အီတလီအခြေစိုက် Pagani သည် Limited – Edition အနေဖြင့်ရည်ရွယ်ထုတ်လုပ်သည့် Huayra Codalunga အားမိတ်ဆက်လိုက်သည်။ အဆိုပါ Hyper Car သည် Long – Tail rear end ပုံစံဖြင့်ထူးခြားစွာ ဖန်တီးထားသည့် Model ဖြစ်ကာ၎င်းအား ( ၅ ) စင်းသာနမူနာအနေဖြင့် ဖန်တီးပါမည်။ Pagani သည်ယခုမိတ်ဆက်သည့် Long – Tail Model အပြင် Next – gen C 10 Hyper car ကိုလည်းဆက်လက်မိတ်ဆက်ပါမည်။ Long – Tail Special Edition ၏ဒီဇိုင်းအား 1960 ပြည့်နှစ်များတွင်ထုတ်လုပ်ခဲ့သည့် Coach – Built Sport Cars များအတိုင်း ဖန်တီးထားမည်ဖြစ်ကာ – ကျယ်ဝန်းသည့်အရှေ့ဖက် Fascia Design ၊ တမူထူးခြားသည့် Grille ၊ Pagani ၏ဟန်ပန်အတိုင်းဖြစ်သည့် အနောက်ဖက် Rear End Design တို့အားခံစားတွေ့မြင်ရပါမည်။
၎င်းတွင်အင်ဂျင်အနေဖြင့် – 6.0 L AMG – Supplied Twin – turbo V 12 Engine ၏ Updated Version ကိုထည့်သွင်းထားမည်ဖြစ်ကာ ( Total Output – 617 kW / 1100 Nm ) ရရှိပါမည်။ ထို့အပြင်အထူးကောင်းမွန်သည့် Performance ကိုရနိုင်ရန်အတွက် – New Ceramic – Coated Titanium Exhaust System ကိုလည်းပေါင်းစပ်ထားပါမည်။ Pagani Huayra Codalunga ၏အလေးချိန်သည် ( 1280 kg ) သာရှိသည့်အတွက်အလွန်ပေါ့ပါးသည်ဟုဆိုရပါမည်။ ၎င်းအားဖန်တီးရန်အတွက် Pagani Grandi Compli Cazioni Project Term မှ ( ၅ ) နှစ်ခန့်အချိန်ယူဖန်တီးခဲ့ပါသည်။ ကား၏အတွင်းပိုင်းအား Cabin တွင် Leather များဖြင့်အဓိက ခင်းကျင်းထားကာ Brushed Aluminum Accents များလည်းပေါင်းစပ်ထားပါသည်။ Pagani သည် Codename C 10 ဟုသတ်မှတ်ထားသည့် Hyper car အသစ်အား September 12 တွင်မိတ်ဆက်ပါမည်။
#DriveMediaMyanmar