Zawgyi Version…
ကမာၻေက်ာ္ Pagani သည္ ၎၏ Huayra အား 2024 တြင္ Electric Hyper car အေနျဖင့္ ထုတ္လုပ္ရန္ အစီအစဥ္ရွိေနသည္။ ကုမၸဏီတည္ေထာင္သူ Horacio Pagani မွ 2024 တြင္ အျပည့္အဝ လွ်ပ္စစစ္ကားထုတ္လုပ္ရန္ အနာဂတ္အစီအမံအေနျဖင့္ ခ်မွတ္ထားသည္ ဟုေျပာၾကား လိုက္သည္။ Pagani Electric Hyper car ထုတ္လုပ္မႈအတြက္ ဝယ္လိုအားသည္ အဓိက အေရးႀကီး သည့္ အခ်က္ျဖစ္ၿပီး ယခုအခ်ိန္တြင္ Pagani ဝယ္သူမ်ားမွ လွ်ပ္စစ္ကားထုတ္လုပ္ ျခင္းအေပၚမ်ား စြာစိတ္ဝင္စားမႈမရွိၾကေသးေပ။ ထိုအခ်က္သည္ အေရးႀကီးသည့္အတြက္ 2024 တြင္ Huayro Electric Model အား ထုတ္လုပ္ပါက အရည္အတြက္အနည္းငယ္ျဖင့္ စတင္ႏိုင္ဖြယ္ရွိသည္။ လက္ရွိ အသုံးျပဳေနသည့္ V12 Pagani Engine မ်ားကိုလည္း ဆက္လက္ထုတ္လုပ္မည္ျဖစ္ၿပီး Huayra ၏ ေအာင္ျမင္မႈကို ( 2021 ) အထိဆက္လက္ထိန္းသိမ္းရန္ Pagani မွ ဆႏၵရွိသည္။ Pagani တြင္ လွ်ပ္စစ္ေမာ္တာႏွင့္ အျခားအစိတ္အပိုင္းမ်ားအတြက္ Partner မရွိသည့္အတြက္ အေျခခံမွစ၍ အားလုံးကို ၎၏စက္ရုံမွ ဖန္တီးမည္ျဖစ္သည္။ သို႔ေသာ္ AMG မွ V12 Engine နည္းပညာအား ေထာက္ပံ့ေပးမည္ျဖစ္သည္။ အျခားစိန္ေခၚမႈတရပ္မွာလွ်ပ္စစ္ကားအတြက္ အေလးခ်ိန္ျဖစ္ၿပီး သမားရိုးက် ေပါ့ပါးသည့္ဘထၱရီမ်ားအစား ႀကီးမားသည့္ Battery Pack မ်ားကို အသုံးျပဳမည္ျဖစ္၍ ကား၏အေလးခ်ိန္သည့္ ေပါ့ပါးမည္ မဟုတ္ေသာ္လည္း AMG V12 အင္ဂ်င္ႏွင့္ ေပါင္းစပ္သည့္ အတြက္ လွ်ပ္စစ္ကားမ်ားတြင္ ရွားပါးမည္ျဖစ္သည္။ အဆိုပါ Full Electric အား 2020 ၀န္းက်င္တြင္ ယခုထက္ပို၍ အေသးစိတ္ေဖာ္ျပမည္ဟု ခန္႔မွန္းရပါသည္။








Unicode Version…
လျှပ်စစ်သီးသန့် အသုံးပြုနိုင်မည့် Hyper car ကို Pagani ဖန်တီး
ကမ္ဘာကျော် Pagani သည် ၎င်း၏ Huayra အား 2024 တွင် Electric Hyper car အနေဖြင့် ထုတ်လုပ်ရန် အစီအစဉ်ရှိနေသည်။ ကုမ္ပဏီတည်ထောင်သူ Horacio Pagani မှ 2024 တွင် အပြည့်အဝ လျှပ်စစစ်ကားထုတ်လုပ်ရန် အနာဂတ်အစီအမံအနေဖြင့် ချမှတ်ထားသည် ဟုပြောကြား လိုက်သည်။ Pagani Electric Hyper car ထုတ်လုပ်မှုအတွက် ဝယ်လိုအားသည် အဓိက အရေးကြီး သည့် အချက်ဖြစ်ပြီး ယခုအချိန်တွင် Pagani ဝယ်သူများမှ လျှပ်စစ်ကားထုတ်လုပ် ခြင်းအပေါ်များ စွာစိတ်ဝင်စားမှုမရှိကြသေးပေ။ ထိုအချက်သည် အရေးကြီးသည့်အတွက် 2024 တွင် Huayro Electric Model အား ထုတ်လုပ်ပါက အရည်အတွက်အနည်းငယ်ဖြင့် စတင်နိုင်ဖွယ်ရှိသည်။ လက်ရှိ အသုံးပြုနေသည့် V12 Pagani Engine များကိုလည်း ဆက်လက်ထုတ်လုပ်မည်ဖြစ်ပြီး Huayra ၏ အောင်မြင်မှုကို ( 2021 ) အထိဆက်လက်ထိန်းသိမ်းရန် Pagani မှ ဆန္ဒရှိသည်။ Pagani တွင် လျှပ်စစ်မော်တာနှင့် အခြားအစိတ်အပိုင်းများအတွက် Partner မရှိသည့်အတွက် အခြေခံမှစ၍ အားလုံးကို ၎င်း၏စက်ရုံမှ ဖန်တီးမည်ဖြစ်သည်။ သို့သော် AMG မှ V12 Engine နည်းပညာအား ထောက်ပံ့ပေးမည်ဖြစ်သည်။ အခြားစိန်ခေါ်မှုတရပ်မှာလျှပ်စစ်ကားအတွက် အလေးချိန်ဖြစ်ပြီး သမားရိုးကျ ပေါ့ပါးသည့်ဘထ္တရီများအစား ကြီးမားသည့် Battery Pack များကို အသုံးပြုမည်ဖြစ်၍ ကား၏အလေးချိန်သည့် ပေါ့ပါးမည် မဟုတ်သော်လည်း AMG V12 အင်ဂျင်နှင့် ပေါင်းစပ်သည့် အတွက် လျှပ်စစ်ကားများတွင် ရှားပါးမည်ဖြစ်သည်။ အဆိုပါ Full Electric အား 2020 ဝန်းကျင်တွင် ယခုထက်ပို၍ အသေးစိတ်ဖော်ပြမည်ဟု ခန့်မှန်းရပါသည်။