Chevrolet သည် Silverado Pickup အတွက် Off – Road Ready ZR2 Model အား Silverado တွင် ပေါင်းစပ်ထည့်သွင်းလိုက်ကား အဆိုပါ ZR2 သည် Silverado အတွက် ပထမဆုံး Off – Road Version ဖြစ်သည်။ ZR2 Treatment အား Chevy Colorado တွင် ထည့်သွင်း ထားသည့်အပြင် ( 2.0 – inch Lift ) ၊ ( Front and Rear Locking Differentials ) ၊ ( MultiMate’s Spool – valve Damper ) ကဲ့သို့ အထူးဖန်တီး ထားသည့် Features များ အဓိက ပါဝင်ပါသည်။ Silverado ZR2 တွင် အထက်ပါ Features များအပြင် ( 35 – inch Tries ) ( Skid Plates ) ၊ ( 2 – Speed Transfer Care ) ၊ ( All – Terrain Rubber ) တို့ကိုလည်း ပေါင်းစပ်ထားပါမည်။ ZR2 Trim အား Trail Boss Trim ၏ အထက်တွင် သတ်မှတ်ထည့်သွင်း ထားပါမည်။ ( AEV Bumpers ) နှင့် ( Unique 17 – inch Wheel ) ကဲ့သို့ Features များကိုလည်း Bison Package အမည်ဖြင့် မှာယူနိုင်ပါမည်။ 2022 Silverado ZR2 Model တွင် ( 5.3 L V8 Engine ) ၊ ( 355 hp ) ၊ ( 6.2 L V8 ) ၊ ( 420 hp ) ၊ ( 3.0 L I6 Duramax Diesel Engine ) ဟူ၍ အင်ဂျင် ( ၃ ) မျိုးရနိုင်ပြီး ( 10 – Speed Auto gear ) ဖြင့် တွဲဖက်ထားပါသည်။ 2022 Chevy Silverado Pickup အား ယခုနှစ်တွင် ရောင်းချမည်ဖြစ်ပြီး အသေးစိတ်အချက်နှင့် ဈေးနှုန်းတို့အား မကြာခင်ကြေငြာပါမည်။ Chevy Silverado ZR2 Model သည် Ford F – 150 Raptor နှင့် Ram 1500 TRX Model တို့ကဲ့သို့ Off – Road အဓိက အသုံးပြုရန် သင့်တော်မည့် Pickup Model ဟု ဆိုရပါမည်။