Audi သည် Brand ၏ EV Lineup အသစ်အနေဖြင့် Self – Driving Features ကဲ့သို့ Advance Tech များစွာပါဝင်သည့် Sphere Concepts Model များအား မိတ်ဆက်ထုတ်လုပ်ထားပါသည်။ မကြာခင်က မိတ်ဆက်ခဲ့သည့် Urban Sphere Concept သည် First – Class Luxury Version ဖြစ်ပြီးတရုတ်နှင့် အရှေ့တောင်အာရှဈေးကွက်အတွက် ရည်ရွယ်ထားပါသည်။ ယခုအခါ အမေရိကန်ဈေးကွက်အတွက် ရည်ရွယ်သည့် Audi Active Sphere Concept အားမိတ်ဆက်လိုက်ပါသည်။ ၎င်းသည် Off – Road EV Crossover ဖြစ်ပြီး Self – Driving Tech ကဲ့သို့ ထူးခြားမှုများစွာပါဝင်ပါသည်။ ၎င်းအား 2023 နှစ်ကုန်ခန့်တွင် အပြည့်အစုံမိတ်ဆက်ပါမည်။

ယခုနမူနာထွက်ရှိလာသည့် ဓာတ်ပုံများအရ Concept ၏ Design သည်အထူးခေတ်ရှေ့ပြေးလှသည့် Stylish Design ပုံစံရှိကာ High Ground Clearance ၊ Off – Road Tires ၊ Wide Fenders စသည့်အခင်းအကျင်းများစွာကို ခံစားရမည်ဖြစ်သည်။ ထို့အပြင် – Large Alloy wheels ၊ Audi S7 ထံမှ မှီငြမ်းရယူထားသည် Sport Sedan Inspired Design ၊ ပြေဖြစ်သွယ်လျသည့် Body Style နှင့် Roofline Design တို့ဖြင့်ထူးခြားစွာ တင်ဆက်ထားပါသည်။ Concept ၏အနေအထားသည့် Q5 သို့မဟုတ် Q8 ထို့ကဲ့သို့ Sporty SUV ဆန်ဆန်အနေအထား ရှိပါမည်။ အလားတူ Audi ၏ နာမည်ကျော် Single frame Grille Design ကိုလည်းယခု Concept တွင်ထည့်သွင်းထားပါသည်။ Audi သည် Sphere Concepts များတွင် Sporty Concept Model ကိုလည်း ဆက်လက်မိတ်ဆက်ရန် စီစဉ်ထားပါသည်။

#DriveMediaMyanmar