Toyota U.S.A သည် နာမည်ကျော် Tundra Truck အတွက် Tundra-based Overlanding Vehicle အမျိုးအစား ဖြစ်သည့် Tundra Trailhunter Concept အားမိတ်ဆက်လိုက်သည်။ Overlanding Vehicle ဆိုသည်မှာ Toyota ၏ pickup နှင့် SUV တို့အား- Onboard Recovery Gear , Overlanding Gear Ranging စသည့်တို့အား Factory Installed အနေဖြင့် ဖန်တီးတပ်ဆင်သည့် ပုံစံဖြစ်ကာ Toyota’s Genius Parts များကိုအသုံးပြုပါသည်။ Toyota သည် Trailhunter Truck သည် Overlanding အတွက်လိုအပ်သည့် Features အားလုံးကို Factory-Built အနေဖြင့် အပြည့်အစုံ တပ်ဆင်ထားသည့် Model ဖြစ်ကာ Toyota In-House Engineering အဖွဲ့မှ OEM Overlanding Solution Design ဖြင့်ဖန်တီးထားပြီး-Quality , Durability , Reliability တို့ကို အကောင်းဆုံး အနေအထားများ ရရှိစေရန် ကြိုးစားထားပါသည်ဟု Toyota U.S.A မှကြေငြာထားပါသည်။

Toyota သည် Off – Road သီးသန့်အသုံးပြုမည့် Truck နှင့် SUV များအတွက် Lift Suspension , Rooftop Tank , Upgrade Tires စသည့်ထပ်တိုးပါဝင်မှုများကို တစုတစည်းတည်း ထည့်သွင်းထား၍ ရည်ရွယ်ပြီး Factory Built Trailhunter Model များကို ဖန်တီးခြင်းဖြစ်သည်။ Trailhunter Concept ၏အခြားသော Features နှင့် Design Theme တို့သည်ပုံမှန် Tundra Model များနှင့် တူညီပါသည်။ Toyota သည် Tundra အပြင် Tacoma Truck ကိုလည်း Trailhunter Version ဖန်တီးရန် စီစဉ်ထားပြီး အဆိုပါ Trucks များအပြင် – Sequoia , 4 Runner စသည့် SUVs များတွင်လည်း ဆက်လက် အသုံးပြုရန် ရည်ရွယ်ထားပါသည်။

#DriveMediaMyanmar