Unicode version…
အကာသထဲရောက်၊ ပထမဆုံး “အိုမီဂါ” (first Omega in space)လို့နာမည်ကျော်ကြားစေတဲ့အကြောင်း ကတော့ အမေရိကန်အာကာသယာဉ်မှုးက အိုမီဂါ နာရီကို ဝတ်ဆင်ပြီး အာကာသထဲမှာ ပထမဆုံး လမ်းလျှေက် ပြခဲ့တဲ့ Gemini-4 mission ခရီးစဉ်ကြောင့် ပါဘဲ။ ကမ္ဘာ့ ဆွဲငင်အား လုံးဝကင်းမဲတဲ့ အာကသထဲမှာတောင် ဒီနာရီ က လည်ပတ်နေသေးတယ်ဆိုတဲ့ ဂုဏ်သတင်းဟာ Omega Watch ကို ကျော်ကြားစေတာပါပဲ။ အမေရိကန် နာဆာ (NASA) က စီစဉ်တဲ့ အပိုလို-၁၁ (Apollo-11 mission) ခရီးစဉ်မှာလည်း၊အာကာသယာဉ်မှူးတွေကို အို မီဂါနာရီပဲ ဝတ်ဆင်စေခဲ့ပါတယ်။ အပိုလို-၁၁ အာကာသ ယာဉ်မှူး လကမ္ဘာပေါ်ကို ပထမဆုံးခြေချနိုင်ခဲ့တဲ့ လူသား အဖြစ် အမေရိကန်တွေ ဂုဏ်ယူ ဝင့်ကြွားခဲ့ကြပါတယ်။ နေစင်္ကြာဝဋ္ဌာထဲက လကမ္ဘာပေါ်ကို ပထမဆုံး ရောက်ရှိ ခဲ့တဲ့နာရီ်ဖြစ်တာကြောင့် အိုမီဂါနာရီကို Moon Watch (လပြည့်ဝန်း နာရီ) လို့လည်း ခေါ် တွင်ကြပါတယ်။
Omega ကို 1957 ခုနှစ်ကတည်းက တီထွင် ဖန်တီး ထုတ်လုပ်ခဲ့တာပါ။ ထိပ်တန်း အထင်ကြီးလောက် တဲ့ နောက်ခံသမိုင်းတွေကြောင့် Omega Speedmaster brand ဟာ ကမ္ဘာကျော် တန်းဝင် နာရီအမျိုးအစား ဖြစ်ခဲ့ ပါတယ်။ Omega ဆိုရင် လူတိုုင်းသိတဲ့ နာမည်ဖြစ်တာ ကြောင့် အထူးတလည် မိတ်ဆက်ပေးစရာတောင် မလိုတဲ့ နာရီ ဖြစ်ပါတယ်။
၁၉၆၉ ခုနှစ်က ကမ္ဘာ့အာကာသ စူးစမ်းလေ့လာ ရေး သိပ္ပံပညာရပ်နယ်ပယ်မှာ သမိုင်းတွင်ခဲ့တဲ့ ဖြစ်ရပ် တစ်ခုရှိခဲ့ပါတယ်။ အမေရိကန်ရဲ့ Appolo-11 အာကာသ ယာဉ်ဟာ ကမ္ဘာနဲ့မိုင်ပေါင်းများစွာ ဝေးကွာလွန်းတဲ့ လ ကမ္ဘာကို အရောက်သွားနိုင်ခဲ့ပြီး အာကာသယာဉ်မှူးက ပထမဆုံး လမ်းလျှောက်နိုင်ခဲ့ပါတယ်။အမေရိကန် NASA က အာကာသ စူးစမ်းလေ့လာရေး ဆိုင်ရာခရီးစဉ်မှာ အာကာသယာဉ်မှူးတွေ ဝတ်ဆင်အ သုံးပြုဖို့ ကမ္ဘာ့ထိပ် တန်းနာရီတွေကို စီစစ်ရွေးချယ် ခဲ့ပါတယ်။ နာမည်ကြီး Rolex, Breitling, Omega နဲ့ Longine-Wittnauer နာရီတွေ ထဲကမှ Omega ကိုပဲ NASA က ရွေးချယ်အသုံး ပြုခဲ့ပါတယ်။
ကမ္ဘာ့ဆွဲငင်အား ကင်းမဲ့တဲ့ အာကာသ ခရီးစဉ်မှာ သုံးစွဲမယ့်နာရီဆိုတာ စမ်းသပ်မှုမျိုးစုံကို အစစ်ဆေးခံနိုင် တဲ့ အရည်အသွေးကောင်းတွေနဲ့ ပြည့်စုံရပါတယ်။
စမ်းသပ်စစ်ဆေးတဲ့ ပြင်းထန်မှု အခြေအနေများ
(Extreme Conditions)
မြင့်မားတဲ့ အပူချိန် 160. F to 200.F
အနိမ့်ဆုံးအပူချိန် ရေခဲအမှတ်အောက် -18.C
စိုထိုင်းဆ (Humidity) အမြင့်ဆုံး အခြေအနေမှာ နာရီပေါင်း ၂၅ဝ လောက်စစ်ဆေးခြင်း
အောက်ဆီဂျင် ဓါတ်ငွေ့ ၁ဝဝ% ပတ်ဝန်းကျင် မှာ အပူချိန် 71.C နဲ့ ၄၈ နာရီကြာ စစ်ဆေးခြင်း
ကမ္ဘာ့ ဆွဲအား အရှိန်ထက် (7.25 g) မြန်လွန်တဲ့ အရှိန်နှုန်းပြောင်းလဲမှု ဒဏ်ကို ခံနိုင်ရည်ရှိ / မရှိ စစ်ဆေးခြင်း
ဖိအားမဲ့ အခြေအနေ (at 10-6 atm) မှာ အပူချိန် 200.F ကို စမ်းသပ်ခံနိုင်ခြင်း (low pressure test)
ဖိအားမြင့် (High pressure) 1.6 atm မှာ တစ်နာရီ ကျော် စမ်းသပ်ခြင်း
တုန်ခါမှုကြိမ်နှုန်း 5 to 2000 Hz ခံနိုင်ရည်ရှိ/မရှိ မိနစ် ၃ဝ ကြာစစ်ဆေးခြင်း
အလွန်အမင်း ကြမ်းတမ်းလွန်းတဲ့ ပတ်ဝန်းကျင် အခြေအနေများမှာ စမ်းသပ်စစ်ဆေးမှုအောင်မြင်မှ ဒီနာရီ မျိုးကို အာကာသခရီးစဉ်မှာ NASA က သုံးခွင့်ပြုခဲ့ပါ တယ်။ Omega Speedmaster နာရီက ဒီလိုမျိုး စမ်း သပ်စစ်ဆေးမှုတွေကို ကျော်လွန်ပြီး အာကာသဟင်းလင်း ပြင်ကြီးထဲက လကမ္ဘာပေါ်ကို ပထမဆုံးရောက်ရှိ အသုံး တော်ခံခဲ့ရတဲ့ ကမ္ဘာကျော်နာရီဖြစ်ပါတယ်။ ဒါကြောင့် အိုမီဂါက Speedmaster Brand ကို First Omega In Space (FOIS) နာရီလို့ ဂုဏ်ယူဝင့်ကြွားစွာ အမည်ပေး ခဲ့ပါတယ်။
Omega Speedmaster နာရီဟာ ကြမ်းကြမ်းတမ်း တမ်း အသုံးခံတာကြောင့်၊ အားကစားသမားတွေ၊ တောင် တက်သမားတွေ၊ ပြိုင်ကားမောင်းတဲ့ ယာဉ်မောင်း အားက စားသမားတွေ၊ လေယာဉ်မှူးတွေ၊ သင်္ဘောသားတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ကြိုက်နှစ်သစ်တဲ့ နာရီအမျိုး အစား ဖြစ်ပါတယ်။ အိုမီဂါ နာရီရဲ့ နောက်ထပ်ထူးခြားမှု က ရေအောက်အနက်မီတာ(-50m)အထိ ရေစိမ်ခံနိုင်ရည် ရှိတာကြောင့် ရေတပ်အရာရှိတွေ၊ ရေငုတ်သမားတွေ၊ လှေလှော်ရွက်လွင့် အားကစားသမားတွေ အပြင် Marine Biology ကို လေ့လာ သုတေသနပြုနေကြတဲ့ ပညာရှင် တွေလည်း အထူးနှစ်သက််ကြပါတယ်။
Omega Speedmaster CK-2998 Edition နာရီ ရဲ့ နောက်ဖက် ကာဘာ အဖုံးမှာ လုံးဝတုပလို့ မရတဲ့ အသားတံဆိပ် ပါဝင်ပါတယ်။ နာရီ ဒိုင်ခွက်အချင်းက (39.7mm diameter) ရှိပြီး Stainless Steel သတ္တုသား နဲ့ ပြုလုပ်ထားပါတယ်။ ပွန်းရာ ခြစ်ရာများကို ခံနိုင်ရည်ရှိ ပြီး Ceramic bezel အကွက် ဖော်ထားတာကြောင့် တောက်ပြောင်လှပ နေပါတယ်။ နီလာ (Sapphire) ကျောက်တွေစီထားလို့ အနုပညာလက်ရာ မြောက်လှပါ တယ်။ လက်ပတ်ကြိုးကတော့ အပြာရောင် မိကျောင်း သားရေအစစ်နဲ့ ပြုလုပ်ထားပြီး pin-buckle ကွင်းက စတီးလ် (Steel) ဖြစ်တာကြောင့် တောင့်တောင့်တင်း တင်း အကြမ်းခံပါတယ်။ နာရီမှာ သော့သီး ၃လုံးပါဝင်ပြီး စက္ကန့်လက်တံ ရဲ့ ထိ်ပ်ဖျားမှာ lollipop ပုံစံ စက်ဝိုင်းလေး တပ်ဆင်ထားပါတယ်။ ဒိုင်ခွက် အရောင်က အဖြူရောင် ဖြစ်ပြီး အတွင်းထဲမှာ ဒိုင်ခွက် အသေးလေး ၃ ခုလည်း ပါဝင် နေပါတယ်။ အရောင်က အပြာရင့်ရောင်ပါ။ ၁၂နာရီ ထိပ်မှာ Omega (Ω) Icon ပုံကို ထင်ထင်ရှားရှား တွေ့နိုင်ပါ တယ်။
Omega Speedmaster နာရီဒီဇိုင်းပုံစံလေးက တော့ မြင်တွေ့ရသူကို စွဲမက်သွားစေမယ့် ညှို့အားရှိနေ တယ်လို့ထင်ရပါတယ်။ ကြည်လင်ပြတ်သားခြင်း၊ ရိုးရှင်း ခြင်း၊အနုပညာရသပြည့်စုံခြင်း ဂုဏ်တွေအပြင် အာကာသ ဟင်းလင်းပြင်မှာရှိတဲ့ လကမ္ဘာပေါ်မှာတောင် လှုပ်ရှား လည်ပတ်နိုင်စွမ်းရှိတဲ့ Omega Speedmaster နာရီကို ဝတ်ဆင်ခြင်းဖြင့် ပြီးပြည့်စုံအောင် တည်ကြည်ခန့်ညားတဲ့ လူငယ်တစ်ဦး ဒါမှမဟုတ် လူကြီးမင်းတစ်ဦးရဲ့ စတိုင်ကို သင်ရယူပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Zawgyi version…
အကာသထဲေရာက္၊ ပထမဆံုး “အိုမီဂါ” (first Omega in space)လုိ႔နာမည္ေက်ာ္ၾကားေစတဲ့အေၾကာင္း ကေတာ့ အေမရိကန္အာကာသယာဥ္မႈးက အိုမီဂါ နာရီကို ဝတ္ဆင္ၿပီး အာကာသထဲမွာ ပထမဆံုး လမ္းေလွ်က္ ျပခဲ့တဲ့ Gemini-4 mission ခရီးစဥ္ေၾကာင့္ ပါဘဲ။ ကမၻာ့ ဆဲြငင္အား လံုးဝကင္းမဲတဲ့ အာကသထဲမွာေတာင္ ဒီနာရီ က လည္ပတ္ေနေသးတယ္ဆုိတဲ့ ဂုဏ္သတင္းဟာ Omega Watch ကို ေက်ာ္ၾကားေစတာပါပဲ။ အေမရိကန္ နာဆာ (NASA) က စီစဥ္တဲ့ အပုိလုိ-၁၁ (Apollo-11 mission) ခရီးစဥ္မွာလည္း၊အာကာသယာဥ္မွဴးေတြကို အို မီဂါနာရီပဲ ဝတ္ဆင္ေစခဲ့ပါတယ္။ အပိုလို-၁၁ အာကာသ ယာဥ္မွဴး လကမၻာေပၚကို ပထမဆံုးေျခခ်ႏိုင္ခဲ့တဲ့ လူသား အျဖစ္ အေမရိကန္ေတြ ဂုဏ္ယူ ဝင့္ၾကြားခဲ့ၾကပါတယ္။ ေနစႀကၤာဝ႒ာထဲက လကမၻာေပၚကို ပထမဆံုး ေရာက္ရွိ ခဲ့တဲ့နာရီ္ျဖစ္တာေၾကာင့္ အိုမီဂါနာရီကို Moon Watch (လျပည့္ဝန္း နာရီ) လို႔လည္း ေခၚ တြင္ၾကပါတယ္။
Omega ကို 1957 ခုႏွစ္ကတည္းက တီထြင္ ဖန္တီး ထုတ္လုပ္ခဲ့တာပါ။ ထိပ္တန္း အထင္ႀကီးေလာက္ တဲ့ ေနာက္ခံသမိုင္းေတြေၾကာင့္ Omega Speedmaster brand ဟာ ကမၻာေက်ာ္ တန္းဝင္ နာရီအမ်ဳိးအစား ျဖစ္ခဲ့ ပါတယ္။ Omega ဆိုရင္ လူတိုုင္းသိတဲ့ နာမည္ျဖစ္တာ ေၾကာင့္ အထူးတလည္ မိတ္ဆက္ေပးစရာေတာင္ မလိုတဲ့ နာရီ ျဖစ္ပါတယ္။
၁၉၆၉ ခုႏွစ္က ကမၻာ့အာကာသ စူးစမ္းေလ့လာ ေရး သိပၸံပညာရပ္နယ္ပယ္မွာ သမိုင္းတြင္ခဲ့တဲ့ ျဖစ္ရပ္ တစ္ခုရွိခဲ့ပါတယ္။ အေမရိကန္ရဲ႕ Appolo-11 အာကာသ ယာဥ္ဟာ ကမၻာနဲ႔မိုင္ေပါင္းမ်ားစြာ ေဝးကြာလြန္းတဲ့ လ ကမၻာကို အေရာက္သြားႏိုင္ခဲ့ၿပီး အာကာသယာဥ္မွဴးက ပထမဆံုး လမ္းေလွ်ာက္ႏိုင္ခဲ့ပါတယ္။အေမရိကန္ NASA က အာကာသ စူးစမ္းေလ့လာေရး ဆိုင္ရာခရီးစဥ္မွာ အာကာသယာဥ္မွဴးေတြ ဝတ္ဆင္အ သံုးျပဳဖုိ႔ ကမၻာ့ထိပ္ တန္းနာရီေတြကို စီစစ္ေရြးခ်ယ္ ခဲ့ပါတယ္။ နာမည္ႀကီး Rolex, Breitling, Omega နဲ႔ Longine-Wittnauer နာရီေတြ ထဲကမွ Omega ကိုပဲ NASA က ေရြးခ်ယ္အသံုး ျပဳခဲ့ပါတယ္။
ကမၻာ့ဆဲြငင္အား ကင္းမဲ့တဲ့ အာကာသ ခရီးစဥ္မွာ သံုးစဲြမယ့္နာရီဆိုတာ စမ္းသပ္မႈမ်ဳိးစံုကို အစစ္ေဆးခံႏိုင္ တဲ့ အရည္အေသြးေကာင္းေတြနဲ႔ ျပည့္စံုရပါတယ္။
စမ္းသပ္စစ္ေဆးတဲ့ ျပင္းထန္မႈ အေျခအေနမ်ား
(Extreme Conditions)
- ျမင့္မားတဲ့ အပူခ်ိန္ 160. F to 200.F
- အနိမ့္ဆံုးအပူခ်ိန္ ေရခဲအမွတ္ေအာက္ -18.C
- စိုထိုင္းဆ (Humidity) အျမင့္ဆံုး အေျခအေနမွာ နာရီေပါင္း ၂၅ဝ ေလာက္စစ္ေဆးျခင္း
- ေအာက္ဆီဂ်င္ ဓါတ္ေငြ႕ ၁ဝဝ% ပတ္ဝန္းက်င္ မွာ အပူခ်ိန္ 71.C နဲ႔ ၄၈ နာရီၾကာ စစ္ေဆးျခင္း
- ကမၻာ့ ဆဲြအား အရွိန္ထက္ (7.25 g) ျမန္လြန္တဲ့ အရွိန္ႏႈန္းေျပာင္းလဲမႈ ဒဏ္ကို ခံႏိုင္ရည္ရွိ / မရွိ စစ္ေဆးျခင္း
- ဖိအားမဲ့ အေျခအေန (at 10-6 atm) မွာ အပူခ်ိန္ 200.F ကို စမ္းသပ္ခံႏိုင္ျခင္း (low pressure test)
- ဖိအားျမင့္ (High pressure) 1.6 atm မွာ တစ္နာရီ ေက်ာ္ စမ္းသပ္ျခင္း
- တုန္ခါမႈႀကိမ္ႏႈန္း 5 to 2000 Hz ခံႏိုင္ရည္ရွိ/မရွိ မိနစ္ ၃ဝ ၾကာစစ္ေဆးျခင္း
အလြန္အမင္း ၾကမ္းတမ္းလြန္းတဲ့ ပတ္ဝန္းက်င္ အေျခအေနမ်ားမွာ စမ္းသပ္စစ္ေဆးမႈေအာင္ျမင္မွ ဒီနာရီ မ်ဳိးကို အာကာသခရီးစဥ္မွာ NASA က သံုးခြင့္ျပဳခဲ့ပါ တယ္။ Omega Speedmaster နာရီက ဒီလုိမ်ဳိး စမ္း သပ္စစ္ေဆးမႈေတြကို ေက်ာ္လြန္ၿပီး အာကာသဟင္းလင္း ျပင္ႀကီးထဲက လကမၻာေပၚကို ပထမဆံုးေရာက္ရွိ အသံုး ေတာ္ခံခဲ့ရတဲ့ ကမၻာေက်ာ္နာရီျဖစ္ပါတယ္။ ဒါေၾကာင့္ အိုမီဂါက Speedmaster Brand ကို First Omega In Space (FOIS) နာရီလုိ႕ ဂုဏ္ယူဝင့္ၾကြားစြာ အမည္ေပး ခဲ့ပါတယ္။
Omega Speedmaster နာရီဟာ ၾကမ္းၾကမ္းတမ္း တမ္း အသံုးခံတာေၾကာင့္၊ အားကစားသမားေတြ၊ ေတာင္ တက္သမားေတြ၊ ၿပိဳင္ကားေမာင္းတ့ဲ ယာဥ္ေမာင္း အားက စားသမားေတြ၊ ေလယာဥ္မွဴးေတြ၊ သေဘၤာသားေတြ၊ လံုၿခံဳေရး တပ္ဖဲြ႕ဝင္ေတြ၊ ႀကိဳက္ႏွစ္သစ္တဲ့ နာရီအမ်ဳိး အစား ျဖစ္ပါတယ္။ အိုမီဂါ နာရီရဲ႕ ေနာက္ထပ္ထူးျခားမႈ က ေရေအာက္အနက္မီတာ(-50m)အထိ ေရစိမ္ခံႏိုင္ရည္ ရွိတာေၾကာင့္ ေရတပ္အရာရွိေတြ၊ ေရငုတ္သမားေတြ၊ ေလွေလွာ္ရြက္လြင့္ အားကစားသမားေတြ အျပင္ Marine Biology ကို ေလ့လာ သုေတသနျပဳေနၾကတဲ့ ပညာရွင္ ေတြလည္း အထူးႏွစ္သက္္ၾကပါတယ္။
Omega Speedmaster CK-2998 Edition နာရီ ရဲ႕ ေနာက္ဖက္ ကာဘာ အဖံုးမွာ လံုးဝတုပလို႔ မရတဲ့ အသားတံဆိပ္ ပါဝင္ပါတယ္။ နာရီ ဒိုင္ခြက္အခ်င္းက (39.7mm diameter) ရွိၿပီး Stainless Steel သတၱဳသား နဲ႔ ျပဳလုပ္ထားပါတယ္။ ပြန္းရာ ျခစ္ရာမ်ားကို ခံႏိုင္ရည္ရွိ ၿပီး Ceramic bezel အကြက္ ေဖာ္ထားတာေၾကာင့္ ေတာက္ေျပာင္လွပ ေနပါတယ္။ နီလာ (Sapphire) ေက်ာက္ေတြစီထားလို႕ အႏုပညာလက္ရာ ေျမာက္လွပါ တယ္။ လက္ပတ္ႀကိဳးကေတာ့ အျပာေရာင္ မိေက်ာင္း သားေရအစစ္နဲ႔ ျပဳလုပ္ထားၿပီး pin-buckle ကြင္းက စတီးလ္ (Steel) ျဖစ္တာေၾကာင့္ ေတာင့္ေတာင့္တင္း တင္း အၾကမ္းခံပါတယ္။ နာရီမွာ ေသာ့သီး ၃လံုးပါဝင္ၿပီး စကၠန္႔လက္တံ ရဲ႕ ထိ္ပ္ဖ်ားမွာ lollipop ပံုစံ စက္ဝိုင္းေလး တပ္ဆင္ထားပါတယ္။ ဒိုင္ခြက္ အေရာင္က အျဖဴေရာင္ ျဖစ္ၿပီး အတြင္းထဲမွာ ဒိုင္ခြက္ အေသးေလး ၃ ခုလည္း ပါဝင္ ေနပါတယ္။ အေရာင္က အျပာရင့္ေရာင္ပါ။ ၁၂နာရီ ထိပ္မွာ Omega (Ω) Icon ပံုကို ထင္ထင္ရွားရွား ေတြ႔ႏိုင္ပါ တယ္။
Omega Speedmaster နာရီဒီဇုိင္းပံုစံေလးက ေတာ့ ျမင္ေတြ႔ရသူကို စဲြမက္သြားေစမယ့္ ညွဳိ႕အားရွိေန တယ္လုိ႔ထင္ရပါတယ္။ ၾကည္လင္ျပတ္သားျခင္း၊ ရိုးရွင္း ျခင္း၊အနုပညာရသျပည့္စံုျခင္း ဂုဏ္ေတြအျပင္ အာကာသ ဟင္းလင္းျပင္မွာရွိတဲ့ လကမၻာေပၚမွာေတာင္ လႈပ္ရွား လည္ပတ္ႏိုင္စြမ္းရွိတဲ့ Omega Speedmaster နာရီကို ဝတ္ဆင္ျခင္းျဖင့္ ၿပီးျပည့္စံုေအာင္ တည္ၾကည္ခန္႔ညားတဲ့ လူငယ္တစ္ဦး ဒါမွမဟုတ္ လူႀကီးမင္းတစ္ဦးရဲ့ စတိုင္ကို သင္ရယူပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။