Modern Car များ၏ Engine Control System တွင် Sensor များစွာပါဝင်လေ့ရှိပြီး၎င်းတို့သည် အင်ဂျင်၏ စွမ်းဆောင်ရည်နှင့် အခြားအချက်များအတွက် အဓိကကျသည့် Function များအတွက် ဆောင်ရွက်ပေးရပါသည်။ အဆိုပါ Sensor များသည် ချို့ယွင်းမှုဖြစ်လာပါက လွဲမှားသည့် အချက်အလက်များကို ပြသနိုင်သည့်အတွက် ဆီစားနှုန်း ၊ အင်ဂျင်၏ စွမ်းဆောင်ရည် ၊ စသည့်အချက်များကို အဓိကသက်ရောက်မှု ရှိမည်ဖြစ်သည်။ Oxygen Sensor သည်အင်ဂျင်အတွက် အရေးကြီးသည့် Sensor တမျိုးဖြစ်ပြီး 02 Sensor ဟုသတ်မှတ်ပါသည်။ Oxygen Sensor သည်အင်ဂျင်အိတ်ဇောမှ ထွက်ရှိသည့် Unburned Oxygen အရေအတွက်ကို အာရုံခံပေးသည့် Function ကိုဆောင်ရွက်ပါသည်။ ကားများတွင် O2 Sensor အား 1981 တွင်စတင်တပ်ဆင်ခဲ့ပြီး ODB – II Regulations အရ 1996 မှစတင်ကာ မော်တော်ယာဉ်များတွင် အဓိကအသုံးပြုကြပါသည်။ အချို့ကားများတွင် O2 Sensor ( ၄ ) ခုခန့် တပ်ဆင်ကြပြီး V6 / V8 / အင်ဂျင်များတွင် အဓိကအသုံးပြု ကြပါသည်။

Oxygen Sensor သည်ပုံမှန်အသစ်လဲလှယ်ရမည့် Part ဖြစ်သည်။ Oxygen Sensor သည် Fuel နှင့် Emission System များအတွက် အဓိကအရေးကြီးသည့် အစိတ်အပိုင်းဖြစ်ပြီး ၎င်းသည် Exhaust နှင့် Transmit System တို့မှထွက်ရှိသည် Oxygen အရေအတွက်ကို အာရုံခံပြီး အင်ဂျင်၏ Computer ထံသို့ သတင်းပေးပို့ပါသည်။ အကယ်၍ O2 Sensor သည်ချို့ယွင်းမည်ဆိုပါက အင်ဂျင်ကွန်ပျူတာသည် တိကျမှန်ကန်သည့် Air – Fuel ၏ပမာဏကိုသိမည် မဟုတ်၍ ဆီစားနှုန်းမမှန်ကန်ခြင်း ၊ Catalytic Converter သည် အပူလွန်ကဲခြင်း ၊ စသည့်အချက်များဖြစ်ပေါ်ပါမည်။ O2 Sensor ချို့ယွင်းပါက – ဆီစားနှုန်းရုတ်တရက်မြင့်လာခြင်း ၊ Power ချို့ယွင်းမှုဖြစ်ခြင်း ၊ စသည့် Signs များဖြစ်ပေါ်လာမည်ဖြစ်သည်။

#DriveMediaMyanmar