(Nissan)သည် ဂျပန်အခြေစိုက် ကမ္ဘာကျော် (Automaker)တစ်ခုဖြစ်ပြီးလူစီးကားများ/လုပ်ငန်းသုံးယာဉ်များစွာထုတ်လုပ်အောင်မြင်နေသည့် (Brand) ဖြစ်ပါသည်။ (Nissan)အား (1933)တွင် (JidoshaSecioCo.,Ltd)မှ ဂျပန်နိုင်ငံ၌ စတင် တည်ထောင်ခဲ့ပါသည်။ ထို့နောက် (1934)တွင် (Nissan Motor Company,Ltd)အနေဖြင့်  အသစ်ဖွဲ့စည်းခဲ့ပါသည်။ ကနဦး၌ (Nissan)သည် (1934)တွင် တည်ထောင်ခဲ့ သည့် (Datsun Brand)၏ လက်အောက်၌ တည်ရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးကာလ၌ (Datsun)သည် ၎င်း၏ ဒေသဈေးကွက် ချဲ့ထွင်ရန် (ဗြိတိန်)အခြေစိုက် (Austin Motor Co.,)နှင့် ပူးပေါင်းခဲ့ပါသည်။ ပထမဆုံး (Datusn)ကားများအား (U.S Market)သို့ (1958)တွင် တင်ပို့ခဲ့ပြီး ၎င်းတို့သည် (Austin Platform)ဖြစ်သည့် (Datsun 1000 Model)များ ဖြစ်ကြပါသည်။ (1960)ပြည့်နှစ်များတွင် (Nissan)သည် (Prince Motor Company)နှင့် ပူးပေါင်း၍ အာရှဈေးကွက်အတွက် ဇိမ်ခံကားများထုတ်လုပ်ခဲ့ပါသည်။ ထိုနှစ်များတွင် (အနေရိကန်စတိုင်)ဖြစ်သည့် (Datsun 510 Sedan)အား (U.S)သို့ တင်ပို့ခဲ့ပါသည်။ (1970)ပြည့်နှစ်များတွင် အထူးထင်ရှားခဲ့သည့် (240 Z Sport Car)အား (Datsun)မှ ထုတ်လုပ် ခဲ့ပါသည်။(1981)တွင် (Nissan)အား (Datsun Brand)မှ ဖယ်ထုတ်ခဲ့ပြီး (Nissan) အမည်ဖြင့် ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ပါသည်။ (1980)ပြည့်နှစ်ကာလများတွင် (Nissan)မှ စွမ်းဆောင်ရည် မြင့်မားသည့် (Nismo Version)အားဖန်တီးခဲ့ပါသည်။ ထိုလာလများတွင် (U.S.A)ရှိ (Geogria)ဒေသ၌ (Nissan)စက်ရုံအားတည်ဆောက်ခဲ့ပါသည်။ (1990)ပြည့်နှစ်များတွင် (300 ZX/Maxima/Sentra)စသည့် ကားများအား (U.S)သို့ များစွာတင်ပို့ခဲ့ပါသည်။ (1999)တွင် (Nissan)နှင့် ပြင်သစ်အခြေစိုက် (Renoelt) တို့ ပူးပေါင်းခဲ့ပါသည်။ ထို့နောက် (Altima / 350 Z)ကားများအားအလုံးအရင်းဖြင့် ထုတ်လုပ်ခဲ့ပါသည်။ ယခုအချိန်တွင် (Sedans / SUV/ Truck)ကားများသာမက (GTR-Supercar)နှင့် (All-Electric Leaf) ကဲ့သို့ ထူးခြားကားများကိုလည်း (Nissan)မှ အောင်မြင်စွာထုတ်လုပ် ရောင်းချနေသည်ကိုတွေ့ရပါမည်။