Zawgyi Version…
ဂ်ပန္ကားကုမၸဏီျဖစ္သည့္ Nissan သည္ ေနာက္ဆံုးေပၚနည္းပညာတစ္ခုျဖစ္သည့္ Autonomous Driving System ကို ၎၏ေမာ္ဒယ္သစ္ကားမ်ားတြင္ ထည့္သြင္းအသံုးျပဳသြားေတာ့မည္ျဖစ္သည္။
Nissan ၏ နည္းပညာသစ္ ProPilot 2.0 သည္ အေဝးေျပးလမ္းမမ်ားတြင္ အခ်ိဳ႕ေသာ အေျခအေန မ်ား၌ ကားေမာင္းသူ၏ ထိန္းခ်ဳပ္မႈမပါဘဲ အလိုအေလ်ာက္ေမာင္းႏွင္ႏုိင္မည္ျဖစ္ၿပီး Nissan အေနျဖင့္ အဆုိပါနည္းပညာကို ယခုေႏြဦးတြင္ မိတ္ဆက္သြားမည္ျဖစ္သည္။
Nissan သည္ ProPilot 2.0 နည္းပညာကို ေႏြဦးတြင္ စတင္မိတ္ဆက္မည့္ Nissan Skyline (အေမရိ ကန္ေစ်းကြက္၌ Infiniti Q50 အျဖစ္ တင္သြင္းသည့္) ေမာ္ဒယ္တြင္ စတင္ထည့္သြင္းမည္ျဖစ္သည္။
Nissan ၏ hands-free mode သည္ ကားေမာင္းႏွင္သည့္ Navigation စနစ္အေပၚ အေျခခံထားျခင္းျဖစ္ၿပီး ကားအေနျဖင့္ အေဝးေျပးလမ္းမေပၚေမာင္းႏွင္ျခင္း၊ ေမာင္းသူအေနျဖင့္ လမ္းမအေပၚ အာ႐ံုစိုက္ေနမႈကို ေစာင့္ၾကည့္သည့္ နည္းပညာမ်ားျဖင့္ ထိန္းညိွထားသည္။
Hands-free modes ကို တစ္လမ္းသြားမ်ားတြင္သာ အသံုးျပဳႏုိင္မည္ျဖစ္ကာ လမ္းေၾကာင္းေျပာင္းလဲ ရန္ လိုအပ္လာပါက Visual ႏွင့္ Audio သတိေပးခ်က္မ်ား ျပဳလုပ္ေပးသြားမည္ျဖစ္သည္။
အဆုိပါ နည္းပညာသည္ ကားအေနျဖင့္ အေဝးေျပးလမ္းမ်ားတြင္ ေမာင္းႏွင္ေနပါက Hands-free modes အသံုးျပဳႏုိင္ေအာင္ အခ်က္ျပသြားမည္ျဖစ္ၿပီး ကားအေနျဖင့္ လမ္းခံုးမ်ားႏွင့္ ႀကံဳေတြ႕ပါက ကိုယ္တုိင္ေမာင္းႏွင္ရန္ သတိေပးသြားမည္ျဖစ္သည္။
Nissan ၏ ProPilot 2.0 သည္ လက္ရိွ အသံုးျပဳေနသည့္ ProPilot စနစ္ထက္ ပိုမိုစြမ္းေဆာင္ႏုိင္မည္ ျဖစ္ၿပီး hardware ပိုင္းဆိုင္ရာနည္းပညာမ်ားျဖစ္သည့္ cameras, sonar, radar, dash camera စသည့္တို႔ ပိုမိုပါဝင္လာျခင္းေၾကာင့္ျဖစ္သည္။
Nissan အေနျဖင့္ ဂ်ပန္ေစ်းကြက္တြင္ အဆုိပါနည္းပညာပါဝင္သည့္ Nissan Skyline ကို စတင္မိတ္ဆတ္သြားရန္ ရာခုိင္ႏႈန္းမ်ားေနျပီး အေမရိကန္ေစ်းကြက္တြင္ ျဖန္႔ခ်ိမည့္ Infiniti Q50 ကုိမူေနာက္ပိုင္းမွသာ မိတ္ဆက္ေပးသြားရန္ ရိွေနသည္။

Unicode Version…

နောက်ဆုံးပေါ်မောင်းသူမဲ့စနစ်ပါဝင်လာမည့် Nissan Skyline (သို့) Infiniti Q50
ဂျပန်ကားကုမ္ပဏီဖြစ်သည့် Nissan သည် နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်သည့် Autonomous Driving System ကို ၎င်း၏မော်ဒယ်သစ်ကားများတွင် ထည့်သွင်းအသုံးပြုသွားတော့မည်ဖြစ်သည်။
Nissan ၏ နည်းပညာသစ် ProPilot 2.0 သည် အဝေးပြေးလမ်းမများတွင် အချို့သော အခြေအနေ များ၌ ကားမောင်းသူ၏ ထိန်းချုပ်မှုမပါဘဲ အလိုအလျောက်မောင်းနှင်နိုင်မည်ဖြစ်ပြီး Nissan အနေဖြင့် အဆိုပါနည်းပညာကို ယခုနွေဦးတွင် မိတ်ဆက်သွားမည်ဖြစ်သည်။
Nissan သည် ProPilot 2.0 နည်းပညာကို နွေဦးတွင် စတင်မိတ်ဆက်မည့် Nissan Skyline (အမေရိ ကန်ဈေးကွက်၌ Infiniti Q50 အဖြစ် တင်သွင်းသည့်) မော်ဒယ်တွင် စတင်ထည့်သွင်းမည်ဖြစ်သည်။
Nissan ၏ hands-free mode သည် ကားမောင်းနှင်သည့် Navigation စနစ်အပေါ် အခြေခံထားခြင်းဖြစ်ပြီး ကားအနေဖြင့် အဝေးပြေးလမ်းမပေါ်မောင်းနှင်ခြင်း၊ မောင်းသူအနေဖြင့် လမ်းမအပေါ် အာရုံစိုက်နေမှုကို စောင့်ကြည့်သည့် နည်းပညာများဖြင့် ထိန်းညှိထားသည်။
Hands-free modes ကို တစ်လမ်းသွားများတွင်သာ အသုံးပြုနိုင်မည်ဖြစ်ကာ လမ်းကြောင်းပြောင်းလဲ ရန် လိုအပ်လာပါက Visual နှင့် Audio သတိပေးချက်များ ပြုလုပ်ပေးသွားမည်ဖြစ်သည်။
အဆိုပါ နည်းပညာသည် ကားအနေဖြင့် အဝေးပြေးလမ်းများတွင် မောင်းနှင်နေပါက Hands-free modes အသုံးပြုနိုင်အောင် အချက်ပြသွားမည်ဖြစ်ပြီး ကားအနေဖြင့် လမ်းခုံးများနှင့် ကြုံတွေ့ပါက ကိုယ်တိုင်မောင်းနှင်ရန် သတိပေးသွားမည်ဖြစ်သည်။
Nissan ၏ ProPilot 2.0 သည် လက်ရှိ အသုံးပြုနေသည့် ProPilot စနစ်ထက် ပိုမိုစွမ်းဆောင်နိုင်မည် ဖြစ်ပြီး hardware ပိုင်းဆိုင်ရာနည်းပညာများဖြစ်သည့် cameras, sonar, radar, dash camera စသည့်တို့ ပိုမိုပါဝင်လာခြင်းကြောင့်ဖြစ်သည်။
Nissan အနေဖြင့် ဂျပန်ဈေးကွက်တွင် အဆိုပါနည်းပညာပါဝင်သည့် Nissan Skyline ကို စတင်မိတ်ဆတ်သွားရန် ရာခိုင်နှုန်းများနေပြီး အမေရိကန်ဈေးကွက်တွင် ဖြန့်ချိမည့် Infiniti Q50 ကိုမူနောက်ပိုင်းမှသာ မိတ်ဆက်ပေးသွားရန် ရှိနေသည်။