(General Motor)၏ ဥရောပအသင်းဝင်ဖြစ်သည့် (Opel)သည် ခရစ်ယန် ပုပ်ရဟန်းမင်းကြီး (Pope Francis)အား (Ampera-e)လျှပ်စစ်ကား အဖြူရောင်တစ်စင်းအား ဂါရ၀ပြုလက်ဆောင် ပေးအပ်ခဲ့ပါသည်။ ၎င်းသည် (Vatican City)မှ ပြုလုပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မူ အစီအစဉ်အပေါ် တစ်စိတ်တစ်ဒေသ အကျိုးပြုနိုင်ရန်လည်း ရည်ရွယ်ခြင်း ဖြစ်ပါသည်။(Opel Ampera-e)သည် (Chevrolet Bolt)၏ (Sister Vehicle)ဖြစ်ပြီး (2016)ခုနှစ်တွင် (U.S)၌ မိတ်ဆက်ခဲ့ပါသည်။ (Opel)၏ (CEO)ဖြစ်သူ (Mr Karl-Thomas Neumann)မှ (Ampera-e)အားမကြာမှီက ကျင်းပခဲ့သည့် (Laudoto Si)ရှိ ညီလာခံတွင် ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် (Opel)အနေဖြင့် (Vatican)နန်းတော်၏ (Mobility Program)အတွက် တာဝန်ယူသည့် အီတလီအခြေစိုက် (Enel)အတွက် (EV)ကားကိုလည်း စီစဉ်ဆောင်ရွက် ပေးပါသည်။

(Ampera-e)အား ပုပ်ရဟန်းမင်းကြီး၏ သွားလာမှုအတွက် ပုံမှန်တာဝန်ယူရသည့် (SUVs)များ ကိုယ်စား ကြိုပို့ယာဉ်အဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းသည် လျှပ်စစ်စွမ်းအင်သီးသန့်ဖြင့် (ခရီးမိုင် 323 မိုင်)ခန့် အထိ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ပုပ်ရဟန်းမင်းကြီး အသုံးပြုသည့် မော်တော်ယာဉ်များသည် အထူးဖန်တီး ထားသည့် မော်တော်ယာဉ် အမျိုးအစားဖြစ်ကြပြီး အဖြူရောင်များကိုသာ အသုံးပြုကြပါသည်။

(Opel)သည် (GM)၏ (Vauxhall)နှင့် အတူအမြတ်ငွေ (US$ 2 Billion)ခန့်ရရှိခဲ့ပါသည်ဟု (PSA)မှ (2017 March)တွင် ကြေငြာခဲ့ပါသည်။ အဆိုပါကား ကုမ္ပဏီပေါင်းစပ်မှုသည် (Eurpoe)ဈေးကွက်ဒေသ၌ (Volkswagen Group)မှ တစ်ပါး အကြီးဆုံး (Automaker)တစ်ခု အနေဖြင့် ၀င်ရောက်နိုင်ခဲ့ပါသည်။