Unicode version..
ကားအစီးရေများပြားလာတဲ့ ရန်ကုန်မြို့မှာ ကား Brand ကလည်းစုံလင်လာလို့ ပြုပြင်ထိန်းသိမ်းဖို့ အဆင့်မီ Service centre တွေလိုအပ်လာပါတယ်။ဒီတစ်ပတ်မှာတော့ တစ်နေရာတည်းမှာ One Stop Service ပေးနိုင်တဲ့အပြင် Quick Services ကိုပါအဓိက ဦးစားပေးတဲ့ Auto Man Service Centre နဲ့ တွေ့ဆုံခဲ့မှုလေးကို ဖော်ပြပေးချင်ပါတယ်။
မေး ပထမဆုံးအန်ကယ့်နာမည်လေးနဲ့ ဒီမှာဘယ်အပိုင်းကနေ ဘယ်လိုတာဝန်ယူထားတယ်ဆိုတာ မိတ်ဆက်ပေးပါ။
ဖြေ ကျွန်တော် နာမည် ကိုညီညီလွင်ပါ။ Service မန်နေဂျာ တာဝန်ယူထားပါတယ်
မေး အန်ကယ်တို့ Automan Service Center ကို ဘယ်အချိန်က စတင်ဖွင့်လှစ်ခဲ့တာပါလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ဖြစ်တာပါလဲ။
ဖြေ ဖွင့်လစ်တာကတော့ ၂၀၁၅ ခုနှစ်နှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆိုရင် ၂ နှစ်ကျော်ပြိပေါ့။ တစ်နေရာထဲမှာပဲ ကဏ္ဍစုံလင်အောင် လျှင်လျှင်မြန်မြန် လဲလှယ်ပေးနိုင်ဖို့ စဉ်းစားရင်း ဖွင့်ဖြစ်သွားတာပါ။ အရင်တုန်းက ဦးတို့ဆီမှာ Battery မကောင်းရင် Battery ဖြစ်တဲ့ဆိုင် သီးခြားသွားရတယ်။ Tyre မကောင်းရင် Tyre လဲဖို့ သီးခြားသွားရတယ်။ Tyre လဲပြီးရင် Alignment ကို တစ်နေရာမှာ သွားချိန်ရတယ်။ အင်ဂျင်ဝိုင်လဲတော့ တစ်နေရာ စသဖြင့်ပေါ့။ အခုခေတ်ကြီးမှာ ကားတွေကျပ် လမ်းတွေပိတ်နေတဲ့ ခေတ်ကြီးမှာ ဟိုနေရာတစ်ခု ဒီနေရာတစ်ခု သွားနေမဲ့အစား တစ်နေရာထဲမှာ လုပ်ပေးနိုင်မဲ့ Service center တစ်ခုရှိရင် ကောင်းမှာပဲ ဆိုပြီး စဉ်းစားမိတာနဲ့ ဒါကိုစတင်ပြီး ဖွင့်လှစ်ဖြစ်တာပါ။
မေး အန်ကယ်တို့ှ Service Center မှာ ဘယ်လိုမျိုးကားအမျိုးအစားတွေကို ဆောင်ရွက်ပေးပါသလဲ ၊ Service လာလုပ်တဲ့ကားတွေအတွက် လိုအပ်တဲ့ အပိုပစ္စည်းတွေရော အလုံလောက် ရှိပါသလား။ အဲ့ပစ္စည်းတွေကိုရော ဘယ်နိုင်ငံက တင်သွင်းပါလဲ။
ဖြေ မြန်မာပြည်မှာ ဂျပန်ကားက အများဆုံးဖြစ်နေတော့ ဂျပန်ကားကို အဓိကထားပြီး ၀န်ဆောင်မှုတွေ ပေးနေရပေမဲ့ ဥရောပနဲ့ အမေရိကန်အပြင် အခြားနိုင်ငံထုတ်ကားများအတွက်ပါ ၀န်ဆောင်မှု ပေးနိုင်အောင် ဆောင်ရွက်ထားရှိပါတယ်။ Spare parts အနေနဲ့တော့ ပြည်ပထုတ်လုပ်သူများထံမှ တိုက်ရိုက်တင်သွင်းမှုများရှိသလို စျေးကွက်မှာ လက်ခံပြီးသား အရည်အသွေး ကောင်းမွန်သော ပစ္စည်းများကိုတော့ တရားဝင်တင်သွင်းသူများထံမှ တိုက်ရိုက်ဝယ်ယူ သုံးစွဲပေးနေပါတယ်။
မေး ကားဆားဗစ်ပေးတဲ့အပိုင်းမှာ ဘယ်လိုအပိုင်းတွေ လာရောက်ဆောင်ရွက်လို့ရလဲ။
ဖြေ အဓိက မလုပ်တဲ့အပိုင်းကို အရင်ပြောပါမယ်။
– ကားဘော်ဒီနဲ့ ဆေး မလုပ်ပါဘူး
– အင်ဂျင်မပြင်ပါဘူး။ သို့သော် အလုံးလိုက်တော့ လဲပေးပါတယ်။
– ကျန်တဲ့အပိုင်းတွေဖြစ်တဲ့ ရေဆေး ကားပေါလစ်အလှဆင်၊ အင်ဂျင်ဝိုင်လဲ၊ အောက်ပိုင်းကြံခိုင်ရေး
စစ်ဆေးပြုပြင်ခြင်း၊ 3D Wheel Alignment ချိန်ခြင်း၊ Brake စစ်ဆေးပြုပြင်ခြင်း၊ ဘတ်ထရီလဲ၊
တာယာလဲလှယ်ပြုပြင်ခြင်း စသဖြင့် စစ်ဆေးပြုပြင်လဲလှယ်ခြင်းများ။
မေး ကားပေါလစ်တင်တာနဲ့ ပတ်သက်ပြီး ဆက်စပ်မေးချင်တာက ဒီလိုကားဆားဗစ်စင်တာတွေမှာ ပေါလစ်တင်တာနဲ့ ကိုယ့်ဘာသာ စျေးကွက်ထဲက တစ်ခါသုံးပေါလစ်တွေ ၀ယ်သုံးသာ ဘာများကွာ ပါသလဲ။ သာမန်ဆပ်ပြာမှုန့်တွေနဲ့ သုံးပြီး သန့်စင်စေတာနဲ့ရော ကွာခြားမှုရှိပါသလား။ ကားဘော်ဒီကို ထိခိုက်စေပါသလား။
ဖြေ ကားပေါလစ်ဆိုင်မှာ ပေါလစ်တင်တာကတော့ ပိုကောင်းတာပေါ့။ ကျွမ်းကျင်တဲ့ပညာရှင်တွေက အရည်အသွေးကောင်းတဲ့ ပေါလစ်ဆေးတွေ၊ စက်ပစ္စည်းတွေနဲ့ အဆင့်ဆင့် ဂျေးချွတ်၊ အဆင်းဖျောက် ပေါလစ်တိုက်ပြီးမှ အရောင်တင်တဲ့အတွက် ကားရဲ့တောက်ပမှုကို ပိုရစေပါတယ်။
နောက်ပြီးကားကို သာမန်ဆပ်ပြာမှုန့်တွေသုံးပြီး မဆေးသင့်ပါဘူး။ ကြာလာရင် ကားရဲ့အရောင်ကို မှေးမှိန် သွားစေပါတယ်။ ဦးတို့ဆီမှာတော့ ပိုလန်နိုင်ငံကမှာယူ တင်သွင်းထားတဲ့ K-2ကားဆေးဆပ်ပြာ အဆီကိုပဲသုံးပါတယ်။ ဒီဆပ်ပြာမှာ ကားအရောင်ကို တောက်ပြောင်စေတဲ့ဆေးတစ်မျိုးပါပြီးသားဖြစ်
လို့ ဦးတို့ Automan မှာကားလာဆေးကြတဲ့ Customer တွေလည်းအကြိုက်တွေ့ကြပါတယ်။တစ်ခုထပ် ပြောချင်တာက ကားဘော်ဒီမှာသုတ်တဲ့ Coating အကြောင်းပါ။ Coating ကတော့မိမိကားရဲ့ ဆေးသားအပေါ်ကနေအလွှာတစ်ခုအဖြစ်ဖုံးအုပ်ထားတာကြောင့် ကားပေါ ကိုကျတဲ့ငှက်ချေး ၊မိုးရေ တို့ကြောင့်အကွက်ဖြစ်သွားတာတို့နေရောင်ခြည်နဲ့ဆပ်ပြာတို့ကြောင့်ဆေးသားပျက်ဆီးခြင်းတို့ကိုကာကွယ် ပေးတဲ့အပြင် ပေါလစ်တိုက်စရာမလိုပဲ မိမိကားကို သစ်လွင်တောက်ပစေပါတယ်။ ဒီဆားဗစ် ကိုလည်းAutoman မှာရနိုင်ပါတယ်။
မေး အဲ့လို Chemical ပါတဲ့ ဆပ်ပြာတွေ အသုံးပြုတဲ့အတွက် လူတွေရော ထိခိုက်စေပါသလား။
ဖြေ ကားဆေးဆိုတာ ပြောရမယ်ဆို လူအသားထက် နူးညံ့တယ်။ အဲ့အတွက် မူလဆေးသား မထိခိုက်အောင် ကောင်းတဲ့ဆေးကို အသုံးပြုရပါတယ်။ ကျွန်တော်တို့ တင်သွင်းလာတဲ့ K2 ဆိုတာ ဥရောပက ထုတ်တဲ့ကုန်ပစ္စည်း၊ ပတ်ဝန်းကျင်ပျက်စီးမှု မထိခိုက်စေသလို သုံးစွဲသူ လူအတွက်လဲ မထိခိုက်စေပါဘူး။
မေး အခုနောက်ပိုင်း ဥရောပကားတွေ အဝင်များလာတယ်။ ဂျပန်ကားနဲ့ ဥရောပကားတွေ ၀န်ဆောင်မှု ပေးရတဲ့အခါမှာ ဘယ်လိုကွာခြားမှုရှိလဲ။
ဖြေ ကွာခြားမှုကတော့ ဂျပန်က အသုံးများတယ်။ အဲအတွက် Spare Parts တွေ အလွယ်တကူ ရှာရ လွယ်တယ်။ ကားတွေကျတော့ အသုံးပြုသူ နည်းသေးတယ်။ အဲ့တော့ အပိုပစ္စည်းရှာရတဲ့ နေရာမှာ တော်တော်လေးအချိန်ပေးရတယ်။ အဲ့ဒီအပိုင်းကတော့ သိသိသာသာကွာခြားတယ်။ နောက်တစ်ခုက ဥရောပကားတွေမှာဆိုရင် များသောအားဖြင့် ပစ္စည်းတစ်မျိုးကို တစ်ခုထဲ ၀ယ်လို့ မရဘူး။ စုံလိုက်မှာ ၀ယ်ရတယ်။ ဥပမာ ဘီးဆင်တာတို့လို ဟာမျိုးပေါ့တစ်ခုထဲဝယ်လို့ မရဘူး။ ဖိနပ်လိုပေါ့ ပျက်တာက တစ်ဖက်ထဲ ၀ယ်တော့ တစ်ရံဝယ်ရတယ်။ အဲ့လိုပဲ ဥရောပကားတွေကလည်း စုံဝယ်ရတယ်။ အဲ့အတွက် ကုန်ကျစရိတ်များတယ်၊ အဓိကကတော့ ၀ယ်ဖို့ အချိန်ပဲလိုတာ ရှာတဲ့ပစ္စည်းက ရပါတယ်။
မေး ၀န်ဆောင်မှုပေးရတဲ့ အပိုင်းမှာရော အခက်ခဲတွေ၊ ကွာခြားတာရှိလား။
ဖြေ အနည်းနဲ့အများတော့ရှိပါတယ်။ ဂျပန်ကားတွေကကျတော့ မြန်မာတွေအတွက် Use to ဖြစ်နေပြီ ဆိုတော့ ဂျပန်ကားအတွက် သိပ်ထွေထွေ ထူးထူးခက်ခဲတာမရှိဘူး။ ဥရောပကားကျတော့ ပြောမယ်ဆို အခုကျမှ ထိတွေ့မှု ပိုများလာတာဆိုတော့ သူ့ရဲ့ အစိတ်ပိုင်းတွေ သိထားဖို့ အရေးကြီး ပါတယ်။
မေး အန်ကယ်တို့ Service Center မှာလာအပ်တဲ့ ကားတွေမှာ ဘယ်လိိုအပိုင်းကို ပိုပြီး ၀န်ဆောင်မှု ပေးရဆုံးလဲ။
ဖြေ အဓိကကတော့ – အင်ဂျင်ဝိုင်လဲ
– တာယာလဲ
– ကားအောက်ပိုင်းကြံခိုင်ရေးပြုပြင်ပြင်ဆင်
– ကား အဲယားကွန်း ပြုပြင်ခြင်း
– ရေဆေးပေါလစ်တင် စတဲ့အပိုင်းတွေ များပါတယ်။
မေး နောက်ဆုံးအနေနဲ့ အင်ဂျင်တစ်ခုရေရှည်ခံပြီး ကောင်းမွန်ဖို့ အင်ဂျင်ဝိုင်က အဓိကကျလား။ ကားပိုင်ရှင်ကိုယ်တိုင် အနေနဲ့ရော ဘယ်လိုထိန်းသိမ်းဆောင်ရွက်သင့်လဲ။
ဖြေ မှန်လိုက်တဲ့မေးခွန်းတွေပါ။ ကားအင်ဂျင်တလုံး ရေရှည်ခိုင်ခံပြီး ကောင်းမွန်ဖို့က အင်ဂျင်ဝိုင်ကောင်းဖို့ အဓိကကျပါတယ်။ အခုခေတ်မှာ အရင်လိုရှိတဲ့ အင်ဂျင်ဝိုင်သာ သုံးဖို့မဟုတ်ပဲ ရွေးချယ်စရာတွေ များလာပါပြီ၊ ကျွန်တော်တို့ Auto Man အနေနဲ့ အရည်အသွေးမှာ ကမ္ဘာ့အဆင့်မီ အင်ဂျင်ဝိုင်တွေကို အဓိကထားပြီး သုံးထားပါတယ်။ ပြီးတော့ မြန်မာလူမျိုးတွေအနေနဲ့ ပျက်မှပြင်တတ်ကြတာများပါတယ်။ အမှန်က စက်ပစ္စည်းဆိုတာ လူလိုပါပဲ ပုံမှန်စစ်ဆေးမှုများပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါမှ အသက်ရှည်ရှည်နေနိုင်မှာပါ
ကားတစ်စီးမှာ အင်ဂျင်ပိုင်း၊ ကားအောက်ပိုင်း၊ ဘရိတ်ပိုင်း၊ ဘတ်ထရီ စသဖြင့် စစ်ရမည့် သက်တမ်းများရှိပါတယ်။
အဲ့ဒါတွေကို ကျွန်တော်တို့ Auto Man အနေနဲ့ စစ်ဆေးတဲ့ဝန်ဆောင်မှုများလဲ စတင်နေပြီဖြစ်ပါတယ်။
မော်တော်ယာဉ်သုံးစွဲသူများအဖို့ စိတ်ချစွာသုံးစွဲနိုင်ဖို့ Auto Man ကို လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။
Zawgyi version..
မေး     အန်ကယ်တို့ Service Center မှာလာအပ်တဲ့ ကားတွေမှာ ဘယ်လိုအပိုင်းကို ပိုပြီး ၀န်ဆောင်မှု ပေးရဆုံးလဲ။
– တာယာလဲ