝင်ပြီး သက်သောင့်သက်သာဖြစ်စေရန်ထောက်ပံ့ပေးထားသည်။ လေအေးပေးစနစ်မှာမူ Dual Zone ဖြစ်ပြီး နောက်ခုံတန်းအတွက် Fan ပေါက်မှလည်း လေအေးပေးနိုင်သည်။ စတီယာရင်စနစ်က Audio, Bluetooth များကို ထိန်းချုပ်ညွှန်ကြားနိုင်ပြီး ၅ လက်မ Touch Screen တွင်သတင်းအချက်အလက်နှင့် ဖျော်ဖြေရေးစ နစ်များ ပါရှိသည်။ Push Start စနစ်ဖြစ်ကာ Intelligent Key ပါဝင်သလို သံလိုက်စွမ်းအားပါနောက်ကြည့်မှန်ကြောင့် ညအချိန် အခြားကား ၏မီးအလင်းရောင်စူးရှမှုကို အလိုအလျောက်လျှော့ချပေးနိုင်ပါသည်။ ထို့အပြင် ယခု Nissan Navara Plus တွင် ပါကင် ထိုးရာတွင်အထူးအထောက်အကူပြု ၃၆၀ ဒီဂရီကင်မရာပါရှိပြီး လေအိတ်၇ လုံး၊ ကုန်းဆင်းကုန်းတက်များတွင် ယာဉ် မောင်းကိုကူညီပေးနိုင်သော Hill Start Assist , Hill Decent Control,လမ်းချော်မှုကို ကာကွယ်ပေးသော Active Brake limited slip (ABLS) စနစ်၊ မော်တော်ယာဉ်ရွေ့လျားမှုကို ထိန်းချုပ်ပေးသောစနစ်( Vehicle Dynamic Contorl-VDC) စနစ်၊ ဘီးလမ်းမချော်စေရန်ကူညီပေးသော (Traction Control System-TCS)စနစ်၊ ABS , EBD, BA စသည့်လုံခြုံရေးစနစ်များစွာကိုထည့်သွင်းထားသည်။ ၎င်း၏ဈေးနှုန်းမှာ USD 43800 ရှိမည်ဖြစ်ပြီး Nissan တရားဝင်အရောင်းပြခန်းများတွင် ဝယ်ယူနိုင်ပြီဖြစ်သည်။
Zawgyi Version…
Nissan Intelligent Mobility နည်းပညာပါဝင်လာသော Nissan Navara Plus အားစတင်မိတ်ဆက်