ဦးဆောင်သူ Carlos Ghosn ထွက်ခွာသွားပြီးတဲ့အကြပ်အတည်းကာလတချို့ကိုဖြတ်သန်းပြီးတဲ့‌ေနာက်မှာ‌တော့ Nissan ဟာ အသစ်ပြန်စတင်ဖို့လမ်းကို ပြန်ရှာဖွေနေပါပြီ။ ဒါကြောင့် နာမည်ကျော်ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းစု Nissan ရဲ့ အဓိကပစ်မှတ်ဈေးကွက်တွေက အမေရိကန်၊ တရုတ်နဲ့ ဂျပန်တို့ဖြစ်လာဖို့ရှိပြီး ရှေ့ဆက်လုပ်ဆောင်မယ့်အစီအစဉ်တွေကိုလည်း May 28 လောက်မှာ ကြေညာသွားဖို့ရှိနေပါတယ်။

ဒီအစီအစဉ်တွေထဲမှာ Mitsubishi နဲ့ Renault တို့လို မိတ်ဘက် Brand တွေနဲ့ cooperation နဲ့ coordination ပိုင်းကိုတိုးချဲ့ပြီး လုပ်ငန်းသုံးခုအကြားက ပြိုင်ဆိုင်မှုတွေကို လျော့ချဖို့တွေပါဝင်ပါတယ်။ Renault က Europe ဈေးကွက်ကိုအဓိကထား‌လုပ်ကိုင်‌ေနပြီး Mitsubishi က Japan နဲ့ China မဟုတ်တဲ့ တခြားအာရှဒေသဈေးကွက်‌ေတွအ‌ေပါ် အဓိကပစ်မှတ်ထားလုပ်က်ုင်နေချိန်မှာ Nissan ကတော့ အဲဒီဈေးကွက်နှစ်ခုလုံးအတွက်ဦးတည်ပြီးထုတ်လုပ်သွားမှာပါ။

The plan looks to cut Nissan ရဲ့ အစီအစဉ်အသစ်ထဲမှာ ကုန်ကျစရိတ်တွေကို လျှော့ချပစ်ဖို့လည်း ပါဝင်ပါတယ်။ အဲဒီလို‌ေလျှာ့ချမှုက U.S, China နဲ့ Japan ဈေးကွက်တွေမှာ အကျိုးအမြတ်များလာနိုင်ချေရှိတဲ့ ထုတ်ကုန်သစ်တွေနဲ့ နည်းပညာသစ်တွေအပေါ်မှာ ပိုပြီးရင်းနှီးမြုပ်နှံမှုလုပ်နိုင်စေပါလိမ့်မယ်။ ဒါ့အပြင် Nissan ဟာ Brand ရဲ့ Best-selling Vehicle “Nissan Rogue” အပါအဝင် America ဈေးကွက်ထဲက Best-selling Car Model အများအပြားကို Update လုပ်နိုင်ရေးအတွက် သူ့ရဲ့ Bargain-basement association ကို လက်လွှတ်ရမှာပါ။

အခု Cutback အစီအစဉ်သစ်အရဆိုရင် Nissan အနေနဲ့ Global Production Capacity ကို 7 million ကျော်ကနေ 5.5. million ထိလျှော့ချပစ်နိုင်အောင် ထုတ်လုပ်ရေးစက်ရုံ ၁၄ ခု‌ေလာက်ထိ ပိတ်သိမ်းပစ်ရမှာလည်းဖြစ်ပါတယ်။

Ref: Motor1
Thiha