Unicode version…
ဂျပန်နိုင်ငံ ကားကုမ္ပဏီ Nissan သည် Terra frame-based SUV ကားအမျိုးအစား အသစ်ကို အရှေ့တောင်အာရှအတွက် အထူးထုတ်လုပ်ပေးလိုက်ပြီဖြစ်ပြီး ထိုကားကိုဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့် မေလ ၂၉ရက်နေ့က စတင်မိတ်ဆက်ခဲ့သည်။ ထိုမိတ်ဆက်ပွဲကို Drive Magazine Myanmarမှ Media Partner အဖြစ်တက်ရောက်ခဲ့သည်။ထိုကားအမျိုးအစားအသစ်သည်ဒီဇယ်အင်ဂျင်သုံးအဆင့်မြင့်အင်ဂျင်ပါဝင်ပြီး မြင်းကောင်ရေ ၁၉၀ ထွက်ရှိကာ ရုန်းအားမှာလည်း 450 Nm ဖြစ်ပါသည်။ ၎င်းမှာ ဖိလစ်ပိုင်စျေးကွက်အတွက် သီးသန့်ထုတ်ထားသော စွမ်းဆောင်ရည်များလည်းဖြစ်သည်။ Nissan Terra ၏ကားအတွင်းခန်းကလည်း ကျယ်ဝန်းပါသည်။ ထို့အပြင် ထိုကားသည်အဆင့်မြင့်သောမောင်းနှင်မှု နည်းပညာနှင့် ထုတ်လုပ်ထားသဖြင့် လမ်းချော၊လမ်းကြမ်း ၂ မျိုးမောင်းနှင်နိုင်ကြောင်း သိရသည်။Nissanကုမ္ပဏီ၏စီနီယာဒု-ဥက္ကဋ္ဌ Ashwani Gupta က “ဒီ Nissan Terra ကားအသစ်ဟာ ကျွန် တော်တို့ကုမ္ပဏီရဲ့ အနှစ်၆၀ကျော် SUVနည်းပညာနဲ့ထုတ်လုပ်ထားပြီး အရင်ကထုတ်လုပ်ထားတဲ့ Nissan Patrol သုံးလိုမျိုးထင်ရှားတဲ့မော်ဒယ်တွေ အပေါ်အခြေခံပြီးထုတ်ထား တာဖြစ်ပါတယ်။ဒါ့အပြင်ဒီNissanTerraကားဒီဇိုင်းက နေ့စဉ်ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပြီးခရီးရှည်အသုံးပြုဖို့အ တွက်လည်းအဆင်ပြေပါတယ်” ဟုဆိုခဲ့သည်။
NissanTerraကိုယခုနှစ်ပိုင်းအတွင်းထိုင်းနှင့်အင်ဒိုနီးရှားနိုင်ငံသို့စတင်ဖြန့်ချိမည်ဖြစ်ပြီး ဘရုနိုင်း၊ ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်နှင့်မြန်မာနိုင်ငံများသို့လည်း ဖြန့်ချိပေးမည်ဖြစ်ကြောင်း သိရသည်။ စျေးနှုန်းမှာ USD 28547 ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအတွက် စျေးကွက်ဖြန့်ချိမည့် စျေးနှုန်းလည်းဖြစ်သည်။
Zawgyi version…
ဂ်ပန္နိုင္ငံ ကားကုမၸဏီ Nissan သည္ Terra frame-based SUV ကားအမ်ိဳးအစား အသစ္ကို အေရွ႕ေတာင္အာရွအတြက္ အထူးထုတ္လုပ္ေပးလိုက္ၿပီျဖစ္ျပီး ထုိကားကုိဖိလစ္ပုိင္ႏိုင္ငံတြင္ ျပီးခဲ့သည့္ ေမလ ၂၉ရက္ေန႔က စတင္မိတ္ဆက္ခဲ့သည္။ ထုိမိတ္ဆက္ပဲြကုိ Drive Magazine Myanmarမွ Media Partner အျဖစ္တက္ေရာက္ခဲ့သည္။ထုိကားအမ်ိဳးအစားအသစ္သည္ဒီဇယ္အင္ဂ်င္သုံးအဆင့္ျမင့္အင္ဂ်င္ပါဝင္ၿပီး ျမင္းေကာင္ေရ ၁၉၀ ထြက္ရွိကာ ရုန္းအားမွာလည္း 450 Nm ျဖစ္ပါသည္။ ၎မွာ ဖိလစ္ပုိင္ေစ်းကြက္အတြက္ သီးသန္႕ထုတ္ထားေသာ စြမ္းေဆာင္ရည္မ်ားလည္းျဖစ္သည္။ Nissan Terra ၏ကားအတြင္းခန္းကလည္း က်ယ္ဝန္းပါသည္။ ထုိ႔အျပင္ ထုိကားသည္အဆင့္ျမင့္ေသာေမာင္းႏွင္မွဳ နည္းပညာႏွင့္ ထုတ္လုပ္ထားသျဖင့္ လမ္းေခ်ာ၊လမ္းၾကမ္း ၂ မ်ိဳးေမာင္းႏွင္ႏိုင္ေၾကာင္း သိရသည္။Nissanကုမၸဏီ၏စီနီယာဒု-ဥကၠ႒ Ashwani Gupta က “ဒီ Nissan Terra ကားအသစ္ဟာ ကြ်န္ ေတာ္တို႔ကုမၸဏီရဲ႕ အႏွစ္၆၀ေက်ာ္ SUVနည္းပညာနဲ႕ထုတ္လုပ္ထားၿပီး အရင္ကထုတ္လုပ္ထားတဲ့ Nissan Patrol သုံးလိုမ်ိဳးထင္ရွားတဲ့ေမာ္ဒယ္ေတြ အေပၚအေျခခံၿပီးထုတ္ထား တာျဖစ္ပါတယ္။ဒါ့အျပင္ဒီNissanTerraကားဒီဇိုင္းက ေန႔စဥ္ယုံၾကည္စိတ္ခ်စြာအသုံးျပဳနိုင္ၿပီးခရီးရွည္အသုံးျပဳဖုိ႔အ တြက္လည္းအဆင္ေျပပါတယ္” ဟုဆုိခဲ့သည္။
NissanTerraကိုယခုႏွစ္ပိုင္းအတြင္းထိုင္းႏွင့္အင္ဒိုနီးရွားႏုိင္ငံသို႔စတင္ျဖန္႔ခ်ိမည္ျဖစ္ျပီး ဘ႐ုနိုင္း၊ ကေမၻာဒီးယား၊လာအို၊ဗီယက္နမ္ႏွင့္ျမန္မာႏိုင္ငံမ်ားသို႔လည္း ျဖန္႔ခ်ိေပးမည္ျဖစ္ေၾကာင္း သိရသည္။ ေစ်းႏွဳန္းမွာ USD 28547 ျဖစ္ျပီး ဖိလစ္ပုိင္ႏုိင္ငံအတြက္ ေစ်းကြက္ျဖန္႔ခ်ိမည့္ ေစ်းႏွဳန္းလည္းျဖစ္သည္။