လက်ရှိဈေးကွက်ထဲမှာေတာ့ ရေနံစိမ်း တစ်စည်ရဲ့တန်ဖိုးက အနှုတ်လက္ခဏာ ပြေနပါပြီ။ ဒီလိုအခြေအနေဟာ ကမ္ဘာ့သမိုင်းတစ်ေလျှာက် မှာ ပထမဦးဆုံးအကြိမ်ပါ။ ရေနံစိမ်းတစ်စည်ယူရင် ရေနံအပြင် ပိုက်ဆံပါ အပိုထပ်ေဆာင်းရရှိနိုင်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လအတွင်း OPEC အဖွဲ့ရဲ့ ရေနံထုတ်လုပ်မှုလျှော့ချေရးသဘောတူညီချက်ပျက်ပြယ်သွားခဲ့ပြီးတဲ့နောက် Coronavirus Pandemic ကြောင့် ကမ္ဘာမှာ ရေနံသုံးစွဲမှုနှုန်းထိုးကျလာချိန် ထုတ်လုပ်မှုကိုမလျှော့ခဲ့တဲ့အတွက် အခုလိုမျိုး ဈေးအဆမတန်ထိုးကျပြီး အနုတ်ပြလာတာဖြစ်ပါတယ်။
အမေရိကန်မှာရှိတဲ့ ရေနံစိမ်းလှောင်ကန်တိုင်းမှာ ရေနံစိမ်းပြည့်လုနီးပါး ဖြစ်နေပြီး ရေနံစိမ်းအများအပြားသိုေလှာင်ထားကြတဲ့ ရေနံကုန်သည်တွေဟာ စာချုပ်နဲ့ဝယ်ယူထားတဲ့ ရေနံတွေ ထပ်ရောက်လာရင် ထားဖို့နေရာမရှိကြတော့ပါဘူး။ ဒါကြောင့် ရေနံတွေကို အခမဲ့ပေးပစ်မယ့်အပြင် ယူခအဖြစ် ပိုက်ဆံပါထပ်ေပးမယ့်အေခြအေနဖြစ်လာတာပါ ရေနံစိမ်းတစ်စည်လာယူရင် ၁၇ ဒေါ်လာကနေပြီး ဒေါ်လာ ၄၀ လောက်ထိ ပေးမှာဖြစ်ပါတယ်။
Ref: futurism
Thiha