Unicode version…
Nissan Frontier သည် အထူးထင်ရှားသည့် Pickup Truck ကားဖြစ်ပြီး (2005)ခုနှစ် မတိုင်မှီအထိရိုးရှင်းစွာဖန်တီးခဲ့ပါသည်။ ထို့အပြင် အခြားသောအချက်များတွင် အာရုံစိုက်မှုမရှိခဲ့၍ ၎င်းသည် ကမ္ဘာကျော် (IIAS)အဖွဲ့ကြီးမှ (King/Crew-Cab)ကားများအတွက် သတ်မှတ်သည့် (ထိခဲ့မှု ခံနိုင်ရည် စမ်းစစ်မှု)တွင်သာမန်မျှသာရရှိခဲ့ပါသည်။ ထို့အတူ (2017)အတွက် သတ်မှတ်ခဲ့သည့် (Pickup Truck)ကားများ၏ စျေးနှုန်းများအနေဖြင့်လည်း (Chev Colorado)၊ (Toyota Tacoma)သို့ထက် (US$ 5000)ခန့် လျော့နည်းခဲ့ပါသည်။ ထိုသို့စျေးအကျမြန်ခြင်းတွင် ၎င်း၏(I4 Engine)ပါရှိမှုသည် အခြားသော (V6 Engine)သုံးကားများလောက် လူကြိုက်များခြင်းမရှိခြင်းကြောင့် ဖြစ်ပါသည်။
ထိုသို့သောအဆင်မပြေမှု/အားနည်းချက်များအားသုံးသပ်၍ (Nissan)သည် (Frontier)၏ မျိုးဆက်သစ်အား ပြန်လည်ဆန်းသစ်မှုများစွာဖြင့် ထုတ်လုပ်မည် ဖြစ်ပါသည်။ အဆိုပါ (New Frontier)အားအမေရိကန်နိုင်ငံ/မစ္စစ္စပီပြည်နယ်ရှိ Canton ဒေသတွင် ထုတ်လုပ် တပ်ဆင်မည်ဖြစ်ပြီး ၎င်းဒေသရှိ Nissan စက်ရုံတွင်Murano/Titan ကဲ့သို့ကားများကိုထုတ်လုပ်ပါသည်။ Car and Driver ၏ အဆိုအရယခု New Frontier အား Nissan ၏ (Global Midsize Pickup)ဖြစ်သည့် Nissan Navara ၏ Platform အတိုင်းထုတ်လုပ်ဖန်တီးမည်။ (သို့မဟုတ်) သို့မဟုတ်လမ်းကြောင်းအသစ်အနေဖြင့် ထူးခြားမှုများစွာဖြင့် ဖန်တီးမည် ဖြစ်ပြီး ၎င်းတွင် အရည်အသွေးမြင့်မားသည့် ပလပ်စတစ်များအားကားအတွင်းခန်းတွင် ထည့်သွင်းခြင်းနှင့် (2.5 LI4 Engine)နှင့် (4.0 LV6Engine)တို့အားတပ်ဆင်ထားမည် ဖြစ်ပါသည်။ Nissan အနေဖြင့် (New Frontier) နှင့် ပက်သက်သည့် အသေးစိတ်အချက်အလက်များအား (ကားမိတ်ဆက်ပွဲ)တွင် ထုတ်ပြန်ကြေငြာမည် ဖြစ်ပါသည်။ Nissan Frontier ၏ စျေးကွက်တွင် ယှဉ်ပြိုင်ဖက် ဖြစ်ကြသည့် အခြားသော Brands များမှာ Toyota Tacoma/ Chevy Colorado/ GMC Canyon/ Honda Ridgeline တို့ဖြစ်ကြပါသည်။
The “solid to the core” 2016 Nissan Frontier starts with a full-length, fully boxed ladder frame. Add a choice of two powerful engines – 4.0-liter DOHC V6 engine rated at 261 horsepower and 281 lb-ft of torque or a 152-horsepower 2.5-liter inline 4-cylinder engine (King Cab only) – mated to either a 5-speed manual (King Cab), 6-speed manual (Crew Cab) or 5-speed automatic transmission.
Zawgyi   version…