Acura သည် 2023 TLX Type S ၏ PMC Edition Model အားမိတ်ဆက်လိုက်ပြီး ၎င်းတွင် Acura NSX ၏ Extra Pretty Color များကို Optional အနေဖြင့် ပေါင်းစပ်ပေးထားပါသည်။ 2023 Acura TLX Type S PMC သည်နာမည်ကျော် Acura NSX ကိုဖန်တီးသည့် U.S.A ၊ Ohio ပြည်နယ်ရှိ Acura ၏ Performance Manufacture Center-PMC မှအထူးဖန်တီးသည့် Model ဖြစ်ကာ PMC သည် NSX နှင့် ယခု TLX Tpye S PMC တို့အားလက်ဖြင့်သာ အထူးဖန်တီးခြင်းဖြစ်သည်။ PMC Car များအားပုံမှန် Acura Lineup Model များနှင့်ကွဲလွဲစွာဖန်တီးပါသည်။ ယခု TLX PMC Edition တွင် NSX တွင်အသုံးပြုသည့် ဆေးရောင်များဖြစ်သည့် – Long Beach Blue , Curve Red , 130 R White တို့ရနိုင်မည်ဖြစ်ကာ Berlin Black Paint အား Roof, Antenna နှင့်တံခါးလက်ကိုင်များတွင် အသုံးပြုထားမည်။

 

ထို့အပြင် Quad Exhaust, Y-Spoke 20 – inch Wheels, Carbon Fiber Lip Spoiler, Rear Diffuser စသည့် Sporty Features များလည်း ပေါင်းစပ်ပေးထားပါသည်။ အတွင်းခန်း အခင်းအကျင်းအနေဖြင့် Carbon Fiber Trim,  Type S တံဆိပ်ပါသည့်ခြေနင်းခင်းများ ၊ Red Stitching , Blue Stitching စသည့်အခင်းအကျင်းများစွာ ပါဝင်မည်ဖြစ်သည်။ ထို့အတူ NSX Model တွင်ရရှိနိုင်သည့် Dyno Check, Paint Inspection စသည့် ဝန်ဆောင်မှုများကိုလည်းယခု TLX Type S PMC Edition တွင်ထည့်သွင်းပေးမည်။ Acura သည်ယခု Edition Model အားသက်ဆိုင်ရာ Dealer ဆီသို့ပို့ဆောင်ရာတွင်လည်း Enclosed Single Car Carrier များဖြင့်သာ အထူးစီမံပို့ဆောင်ပေးမည်ဖြစ်သည်။ Acura သည် 2023 TLX Model Lineup များတွင် Type S PMC Edition ကိုအမြင့်ဆုံးအနေဖြင့် သတ်မှတ်ထားပါသည်။

#DriveMediaMyanmar